Soe Htike Kyaw

မြန်မာနိုင်ငံထဲ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ဖြန့်ချိဖို့ စီစဉ်နေ

သူဌေးကြီး အီလွန်မတ်စ်ပိုင် Starlink ဂြိုလ်တုအခြေပြု အင်တာနက်ဝန်ဆောင်မှုဟာ လာမယ့်နှစ်ကစပြီး မြန်မာအပါအဝင် အရှေ့တောင်အာရှဈေးကွက်ထဲ ဝင်ရောက်ဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။ SpaceX အာကာသကုမ္ပဏီရဲ့ Starlink ဂြိုလ်တုအင်တာနက်ဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကပဲ ဖိလစ်ပိုင်နိုင်ငံ တယ်လီကွန်းဆက်သွယ်ရေးဆိုင်ရာ အဖွဲ့အစည်းရဲ့ ခွင့်ပြုချရထားတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကို ပထမဆုံး ရယူနိုင်တဲ့ နိုင်ငံဖြစ်လာတော့မှာပါ။ ကုမ္ပဏီအနေနဲ့ Starlink ဝန်ဆောင်မှုကို အရှေ့တောင်အာရှဈေးကွက်နေရာတွေမှာ တိုးချဲ့ ဖြန့်ကြက်ဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။  Nikkei Asia က ရတဲ့ သတင်းတစ်ခုအရ ဒီအမေရိကန်ကုမ္ပဏီဟာ ၂၀၂၃ ဝန်းကျင်လောက်မှာ အင်ဒိုနီးရှား ၊ မလေးရှား ၊ ဗီယက်နမ်နဲ့ မြန်မာတို့မှာ ဝန်ဆောင်မှု ဖြန့်ကြက်သွားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ …

မြန်မာနိုင်ငံထဲ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ဖြန့်ချိဖို့ စီစဉ်နေ Read More »

တစ်နာရီလုပ်ခ ၂ ဒေါ်လာတိုးပေးပြီး ဝန်ထမ်းတွေကို ချွေးသိပ်လိုက်တဲ့ Apple

အလုပ်သမားသမဂ္ဂဖွဲ့ပြီး လုပ်ခတိုးပေးရေး တောင်းဆိုဖို့ ပြင်နေတဲ့ ဝန်ထမ်းတွေကို Apple ကုမ္ပဏီဟာ အနည်းဆုံးလုပ်ခ တိုးပေးလိုက်ပါတယ်။ အရင်က အနည်းဆုံးလုပ်ခ တစ်နာရီ ဒေါ်လာ ၂၀ နှုန်းထားကနေ အခု တစ်နာရီ ၂၂ ဒေါ်လာကို တိုးပေးလိုက်တာ ဖြစ်တယ်လို့ Apple Zက ဝန်ထမ်းတွေကို အသိပေးလိုက်ပါတယ်။ တချို့ဈေးကွက်တွေမှာတော့ နာရီလိုက် လုပ်ခလစာ ပိုရမယ်လို့လည်း ဆိုပါတယ်။ အခုလို လုပ်ခတိုးပေးလာတာဟာ ငွေကြေးဖောင်းပွမှု ၊ အလုပ်သမားဈေးကွက် လိုအပ်ချက် နဲ့ လတ်တလော ကြုံလာနေတဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းရေးကြိုးပမ်းချက်တွေကို ကိုင်တွယ်ဖို့ လုပ်ဆောင်လာတာပါ။ အခုလို အခြေခံလုပ်ခတိုးပေးခြင်းဟာ ၂၀၁၈ ခုနှစ်တုန်းကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၄၅% တိုးလာတာလို့ ဆိုပါတယ်။ နာရီလိုက်လုပ်ခတိုးပေးတဲ့ အပြောင်းအလဲက နာရီနဲ့ လုပ်ရတဲ့ လက်လီဝန်ထမ်းတွေပေါ် …

တစ်နာရီလုပ်ခ ၂ ဒေါ်လာတိုးပေးပြီး ဝန်ထမ်းတွေကို ချွေးသိပ်လိုက်တဲ့ Apple Read More »