October 2022

YwatKyaPinPout

ခြေဖမိုးရောင်ရမ်းခြင်းနှင့် ရွက်ကျပင်ပေါက်

ခြေဖမိုးရောင်ရမ်းခြင်းနှင့် ရွက်ကျပင်ပေါက် ရွက်ကျပင်ပေါက်အရွက်ကို ၊မီးကင်ပြီး ရောင်နေသောခြေဖမိုးပေါ် နှမ်းဆီပါးပါးသုတ်၍ အရွက်ခပ်နွေးနွေး အနေအထားမှာ ကပ်ပေးပါ။ပထမတစ်ရက်နှှင့်ပင်ပျောက်သလောက်ရှိ၍ငါးရက်ခန့်ကပ်ပေးပါက လုံးဝသက်သာပျောက်ကင်းပါသည်။ ရွက်ကျပင်ပေါက်၏ စွမ်းအင် – မြန်မာ့ဆေးကျမ်းများအလိုအရ ၎င်းဆေးပင်သည် အနာများကိုစင် ကြယ်အောင်သုတ်သင်တတ်၏။ အသားနုတက်စေတတ်၏။သွေးများကိုချုပ်စေ၏။ သွေးကြောငယ်များတွင် များစွာ အကျိုးပြု ၏။သွေးကြောငယ်များကို တွန့်ခြင်း၊ရှူံ့ခြင်းဖြစ်စေတတ်သဖြင့် အရေပြားမှ လည်းကောင်း၊ဝမ်းသွားရာမှ လည်းကောင်း၊မြင်းသရိုက်ရောဂါမှလည်းကောင်း၊နှာခေါင်း၊ပါးစပ်၊ခံတွင်းမှလည်း ကောင်း ယိုကျသောသွေးများကို လျှင်မြန်စွာ ချုပ်တည်းစေနိုင်၏။ ရွက်ကျပင်ပေါက်ဖြင့် ကုသနိုင်သောရောဂါများအနက် ယိုစီးကျသောသွေးများကိုရပ်တန့်စေရာတွင် နတ်ဆေးသဖွယ်စွမ်း၏။ ထိခိုက်ရှနာ၊နှင့်သွေးစိမ်းထွက်သောအနာများကို ရွက်ကျပင် ပေါက် မီးကင်၍ကပ်ပေးပါက၊ သွေးများရပ်စဲ၍အနာကျက်လွယ်၏။ထိခိုက်ရောင်ရမ်းသောဒဏ်ရာများကို မီးကင်၍ကပ်ပေးပါက ရောင်ရမ်းခြင်းကျဆင်း၌ ဒဏ်ရာများသက်သာပျောက် ကင်း ၏။မီးလောင်နာ၊ အဆစ်လွှဲ အကြောထုံးခြင်းများအတွက်၊ အရွက်ကြိတ်ရည် လိမ်းပေးပါက သက်သာပျောက်ကင်း၏။ သွေးကျ၍ ခြေဖမိုးရောင်သူများ၊ ဖောရောင်နေသောနေရာကို အရွက်မီးကင်၍ကပ်ပေးပါက အဖောအရောင်ကျ၏။ Credit-(မြန်မာ့ဆေးဖက်ဝင်အပင်များ)

PhoneMaTheinPin

လေးဘက်နာပျောက်တဲ့ ဖုန်းမသိမ်ပင်

လေးဘက်နာပျောက်တဲ့ ဖုန်းမသိမ်ပင် ပုံပါ ဖုန်းမသိမ်အပင်ရဲ့အရွက်ကို ပြုတ်ပြီး ရေချိုးသလို ချိုးပေးယုံပါဘဲ။ ထိုအရွက်ပြုတ်ရေနဲ့ချိုး လျှင် ဆပ်ပြာ လုံးဝ မ တိုက်ရပါ။ ချိုးနေရင်းနဲ့ မိနစ်အနည်းငယ် ကြာလာလျင် လည်ချောင်းမှ နာလာသလို ခံစားရပြီး ပါးစပ်ကနေ အခါးဓာတ်များ ထွက်လာပါတယ်။ အဲဒီလို တပတ်လောက် တနေ့တစ်ကြိမ် ပြုတ်ပြီးချိုးပေးယုံဖြင့် လေးဘက်နာ ရောဂါကို ဧကန်သက်သာကြောင်း ဆေးပင်နှင့်အတူ မျှဝေလိုက်ပါတယ်။အပင်ရဲ့ အမည်ကတော့ ဖုန်းမသေပင် ဖုန်းမသေရွက်ဟု ခေါ်ဆိုပါတယ်။ ဒေသအလိုက် အခေါ်ဝေါ် ကွဲလွဲနိုင်ပါတယ်။ Credit – မူရင်း