မီးဖွင့်ပြီး အိပ်စက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်
ယနေ့အခါတွင် လျှပ်စစ်များအလွယ်တကူရလာပြီဖြစ်သဖြင့် အိမ်တိုင်းလိုလိုတွင်မီးများကိုနေ့ရောညပါထွန်းနေကြပါပြီ။အိပ်သည့် အခါတွင်လည်း မီးကို မပိတ်တော့ပဲ တစ်ညလုံးထွန်းထားတတ်ကြပါတယ်။ တချို့သူတွေဆိုရင်မီးပိတ်ပြီးတောင်မအိပ်တတ်တော့ပဲ မီးဖွင့်ပြီးအိပ်မှအိပ်ပျော်တဲ့အကျင့်ရှိတဲ့အထိဖြစ်ကုန်ပါပြီ။ မီးဖွင့်ပြီးအိပ်ခြင်းဟာ ကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်ကိုထိခိုက်စေကြောင်းဆေးတေသနတစ်ခုကစမ်းသပ်တွေ့ရှိခဲ့ပါတယ်။မီးဆိုတဲ့နေရာမှာညအိပ်မီးကို ပြောခြင်းမဟုတ်ပဲ ပုံမှန်လျှပ်စစ်မီးသီး ၊ မီးချောင်းများကိုဆိုလိုခြင်းဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံ လိုင်ဒန်ဆေးတက္ကသိုလ်မှာစမ်းသပ်ခဲ့တာဖြစ်ပြီး ကြွက်များကို စမ်းသပ်ခဲ့ခြင်းဖြစ်ပါတယ်။ မီးအလင်းရောင်အောက်မှာ လပေါင်းများစွာအထားခံရတဲ့ကြွက်တွေဟာအားနည်းလာပြီး ကျန်းမာရေး ဆိုးရွားလာကြောင်းတွေ့ရှိရပါတယ်။လျှပ်စစ်မီးတွေဟာ ကျွန်တော်တို့ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်ပါတယ်။ တချို့ရုံးတွေမှာအလုပ်လုပ်စဉ်လျှပ်စစ်မီးနဲ့လုပ် ၊ အိမ်ရောက်တော့လည်း လျှပ်စစ်မီးနဲ့ နေ တတ်ကြပါတယ်။ ပြင်ပအလင်းရောင်နဲ့ပုံမှန် ထိတွေ့မှုမရှိတဲ့ အဲဒီလိုလူတွေဟာ အချိန်ကြာလာတာနဲ့ အမျှ မအီမသာဖြစ်လာတတ်ပါတယ်။ မီးအလင်းရောင်အောက်မှာပဲအမြဲနေရတဲ့ အတွက် စိတ်မကြည်လင်ပဲထိုင်းမှိုင်းလာခြင်း ၊ ရောဂါများအလွယ်တကူဖြစ်တတ်သည်အထိကိုယ်ခံအားကျဆင်းခြင်းများကိုဖြစ်လာစေ ပါတယ်။ “သဘာဝတရားရဲ့ အလင်းအမှောင် ပြောင်းလဲမှုနဲ့ သက်ရှိသတ္တဝါတွေရဲ့ ကျန်းမာရေးဟာ ဆက်စပ်နေပါတယ်” လို့သုတေသန ပညာရှင် ဂျိုဟန်နာ မိုင်ဂျာ က ဆိုပါတယ်။ …
မီးဖွင့်ပြီး အိပ်စက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင် Read More »