NgweNganOo

၉ နှစ်လောက်နာနေတဲ့ခါး ငွေပန်းဥ နဲ့တွေ့မှပဲ သက်သာတော့တယ်

၉ နှစ်လောက်နာနေတဲ့ခါး ငွေပန်းဥ နဲ့တွေ့မှပဲ သက်သာတော့တယ်

ငွေပန်းဥရဲ့ဆေးအစွမ်းနဲ့( ၉ )နှစ်တာကာလခါးနာ ရောဂါခံစားနေရသူ-ချင်းမနှင့်-ကျွနှ်ပ်၏အတွေ့အကြုံလွန်ခဲ့တဲ့နှစ် ၂၃ နှစ်လောက်ပေါ့ ကျွန်တော်ကဦးဇင်းဘဝပေါ့ဗျာဖြစ်စဉ်ကဒီလိုဗျဘုရားရွှေစက်တော်အနောက်ဖက် ငဖဲမြို့ဆိုတာရှိပါတယ်။ ငဖဲမြို့ရဲ့မြောက်ဖက်မှာပါရမီတောင်ဆိုတာရှိပါတယ်အဲ့တောင်မှာနေထိုင်ဖို့ငဖဲမဝတကကျွန်တော်ကိုပင့်တယ်ဗျအဲ့ဒါနဲ့ကျွန်တော်လဲအဲ့တောင်မှာနေဖြစ်သွားပါတယ်။အဲ့တောင်မှာနေရင်းမကျန်းမာသူတွေ လူနာတွေကို ၅နှစ်တိတိဆေးကု့ပြီးကယ်ခဲ့ပါတယ်ဒါနဲ့ပဲဗျာတနေ့ကျတော့ငဖဲမြို့ရဲ့မြောက်ဖက်မှာပေကုန်းရွာဆိုတာရှိတယ်ဗျ အဲ့ပေကုန်းရွာက ချင်းမက တနေ့ရောက်လာပါရောဗျာ နွားလှည်းကြီးနဲ့ပေါ့ဗျာ ဒါနဲ့ပဲတောင်ပေါ်ကိုရောက်တော့ လူနာကလဲများနေတယ်။
တနေ့ကိုလူပေါင်း၆၀ လောက်အနည်းဆုံးကု့ပေးနေရတယ်ဗျ သူလဲတုန်ကင်ယူပြီးစောင့်ပေါ့ဟောသူအလှည့်လဲရောက်လာရောလာပါလေရောဗျာ ခါးကြီးကကုန်းလို့တောင်ဝှေးကြီးနဲ့ဗျ အဲ့တာနဲ့ကဲဒကာမကြီး ဘာဖြစ်တာလဲဆိုတော့အရှင်ဘုရားတဲ့တပည့်တော်မခါးကနာနေလို့ကု့မလို့ပါဘုရားတဲ့အော် ဘယ်လောက်ကြာပြီလဲဒကာမကြီးဆိုတော့၉ နှစ်ရှိပါပြီဘုရားတဲ့သူကဘာပြောသေးတယ်မှတ်လဲတပည့်တော်မရဲ့ခါးကဘယ်ပျောက်မလဲဘုရားတဲ့ဘာလို့မပျောက်တာလဲဒကာမကြီးဆိုတော့ တပည့်တော်မကိုလူပြု့စားထားတာပါဘုရားတဲ့။
ဗုဒ္ဓေါဒကာမကြီးကဘယ်လိုသိလဲဆိုတော့အမလေးဘုရားတဲ့ဘယ်မှာဗေဒင်ပဲတွက်တွက်အဲ့တာပဲပေါ်ပါတယ်ဘုရား။ ဟူးးးးး ခက်ရောပေါ့ ဒါနဲ့ပဲကျုပ်ကလဲဘယ်ရမလဲ ကဲတာဆိုလာခြေဆင်းစမ်းဆိုပြီး ပယောဂစစ်တာပေါ့ဗျာ ပယောဂကတော့မသိဘူး ကျုပ်ကတော့ ဖတ်ဖတ်ကိုမောရော ဘာပယောဂမှမတွေ့ရ ကဲတာနဲ့ပဲကျုပ်က ဒကာမကြီး ခင်ဗျာမှာဘာကောင် မှနှောက်ယှက်ထားတာမရှိဘူးဆိုတော့ ဘာပြောတယ်မှတ်လဲချင်းမကအောင်မလေးအရှင်ဘုရားကျကာမှပဲပြု့စားထားတာမရှိဘူးပြောတယ် ကြိုက်တဲ့ဆရာကိုမေး ပြု့စားတယ်ပဲပြောတယ် အသလွတ်ကြီးရန်တွေ့ပါရော့လားကျုပ်ကို။

ဒါနဲ့ပဲ ကျုပ်က ကဲကဲဒကာမကြီးရောဂါသက်သာရင်ပြီး ရောမဟုတ်ဖူးလားဆိုတော့မှ အင်းးးးးတဲ့ခက်တော့အခက်သားကိုဗျ တာနဲ့ပဲကျုပ်ကလဲ မကွေးဆေးရုံကလဲပြန်လာပါပြီဘုရား ဆရာတွေလဲစုံနေပါပြီဘုရားတဲ့ငဖဲမြို့ထဲကဗမာဆရာဦးအောင်ဖေနဲ့လဲကု့ပြီးပြီ နောက်ဆုံးတော့အနှိုပ်သယ်ကိုတည ၅၀၀ ပေးပြီးနှိပ်မှ ညအိပ်နိုင်တယ်ဘုရားအဲ့လိုမနှိပ်တဲ့ညကတော့ တပည့်တော်ဟာ ငရဲခံရတာထက်ဆိုးပါတယ်ဘုရား ကောင်းအောင်တော့ကု့ပေးပါတဲ့။ ဒါနဲ့ပဲဗျာ ကျုပ်မှာရှိတဲ့ငွေပန်းဥအမုန့်လေး နည်းနည်းပေးပြီး ကဲဒကာမကြီး ခု့ည ဒီအမှုန့်နဲ့ကြက်သွန်ဖြူလေးနဲ့ ဟင်းခါးကျိုသောက်ဗျာခုညအနှိပ်လွတ်တယ်မလွတ်ဖူးမနက်ဖြန်အကြောင်းပြန်ဗျာ ဆိုပြီးပြန်ခိုင်းလိုက်တယ်ဗျာ ။ဒါနဲ့ပဲဆေး ခန်းပိတ်လို့မိုးချုပ်ပြီး အိပ်ယာဝင်တော့ မအိပ်နိုင်ဘူးဗျ ဘာလို့ဆိုသူရောဂါကိုစဉ်းစားနေတာဗျ။
ကျုပ်ကလဲ အဲ့တုန်းကအသက်က ၂၀ ပဲရှိသေးတာဗျ ဘာကြောင့်ဒီလိုဖြစ်တာလဲ ဆရာတွေလဲစုံနေပြီမပျောက် စဉ်းစားတာအဖြေကမထွက် မနက် ၄ နာရီအုန်းမောင်းတီးလောက်မှသွားသတိကရတယ်ဗျ ။အော် ငါ့အဘကပြောဘူးတာပဲ တခြားဟုတ်ဖူး လေမျိ ုး ၈၀ ထဲက အရိုးနဲ့ခြင်ဆီသွေးကြောကိုသွားတဲ့လေ အဲ့လေနာမည်က အင်္ဂမင်္ဂလေတဲ့ဗျ အဲ့လေကနည်းနေတော့ အရိုးနဲ့ခါး အာရုံကြောတွေကို မရောက်ဖြစ်နေတာ အဲ့တော့ခါးက လေမရဘူးလေမရတော့ နာပြီပေါ့။
၉ နှစ်ခံစမ်းပဲဗျာ ဆီးစစ်လိုက်တော့လဲ ဆီးက ဖြူ တယ် အကြိမ်ကနည်းတယ် ဆီးကများတယ် အဲ့တော့ရှင်းနေတာပဲဗျာ ဆီးဖြူ တာကသီတဆိုတဲ့အအေးများနေတာဗျဆီးအကြိမ်နည်းတာကနောက်က လေအားကမရှိလို့ပဲဆီးတခါသွားရင်များနေတာကအာပေါဓါတ်လွန်လို့ပဲဗျ။

ကဲစကားကောင်းနေလိုက်တာ ဒါနဲ့ပဲဗျာမိုးလင်းတော့ ရောက်လာပါရော။ ကဲဒကာမကြီး ညကအနှိပ်လွတ်လားဗျဆိုတော့ ညကအနှိပ်လွတ်ပါတယ် ဘုရားတဲ့။ ဟာကျုပ်ကလဲအပိုင်ဆိုပြီး ကြိမ်းသေပြီကွာအင်္ဂမင်္ဂလေအားနည်းနေတာဆိုပြီးကဲဒကာမကြီးခင်ဗျာရောဂါပျောက်ပြီဗျာဆိုတော့ သူကအရှင်ဘုရားတဲ့ တပည့်တော်မ ပျောက်ရင် ဘာလှူရမလဲ ဘုရားတဲ့။ အင်းကျုပ်ကဦးဇင်းဆိုတော့ ဘာလိုမှာလဲဗျာ ဒီပါရမီတောင်ကိုဖေါက်ပြီး ဂူတည်ပြီးအထဲမှာလျှောင်းတော်မှူ ဘုရားတည်ချင်တယ်ဆိုတော့ စိတ်ချဘုရားတဲ့ဒါနဲ့ပဲဒီငွေပန်းဥဆေးကိုသောက်လာတာတပါတ်ပြည့်တော့ ခါးဆန့်သွားပြီဗျာ။တခါဆက်သောက်တာ ၉ ရက်မြောက်တော့ ယာထဲဆင်းအလုပ်လုပ်နေပြီတဲ့ဗုဒ္ဓေါကိုယ်တောင်လန့်သွားတယ်အဲ့တာနဲ့ပဲ အဲ့နားက သရက်ပင်ရွာ အိုးမြေတွင်းရွာ ချင်းစုရွာ ဒကာမကြီးနဲ့ တောင်ကိုဖေါက်ပြီး လျှောင်တော်မှူ ဘုရားတည်ခဲ့ပါတယ် ။ဒီငွေပန်းဥဟာအရိုးနဲ့ခြင်ဆီကိုအားဖြစ်စေတယ်အကိုက်ကိုပျောက်စေတယ် နို့ကိုထွက် စေတယ် ၊သွေးအားကိုဖြစ်စေတယ် ၊ခါးဒူး အရွတ်တွေကိုအားဖြစ်စေတယ် ၊ကျီးပေါင်းကိုသက်သာစေတယ် ၊ငွေပန်းဥကို ကြက်သွန်ဖြူ နဲ့ ဟင်းခါးကျိ ုသောက် ငပိရေနဲ့ တို့စား မြုတ်စား အစာလဲကျေပါ့။
အရသာက နည်းနည်းပူ၊ ချို၊ ဆိမ့်၊ နည်းနည်းစပ် အားလုံးပဲဗဟုသုတရကြပါစေ။

မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *