တင်းတိပ်တွေဟာ မှဲ့လို မထူဘဲ ပါးလွှာပြီး အရွယ် အစား ပုံသဏ္ဍာန်မျိုးစုံဖြင့် မျက်နှာပေါ်မှာ ပေါက်လေ့ရှိပါတယ်။ အရောင်အားဖြင့် အညိုရောင် ဖြစ်ကြပါတယ်။ တင်းတိပ်ပေါက်ခြင်းဟာ အရေပြားဆိုင်ရာ ပျက်စီးမှုတစ်ခုပဲ ဖြစ်ပါတယ်။ တင်းတိပ်ပေါက်ရတဲ့ အကြောင်းအရင်းတွေကတော့ နေပူထဲအထွက်များခြင်း ၊ ဟော်မုန်းမညီမျှခြင်း နှင့် မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်ပါတယ်။ တင်းတိပ်ဟာ မျက်နှာတင်မက နေအထိများသော ခန္ဓာကိုယ်အစိတ်အပိုင်းများတွင်လည်း ပေါက် ရောက်တတ်ပါတယ်။ ဒီလို တင်းတိပ် ၊ မှဲ့ခြောက်တွေကို လျော့ပါးသက် သာစေမယ့် အိမ်တွင်း နည်းလမ်းကောင်းများကို ရှာဖွေပေးထားပါတယ်။
၁။ကြက်သွန်နီ
ကြက်သွန်နီကို ခပ်ပါးပါးလှီးပြီး တင်းတိပ်များပေါ် ပွတ် ပေးပါ ။ ပွတ်ပြီး ၁၀ မိနစ် ၊ ၁၅ မိနစ်ခန့်ကြာလျှင် ရေဖြင့် စင်ကြယ်စွာ ဆေးကြောပါ။ တစ်နေ့ ၂ကြိမ် ဖြင့် လျော့ပါးသွားသည်အထိ ပြုလုပ် နိုင်ပါသည်။ ကြက်သွန်နီကို အရည်ညှစ်ပြီးတော့လည်း ထိုနည်း အတိုင်း ပွတ်ပေးကာ အသုံးပြုနိုင်ပါသည်။
၂။သံပုယိုရည်
သံပုယိုရည်ကို တင်းတိပ်ရှိရာပေါ်သို့ ပွတ်ပေးကာ ခပ်ဖွဖွ နှိပ်နယ်ပေးပါ။ ၁၅ မိနစ်ခန့်ထားပြီးလျှင် ရေနွေးနွေးဖြင့်ဆေး ကြောပါ။ တစ်နေ့ ၂ကြိမ် ပြုလုပ်ပေးပါ။ နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ scrub လုပ် တဲ့ နည်းလမ်းပါ။ သံပုယိုသီး တစ်ခြမ်းကို အရည်ညှစ်ပြီး သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲခန့်ရောကာ တင်းတိပ်ရှိရာ အရေပြားပေါ်သို့ ညှင်သာစွာ ပွတ်ပေးပါ။ မိနစ်အနည်းငယ်ခန့် ကြာသွားလျှင် ရေဖြင့် ဆေးကြောပေးလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပါတ်လျှင် ၁ကြိမ် (သို့) ၂ကြိမ် ပြုလုပ်ပေးရမှာပါ။
၃။ကြက်ဆူဆီ
ကြက်ဆူဆီက တင်းတိပ်သက်သာစေဖို့အတွက်လည်း အသုံးဝင်ပါသေးတယ်။ ညဘက်အိပ်ရာဝင်ခါနီးတိုင်း ကြက်ဆူဆီကို လိမ်းအိပ်ပါ။ မနက်ခင်း တစ်သျှူးဖြင့် မျက်နှာပေါ်က ဆီတွေကို အရင် ဖယ်ရှားလိုက်ပြီး ရေနွေးနွေးဖြင့် မျက်နှာသစ်လိုက်ပါ။ ဒီနည်းကို နေ့စဉ်ပြုလုပ်ခြင်းဖြင့် သိသိသာသာကို လျော့ပါးသက်သာလာတာ မြင်တွေ့ရမှာပါ။
၄။ခရမ်းသီး
ဒီနည်းလမ်းကတော့ လူသိနည်းမယ့် နည်းလမ်းထင်ပါတယ်။ စာရေးသူကိုယ်တိုင်လည်း မမြင်ဖူး ၊ မလုပ်ဖူးတဲ့ နည်းလမ်းပါ။ခရမ်သီးမှာ antioxidants ပေါကြွယ်ဝပြီး တင်းတိပ်တွေကို ဖယ်ရှားပေးနိုင်တယ်လို့ ဆိုပါတယ်။ ခရမ်းသီးကို ခပ်ပါးပါးလှီးပြီး တင်းတိပ်ရှိရာပေါ်သို့ တင်ကာ စက်ဝိုင်းလည်ပတ်ပုံအတိုင်း ညှင်သာစွာ ပွတ် ပေးပါ။ ပြီးနောက် ၁၅ မိနစ်ခန့်ထားပြီး ရေဖြင့် ဆေးကြောလိုက်ပါ။ နေ့စဉ် ပုံမှန်ပြုလုပ်မယ်ဆို တစ်ပါတ်အတွင်းမှာကို သိသာထင်ရှားတဲ့ ရလဒ် မြင်တွေ့ရမှာပါ။ ရက်သတ္တပါတ် အနည်းငယ်ကြာပြီးတဲ့အခါမှာတော့ တင်းတိပ်များ ကင်းပျောက်သလောက်နီးပါးကို ဖြစ် သွားတာ မြင်ရမှာပါ။
Credit