WannChote

၀မ်းချုပ်၍လေမသက်ခြင်း အနေခက်သူများအတွက် ဆေးနည်းစုံ

၀မ်းချုပ်၍လေမသက်ခြင်း အနေခက်သူများအတွက် ဆေးနည်းစုံ

လေထိုးလျှင် အနေဆိုး၍၊ လေမသက်၍ အနေခက်သည့်အကြောင်း ကြားဖူးကြပါလိမ့်မယ်။ သို့မဟုတ် သင်ကိုယ်တိုင်လည်း ခံစားနေရပါလိမ့်မယ်။ မှန်ပါတယ်။ ဓာတ်ကြီးလေးပါး၌ လေဟာ တစ်ပါးအပါ အ၀င်ဖြစ်ပြီး၊ လေဖြင့် သွေးသားတို လှည့်ပတ်နေရ ပါတယ်။
ထိုလေသည်ပင် လူကို အကျိုးပြုသကဲ့သို့ ဒုက္ခလည်းပေးတတ်ပြန်ပါတယ်။ ပျမ်းမျှ လူ ၁၀ ဦးမှာ ၇ ဦးခန့်က စား သောက်မှုပုံစံမှားယွင်ခြင်းကြောင့်(သို့)မိမိနဲ့မတည့်သောအစားအစာကို စားမိခြင်းကြောင့် ယာယီအားဖြင့် လေထိုး၊ လေ အောင့်၊ လေမသက်ခြင်းကို ခံစားကြရပါတယ်။ တချို့ကတော့ လေဖျင်း၊ လေလုံး အပါအ၀င် ၀ဋ်နာကံနာ ဆိုသလို လေနာရောဂါ ကို နာတာရှည်ခံစားကြရပါတယ်။ လေမသက်၍ အနေခက်နေသူများအတွက် လွယ်ကူမြန်ဆန်သော မြန်မာ့ရိုးရာ ဆေးမြီးတို လေးများကို အောက်ပါအတိုင်း
ဖော်ပြလိုက်ရပါတယ်။

(၁) လေချုပ် ၀မ်းချုပ်ခြင်းအတွက် သက်ရင်းကြီးရွက် နုနုလေးတွေကိုရေစင်စင်ဆေးပြီး ပြုတ်ပါ။ ကြက်သွန်နီ နဲ့သုပ်စားပါ။ လေ ထိုးလေအောင့်ခြင်းအတွက်ကိုတော့ သက်ရင်းကြီးရွက် လတ်လတ်ဆတ်ဆတ်ကို အစိမ်းလိုက်ဝါးစားပေးပါ။
(၂) ဆားကြမ်းကို ကြက်သွန်ဖြူနဲ့ ကျွမ်းကျပ်အောင် လှော်စားပါ။ နှစ်ခုစလုံးကို တပြိုင်တည်း ရောလှော်ပေးရမှာပါ(အိုင်အိုဒင်း ဆား မဟုတ်ပါ) ဤနည်းက လေပူ၊ လေပုတ်များ သက်ဆင်းပြီး အနေခက်ခြင်းမှ သက်သာစေပါလိမ့်မယ်။
(နောက်တနည်း) ကြက်သွန်ဖြူကို နှမ်းဆီတွင် စိမ်၍ ဆားအနည်းငယ် ထည့်ပြီး ထမင်းမစားမီ စားပါက လေရောဂါပျောကပါတယ်။

(၃) ထမင်းစားတိုင်း ကြက်သွန်ဖြူထဲ့စားပေးခြင်းဖြင့် လေလည်၍ ၀မ်းမှန်စေပါတယ်။
(၄) တမာရွက်ကို မီးဖုတ်(မီးအုံး) ၍ တို့စားပေးခြင်းဖြင့် လေထိုး၊လေအောင့်ရောဂါများကို သက်သာသွားစေနိုင်ပါတယ်။
(၅) သင်္ဘောဖိုရွက်ကို အရည်ရအောင်ညှစ်ပါ။ ၄င်း သင်္ဘောရွက်သတ္တုရည်ထမင်းစားဇွန်း တစ်ဇွန်းကိုပျားရည် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့သမအောင်ရောမွှေပြီး သောက်ပေးခြင်းဖြင့် လေထိုးလေအောင့်ကိုသက်သာပျောက်ကင်းသွားနိုင်ပါတယ်။
(၆) လေပူထခြင်း၊ လေအန်ခြင်းများအတွက်ကိုတော့ စူလာနဖာပင် အမြစ်ပါမကျန် တပင်လုံး လက်တစ်ဆုပ်စာကို အမည်းရောင် ထန်းလျက် အမဲ ၅ ခဲနဲ့ ရေ ၃ ခွက် တစ်ခွက်တင်ကြို၍ ခပ်နွေးနွေးသောက်ပါ။
(၇) လေပွ(ဗိုက်ပွ) ခြင်းအတွက်ကိုတော့ ကင်ပွန်းချဉ်ရွက် အနုတွေကိုချေ၍ရေအေးဖြင့် စိမ်သောက်ပါ(ရေခဲရေ မဟုတ်ပါ) ဒါ့ပြင် ကင်ပွန်းချဉ်ရွက်အနုအရင့်တွေကိုကြိတ်၍ ခပ်နွေးနွေးအပူပေးပြီး အောင့်နေတဲ့ကျောတွေကိုကျပ်စည်းပေးပါ (ဝါ) ကျပ် ထုပ် ထိုးပေးပါ။ ၀မ်းပျော့ပျော့သွားပါလိမ့်မယ်မကြောက်ပါနှင့်။
(၈) ပူစီနံရွက်၊ မြင်းခွာရွက်၊ လက်ဖက်မြစ် (သို့) လက်ဖက်စိုသုံးမျိုးတို့ကို ဆတူရော၍ ဆားအနည်းငယ်ထည့်ပြီး ရှောက်ရည် နှင့်တေပြီးစားခြင်းဖြင့် လေကြောင့်ဖြစ်တတ်သော ၀မ်းဗိုက်နာခြင်းများကိုသက်သာပျောက်ကင်းစေပါတယ်။
(၉) လေမသက်၍ အနေခက်ခြင်းအတွက် မြင်းခွာပင် ပဉ္စငါးပါးစလုံးကိုလက်သုပ်လုပ်၍ စားပေးခြင်း၊ တို့မြှုပ်စားပေးခြင်း၊ ဟင်းခါးချက်၍စားသောက်ပေးခြင်းဖြင့် လေချုပ်ခြင်းကို ကုသပေးနိုင်ပါတယ်။ (နောက်တနည်း)အညာမြင်းခွာ(ခါးသက်သက် အရသာရှိ၍ အဆစ်တစ်ဆစ်မှ အရွက်တစ်ရွက်သာထွက်သော မြင်းခွာ) ကို နေ့စဉ် စားပေးပါ။
(၁၀) ဆိပ်ဖူးပင်ပေါက်ကလေးများကို ကြက်သွန်ဖြူ၊ ငပိရည်တို့နှင့် အတိုအမြှုပ်စားပေးခြင်းဖြင့် အစာမကြေ၍ အနေခက်စေ သော လေပုန်းများ တဟူးဟူး၊ တဖြူးဖြူး သက်ဆင်းသွားပါလိမ့်မယ်။
(၁၁) လေလုံးစွဲရောဂါများအတွက်ကိုတော့ ရှိန်းခို ကို လက်သည်းခွံပမဏ ခန့်လုံး၍ အာခံတွင်း၌ထားပြီး အရည်ဖြစ်အောင် စောင့်ပါ။ အရည်ဖြစ်ရင် မျိုချပါ။ ဤသို့ နေ့စဉ်စားသုံးပေးခြင်းဖြင့် လေလုံးစွဲရောဂါမှသက်သာပျောက်ကင်းသွားပြီး ၀မ်းမှန် လေသက်စေ၍ ချွေးကလေးတစိုစိုထွက်ကာပေါ့ပါးသွားပါလိမ့်မယ်။
(၁၂) ရွက်ကျပင်ပေါက် သတ္တုရည်(အရွက်ကိုညှစ်၍ ရသောအရည်)ကို စတီးဇွန်း ၁-ဇွန်းထဲထဲ့၍ မီးနွေးနွေးဖြင့်ချက်ပါ။ ထို့ နောက်အအေးခံ၍ကလေး၏၀မ်းဗိုက်ကို လိမ်းပေးပါ က ၀မ်းချုပ်၊ လေထိုးလေအောင့် နှင့် လေဆန်နာရောဂါများကို သက်သာ ပျောက် ကင်းစေပါတယ်။ လူကြီးများ လေထိုး၊ လေအောင့်၊ လေနာရောဂါများအတွက်
ရွက်ကျပင်ပေါက် သတ္တုရည်ကို ရေနံ ဆီဖြင့် ရောစပ်၍ ၀မ်းဗိုက်ပေါ် လိမ်းပေး(သပ်ချပေး)ပါ။ သွေးဖျဉ်း၊ လေဖျဉ်းရောဂါများအတွက်ကိုတော့ ရွက်ကျပင်ပေါက် သတ္တုရည်ကို ရေနံဆီ၊ မုန်ညင်း ဆီတို့နှင့် ဆတူရောစပ်ပြီး ၀မ်းဗိုက်ပေါ်သို့ တစ်နေ့ ၂-ကြိမ် လိမ်းကျံပေးပါ။ (ပိုလျှံသော ဆေး ရည်ကို ပုလင်းထဲထဲ့သိမ်းထားနိုင် ပါတယ်၊လိမ်းခါနီးပုလင်းကို လှုပ်၍ လိမ်းပေးပါ)
(၁၃) လေပူထခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း စသည့်ရောဂါတို့အတွက် ကြာနီ ၀တ်ဆံ ကို စားပေးနိုင်ပါတယ်။ လေထိုး၍ နှလုံးဆို့အောင့်ခြင်းအတွက်ကိုတော့ကြာညို၀တ်ဆံကို စားပေးသင့်ပါတယ်။
(၁၄) အစာမကျေ၊ လေနာ၊ လေချုပ်၊ နှင့် ခန္ဓာကိုယ်ရှိ အဆိပ်များကို ဖယ်ရှားစေရန်အတွက် လိမ္မော်သီးကို မခွံမနွှာဘဲ လေးစိပ် ခွဲ၍အရက်နှင့်စိမ်ပြီး နည်းနည်းချင်း သောက်ပေးသင့်ပါတယ် (သို့)လိမ္မော်သီးကို ဆားဖြင့်တို့၍စားပါ။
(၁၅) မကြာခဏဆိုသလို လေပူထသည့်ရောဂါ နှင့် လေချဉ်တက်သော ဝေဒနာအတွက်ငရုတ်ကောင်း ၅ ကျပ်သား၊ ဆား ၃ ကျပ်သားတို့ကို အမှုန့်ပြုလုပ်၍ လေလုံသော ပုလင်းတွင် ထည့်ပါ၊ ထမင်းမစားမီ တစ်ကြိမ် ထမင်းစားပြီး တစ်ကြိမ် ဆေးတစ် မူးသား(၂ ပဲသား) ခန့်ကို ရေနွေးနှင့် နေ့စဉ် သောက်သုံးပေးခြင်းဖြင့် သက်သာ
ပျောက်ကင်းသွားစေနိုင်ပါတယ် (၄င်းဆေးကို သောက်သုံးနေစဉ် ကာလအတွင်း ချဉ်သော၊ ပူစပ်သော အစားအစာများကို လျော့စားရန် နှင့် အရက် လုံး၀မသောက်ဖို့အ ရေးကြီးပါတယ်)
(၁၆) ဆားကို မြေအိုးသေးသေးတွင်ထည့်ပြီး စလောင်းဖုံးကို ပက်လက်ဖုံး၍နန်းကြိုးနှင့်တုပ်ပါ။ ၄င်းမြေအိုးကို မီးဖိုတွင်မှောက်၍ ဖုတ်ပါ(ဆားထဲသို့ပြာများ မ၀င်စေရ) နေ့စဉ်ချက်ပြုတ်နေကျမီးဖိုမှာ ထည့်ဖုတ်စားပြီးတစ်ပတ်ခန့်ကြာမှ ဖော်၍ရသော ဆား တို့ကို ပြန်ထောင်းပါ။ ၄င်းဆားကို ပုလင်းထဲထည့်ထားပြီး ဆန်လွတ်နနွင်းစစ်စစ်ဖြင့် ရောသောက်ပါ။
(ဆားမန်ကျည်းစေ့ ခန့်နှင့် နနွင်းမန် ကျည်းစေ့ခန့်တို့ကို ရော၍နံက်အိပ်ယာထထချင်း ရေ နှင့် အဝသောက်ပေးပါ) ထိုသို့ ပုံမှန် တစ်လတိတိသောက်ပေးခြင်းဖြင့် လေထိုးလေနာရောဂါ လုံး၀ ပျောက်ကင်းသွားပါလိမ့်တယ်။
(၁၇) လယ်ပုဇွန်လုံးစားပေး

Credit

Leave a Comment

Your email address will not be published. Required fields are marked *