ဦးရေပြားအပူကိုလျှော့ချပေးပြီး ဆံပင်ကျွတ်သက်သာစေတဲ့ သဘောဝဆေးနည်း
ခေါင်းဖြီးလို့ ဆံပင်တွေကျွတ်လာရင် စိတ်ညစ်ရသလို၊ ဆိုင်မှာခေါင်းသွားလျှော်ရင်လဲ အစ်မဆံပင်တွေ ကျွတ်တယ်နော် ပြောရင် စိတ်ပိုညစ်ရပါတယ်။ အမှတ်မထင်လိုင်းပေါ်မှာ တွေ့တဲ့ဆေးနည်းလေးနဲ့ စမ်းလုပ်ကြည့်တာ အဆင်ပြေလို့ ကိုယ့်လို စိတ်ညစ်နေတဲ့သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။
ကြက်သွန်နီ ဆေးဘက်ဝင်တာသိပေမဲ့ ကြက်သွန်နီကိုကြိတ်ပြီး ခေါင်းပေါ်လိမ်းတဲ့အခါ ကြက်သွန်စိမ်းနံ့ပျောက်ဖို့ တော်တော်ခေါင်းလျှော်ယူရတာ ကျွန်မအတွက် သိပ်အဆင်မပြေ ဖြစ်ရပါတယ်။ ဒီနည်းလေးကတော့ တော်တော်အဆင် ပြေပါတယ်။
လုပ်နည်းအဆင့်ဆင့်
ဆန်ကို ပန်ကန်လုံးလေးနဲ့ တစ်ခွက်ယူပါ။ ဆန်ကိုထမင်းချက်သလိုပဲ နှစ်ကြိမ်လောက် ဖွဖွလေးဆေးပါ။ေ ဆးထားတဲ့ဆန်ကို နှစ်နာရီလောက် စိမ်ထားလိုက်ပါ။ ရေနည်းနည်းနဲ့ပဲ စိမ်ပါ။
ကြက်သွန်နီကို အခွံခွာပါ။
ကြက်သွန်နီကို ရှစ်စိပ်စိပ်လိုက်ပါ။ (ကျွန်မကတော့ဆန်ပန်းကန်လုံး တစ်ခွက်ဆို ကြက်သွန်နီနှစ်လုံး သုံးပါတယ်)
ဆန်နဲ့ကြက်သွန်စိပ်ထားတာ ရောလိုက်ပါ။ ရေနည်းနည်း ထပ်ထည့်ပေးပါ။ မီးဖိုပေါ်မှာ ပွက်ပွက်ဆူအောင် မွှေပေးပါ။ဆန်နည်းနည်းကျေတဲ့အထိ ထားပါ (ဆန်ပြုတ်အဆင့်မရောက်ပါ)။
အဲ့လောက်ဆို ရေစစ်ထဲကိုထည့်ပြီး အရည်ညစ်ယူပါ။ ရေကုန်သွားအောင်ညှစ်ပါ။ ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး တစ်ပတ်လောက်ထားသုံးလို့ ရပါပြီ။ ဆန်မှာပါဝင်သော အာဟာရဓာတ်များနှင့် ကြက်သွန်နီမှာ ပါဝင်သောဓာတ်များကြောင့် ဆံပင်အတွက် အကျိုးပြုပါတယ်။
ပြုတ်ထားတာ ဖြစ်တဲ့အတွက် ကြက်သွန်နံ့လဲ မနံ့ပါဘူး။
ဘာတွေထူးခြားလာလဲဆိုတော့ ဆံပင်ကျွတ်တာ လုံး၀ရပ်သွားပြီး အမြဲဦးရေပြားပူနေတတ်တဲ့ ကျွန်မဦးခေါင်းအရေပြားလဲ သိသိသာသာ အပူလျော့ကျလာပါတယ်။ ဆံပင်ကို သိသိသာသာ အားပေးစေပါတယ်။ ဘောက်ရှိတဲ့သူမို့ သံပရာ(သို့) သံပရိုသီးအရည် ထည့်ပါတယ်။ ဘောက်လဲတက်တာ လျှော့ကျသွားပါတယ်။
ဘယ်လိုအသုံးပြုရလဲ
ခေါင်းမလျှော်ခင် ဆေးရည်ကိုယူပြီး ဦးရေပြားအထိ လိမ်းပါတယ်။ ဆံပင်ပျော့ချင်ရင် တရော်ကင်ပွန်း ထည့်ပါ။ ဘောက်ပျောက်ရင်ချင်ရင် သံပရာသီးအရည် ညှစ်ထည့်ပါ။ ဆံပင်အရောင်တောက်ချင်ရင် သံလွင်ဆီ၊ အုန်းဆီတစ်ခုခုကို ထည့်ပါ။
(၁၅) မိနစ်လောက် ဦးရေပြားကော၊ ဆံပင်ထိပ်ဖျားတွေအထိပါ လိမ်းပေးပြီး ခဏနှိပ်ပေးရပါတယ်။ ကျွန်မကတော့ Hair Cap နဲ့ဆယ်မိနစ်လောက်အုပ်ပြီး ခဏထားလိုက်ပါတယ်။ ပြီးမှ ရှန်ပူအပျော့စားနဲ့ ခေါင်းလျှော်ပါတယ်။ဘေးဥပုဒ်မရှိပဲ သဘာဝနည်းဖြစ်တာကြောင့် မည်သူမဆို အသုံးတည့်မယ် ယူဆပါတယ်။
Credit-May Soe