OakeShaYwat

ဥသျှစ်ရွက်နုနုလေးစားခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးမျာ

ဥသျှစ်ရွက်နုနုလေးစားခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ

( ၁ ) မျက်စိနာ
– ဥသျှစ်ရွက်ကို ကြိတ်၍ မျက်စိ၌ကွင်းပေးမူ မျက်စိနာရောဂါပျောက်ကင်း၏။
– အရွက်ကိုကြိတ်၍ ကျပ်ထုပ်လုပ်ပြီး ထိုးမူ မျက်စေ့နာခြင်း, မျက်ဝတ်ထွက်ခြင်းများ ပျောက်နိုင်၏။

( ၂ ) အဆိပ်ရှိသော သတ္တဝါများကိုက်ခြင်း
– အဆိပ်ရှိသတ္တဝါများ ကိုက်သောနေရာ၌ ဥသျှစ်မြစ်ကိုသွေး၍ လူးပါ၊ သောက်ပါ၊ အဆိပ်ပြေ၏။

( ၃ ) ဝမ်းမီးနုံ့၍ ဓာတ်ချုပ်ခြင်, လွန်ခြင်း
– အူအတွင်း၌ လေများ ဖောက်ပြန်ပြီးလျှင် ဝမ်းမီးနုံ့၍ တခါတရံ ဝမ်းအလွန်သွားခြင်း, အလွန်ချုပ်ခြင်းဖြစ်မူ ဥသျှစ်သီးမှည့် ရှလပတ်ရည် ( ဖျော်ရည် ) ကို သောက်မူ မြန်စွာ ပျောက်ကင်း၏။

( ၄ ) မျက်ရည်ပူ ယိုခြင်း
– ဖျားခြင်း, မျက်ရည်ပူ ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ရောင်ရမ်းခြင်းဖြစ်မူ ဥသျှစ်ရွက် သတ္တုရည်ကို ၈ဲ သားမျှ နံနက် ည သောက်ပါ၊အထက်ပါရောဂါများပျောက်ကင်း၏။

( ၅ ) အနာပေါက် အုံဆေး
– အနာပေါက်, အဖုအပိန့်များကို၎င်းအရွက်စိမ်းကို ကြိတ်၍ အုံပေးပါ၊ နုလျှင်ပိန်၍ ရင့်လျှင်ပြည်ပေါက်၏။

( ၆ ) အတိသာရဝမ်းသွားခြင်း ဆေးနည်းတမျိုး
– ဥသျှစ်သီးအစိမ်း၏ အတွင်းသားကို ကြော်၍ သကြားသင့်ရုံထည့်ပြီး စားမူ နာတာရှည် အတိသာရ ဝမ်းသွားရောဂါနှင့် အစာမကြေ ဝမ်းသွားရောဂါများ ပျောက်ကင်း၏။

( ၇ ) သည်းခြေ ဦးစီးသော ဝမ်းရောဂါ
– ဥသျှစ်သီးယိုထိုးစားမူ သည်းခြေလွန်ကဲသော ဝမ်းရောဂါပျောက်ကင်း၏။

( ၈ ) သွေးဝမ်းသွားခြင်း ဆေးတမျိုး
– ဥသျှစ်သီးမှည့်နှင့် ထန်းလျက်ကို ရော၍ စားမူ သွေးဝမ်းသွားခြင်း ပျောက်ကင်း၏။

( ၉ ) ဆီးအောင့်ရောဂါ
– ဥသျှစ်သီး အသီးစိမ်း၏ အသားကို ညက်စွာကြိတ်၍ နွားနို့နှင့်ရောပြီးလျှင် အဝတ်ဖြင့် စစ်ယူပါ၊ ၎င်းဆေးတွင် ကရဝေးသီးမှုန့်အနည်းငယ်ဖြူး၍ သောက်မူ ပျောက်ခဲနိုင်သော ဆီးအောင့်ရောဂါများ ပျောက်ကင်း၏။

( ၁၀ )ကာလဝမ်း ကူးစက်ခြင်းကင်းဝေးရန်
– ကူးစက်တက်သော ကာလဝမ်းရောဂါများ ကာကွယ်ရန် ဥသျှစ်မှုန့် ရှလပတ်ရည်ကို သောက်ပါက ကူးစက်တက်သော ကာလဝမ်းရောဂါများ မကူးစက်နိုင်ချေ။

( ၁၁ ) မြွေဆိပ်ဖြေရန်
– ဥသျှစ်မြစ်ကို သွေး၍ သောက်ခြင်း၊လိမ်းကျံခြင်းပြုမူ မြွေဆိပ်ပြေနိုင်၏။

( ၁၂ ) အော့အန်ခြင်း
– ဥသျှစ်မြစ်၏ အခေါက်ကိုပြုတ်၍ ပျားရည်နှင့် ရောစပ်ပြီးသောက်မူ အော့အန်ခြင်း ပျောက်ကင်းနိုင်၏။

( ၁၃ ) ကိုယ်ဝန်ဆောင်နှင့် အော့အန်ခြင်း
– အချို့ ကိုယ်ဝန်တည်စတွင် ကြောက်မက်ဖွယ်ရာ အော့အန်သော ရောဂါဖြစ်တက်၏၊ ဆေးလည်းတွေ့ခဲလှ၏၊ ၎င်းရောဂါကို ဥသျှစ်သီးအမှည့် အနှစ်ကိုကြိတ်၍ ဆန်ဆေးရည်နှင့် သောက်ပါ ကိုယ်ဝန်နှင့် အော့အန်ခြင်း ပျောက်ကင်းနိုင်သည်။

( ၁၄ ) သန်ထခြင်း, သန်ကလိခြင်း
– သန်ထခြင်း၊ သန်ကလိခြင်းဖြစ်၍ သူငယ်များ မအီမသာခြင်းရှိမူ ဥသျှစ်ရွက်သတ္တုရည်ကို အရွယ်လိုက် ချင့်ချိန်၍ တိုက်ပေးရ၏။

( ၁၅ ) အစာမကြေ လေချဉ်အန်ခြင်း
– ဥသျှစ်ရွက်သတ္တုရည်ကို တနေ့လျှင် ၂ ကြိမ် ၃ ကြိမ်မျှ သောက်မူလေချဉ်တက်ခြင်း၊ လည်ချောင်းပူခြင်းများ ပျောက်ကင်း၏။

( ၁၆ ) ဖောရောင်ခြင်း
– ဥသျှစ်ရွက် သတ္တုရည်ကို သောက်လည်းသောက် လိမ်းလည်းလိမ်းပေးမူ ဖောရောင်ရောဂါပျောက်ကင်း၏။

( ၁၇ ) နာတာရှည် အဖျား ဖျားခြင်း
– ဥသျှစ်မြစ်ကို နွားနို့နှင့်ကျို၍ တနေ့ ၂ ကြိမ်သောက်ပါမူ နာတာရှည်အဖျားဟောင်းများ ပျောက်ကင်း၏။

( ၁၈ ) နားသွေးထွက်သော ရောဂါ
– ၎င်းရောဂါ နွေရာသီ၌ဖြစ်မူ ဥသျှစ်ရွက်နုနုကို လက်သုတ်ဟင်းလျာပြုလုပ်စားရ၏။

Credit :တော်၀င်နန်းတော်တိုင်းရင်းဆေး

Leave a Comment

Your email address will not be published. Required fields are marked *