အူလမ်းကြောင်းက်ိုရှင်းလင်းခြင်အတွက်ဘူးညွှန့်

“အူလမ်းကြောင်းက်ိုရှင်းလင်းခြင်း”

”ဗိုက်ပူနေတဲ့သူများ ဗိုက်ချပ်သွားချင်ရင် ”ကျမတို့ရဲ့အူလမ်းကြောင်းဟာ အညစ်အကျေးတွေနဲ့ပြည့်နေလေ့ရှိပါတယ်။အညစ်အကျေးတွေက အစဉ်အမြဲရှိနေတတ်တော့ အဲဒီ့အညစ်အကျေးတွေကနေဖြစ်လာတဲ့ ချိုးတွေလည်းအူနံရံတွေမှာကပ်နေလေ့ရှိပါတယ်။လူတွေရဲ့အူဟာ အမြဲတန်းသန့်နေဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ သွေးဟာအူတွေကနေစဖြစ်တာမို့လို့ပါ။အစားအသောက်တွေကနေရလာတဲ့ အာဟာရရည်ကို အူတွေကနေစုပ်ယူပြီး သွေးအဖြစ်ပြောင်းလဲပေးတာပဲဖြစ်ပါတယ်။ဒါကြောင့်အူသန့်ရင်သွေးသန့်မယ်၊ အူမသန့်ရင် သွေးမသန့်ဘူးဆိုတာထင်ရှားပါတယ်။အူတွေကိုသန့်ရှင်းပေးတော့မှ အဆိပ်တောက်ကင်းတဲ့ သွေးသန့်ကိုရမှာပဲဖြစ်ပါတယ်။ခန္ဓာကိုယ်မှာကသွေးကအဓိကပဲ။ သွေးသန့်ရင်ရောဂါကင်းမယ်၊ သွေးညစ်ရင်ရောဂါများမယ်။သွေးသန့်ဖို့အတွက် အူသန့်အောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်။အူတွေသန့်ရှင်းအောင်လုပ်ဖို့ကလည်းမခက်ပါဘူး။စင်ထိုးပြီးစိုက်ရတဲ့ အညွန့်အရွက်တွေစားပေးရုံပါပဲ။ဘူးညွန့်၊ဂေါ်ရခါးညွန့်၊ရွှေဖယုံညွန့်စတဲ့ အညွန့်အရွက်တွေမှာ အမွှေးအမျှင်လေးတွေပါပါတယ်။ အဲဒီ့အရွက်အညွန့်တွေဟာ မျက်နှာသုတ်ပဝါမှာပါတဲ့ အမွှေးလေးတွေလိုပဲသုတ်လို့ရှိရင် စင်ကြယ်သွားပါတယ်။

အဲဒီအမွှေးအမျှင်ပါတဲ့ အညွန့်အရွက်တွေကိုကြော်ပြီးစားပါ။အစာလမ်းကြောင်းတစ်လျှောက်က အညစ်အကျေးတွေကိုပြောင်အောင် သုတ်သင်ပေးသွားပါလိမ့်မယ်။အစာလမ်းကြောင်းတစ်ခုလုံး သန့်ရှင်းနေတော့အာဟာရကနေရတဲ့ ရသရည်ကလည်းသန့်ရှင်းပြီး သွေးကလည်းသန့်တော့တာပေါ့ အဲဒီ့အပြင်အူတွေထဲမှာ အညစ်အကျေးချိုးကပ်မှုတွေများလို့ ဗိုက်ပူနေတဲ့သူတွေလည်း တဖြည်းဖြည့်နဲ့ဗိုက်ချပ်သွားပါလိမ့်မယ်။အနာရောဂါကင်းကင်းနဲ့ အသက်ရှည်ရှည်နေနိုင်တဲ့နည်းကောင်းတစ်ခုပါပဲ။

ချစ်ခင်လေးစားလျှက်

Credit to original upload

Leave a Comment

Your email address will not be published. Required fields are marked *