အာရုံကြောအားနည်းခြင်း၊ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊ခြေလက်လေးလံခြင်းနှင့်ညအိပ်မပျော်ခြင်း

အာရုံကြောအားနည်းခြင်း၊ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊ခြေလက်လေးလံခြင်းနှင့်ညအိပ်မပျော်ခြင်း

ညအိပ်မပျော်တာ ကြာရှည်လာခဲ့လျင်အစားအသောက်စားရာတွင်လည်းခံတွင်းမလိုက်တော့ပါဘူး။ အိပ်မပျော်စားမဝင်တော့ဘူးဆိုလျင် အာရုံကြောအားနည်းလာတတ်ပါတယ်။နှလုံးအားပါ နည်းလာတတ်ပါတယ်။ သွေးပေါင်ချိန်လည်း မမှန်တတ်ပါဘူး။
ဦးခေါင်းပိုင်းချွေးထွက်လွန်ခြင်း၊ခြေဖျားလက်ဖျားအေးခြင်း၊မျက်စိဝေခြင်း၊နားလေထွက်ခြင်းစတာတွေနဲ့ အဆုတ်၊ ကျောက်ကပ်စွမ်းဆောင်ရည်ကျ ဆင်းပြီးအစာမကြေခြင်း၊ဝမ်းချုပ်စမြင်းခံခြင်းစတာတွေနဲ့ ပါတ်လည်ရိုက်နေတတ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်လုပ်ရုံမျှနဲ့မောပန်းလွယ်ခြင်း၊စိတ်မရှည်ခြင်းစတာတွေဖြစ်လေ့ရှိပါတယ်။

အထက်ပါအာရုံကြောရောဂါအတွက်ရိုးရှင်းလွယ်ကူတဲ့ဆေးနည်းပေးပါမယ်။

၁။ သံပုရာသီးအလုံးကြီးတစ်လုံး။
၂။ ကြက်ဥအစိမ်းတစ်လုံး(မည်သည့်ကြက်ဥမဆိုရပါသည်)။
၃။ ပျားရည်စစ်စစ်ဟင်းစားဇွန်းတစ်ဇွန်း(သဘာဝပျားရည်မရလွယ်ပါကမွေးမြူရေးပျားရည်ကိုသုံးစွဲပါ)။
၄။ ဖီးကြမ်းငှက်ပျောသီးအမှည့်တစ်လုံး။
၅။ ရေနွေးကြမ်းအဖြူထည်ပူပူအကြမ်းပန်းကန်တစ်ဝက်စသည်တို့လိုအပ်ပါမည်။

  • * ရှေးဦးစွာ သင့်တော်မည့်အရွယ် ပန်းကန်လုံးတစ်လုံးထဲ သံပုရာသီးတစ်လုံးကို ထက်ခြမ်းခွဲ၍
    * နှစ်ခြမ်းလုံးအရည်ညှစ်ထည့်ပြီး အစေ့များကိုဖယ်ရှားပစ်ပါ။
  • * ထို့နောက် ပျားရည်ကို ဟင်းစားဇွန်းတစ်ဇွန်းစာထည့်ပါ။
  • * ပြီးပါက ကြက်ဥအစိမ်းတစ်လုံးဖေါက်ထည့်ပါ။
  • * တဖန် ရေနွေးအဖြူပူပူအကြမ်းပန်းကန်တစ်ဝက်စာကိုထပ်မံလောင်းထည့်ပြီးသမအောင်မွှေပေးပါ။
  • * ဖီးကြမ်းငှက်ပျောသီးအမှည့်တစ်လုံးကို ညက် နေအောင် ပြုလုပ်ပြီး ထပ်မံထည့်ပါ။
  • ထိုသို့ ပြုလုပ်ပြီးပါက အသင့်သောက်သုံး၍ရပါပြီ။

အထက်ပါအာရုံကြောအားဆေးကိုသောက်သုံးရမည့် အခြေအနေနှင့်အချိန်အခါများ

၁။ အားအင်ကုန်ခမ်းမောပန်းနေသည့်အခါ။
၂။ ညအိပ်ရေးပျက်သည့်အခါ။
၃။ ခြေလက်လေးလံထိုင်းမှိုင်းနေသည့်အခါ။
၄။ စိတ်ရွှင်လန်းမှုမရှိသည့်အခါ။
၅။ မလုပ်ချင်မကိုင်ချင်ဖြစ်နေသည့်အခါမျိုးတွင်သောက်သုံးပြီးအနည်းဆုံးဆယ့်ငါးမိနစ်ခန့်ငြိမ် သက်စွာအိပ်စက်အနားယူပေးပါကအားအင်ပြည့်ဖြိုးပြီးပြန်လည်လန်းဆန်းလာစေပါမည်။

အထက်အားဆေး၏ထူးခြားချက်မှာ အကြောအားဆေးသွင်းသကဲ့သို့ အားအမြန်ပြည့်စေပြီး အာရုံကြောအား ၊ အကြောအား ကောင်းမွန်စေပါသည်။
ဤဆေးကို နံနက်စောစော မည်သည့်အစာမျှမစားမှီ နှင့် ညအိပ်ရာဝင်ခါနီး တစ်ကြိမ် သောက်သုံးပေးပါက ပို၍အဆင်ပြေပါသည်။

အကယ်၍ မိမိအဆင်ပြေရာအချိန် တစ်ချိန်တွင် သောက်သုံးပေးမည်ဆိုလျင်လည်းရပါသည်။ အနည်းလေး တစ်ရက်တစ်ကြိမ် နေ့စဥ် မှီဝဲပေးပါက ပေါ့ပါးသွက်လက်ကျန်းမာစေပါမည်။။

မှတ်ချက်။ ညအိပ်ချိန်ဖုန်းမကြည့်ရပါ။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါသည်။

Original Uploader

Leave a Comment

Your email address will not be published. Required fields are marked *