အသံဝင် /အသံမထွက် သူများအတွက်အံ့ဖွယ်ဆေး(မုန်လာဥဖြူ)
အသံဖြင့်ဘဝရပ်တည် အသက်မွေးဝမ်းကြောင်းပြုရသူတို့ အတွက် ဝမ်းမြောက်ဖွယ်သဘာဝဆေးနည်းလေးဖြစ်ပါသည်။
ဘဝတစ်လျှောက်ဖြတ်သန်းစဉ် အသံထုတ်ပြီး အလုပ် လုပ်ရသောသူများအသံဝင်၊ အသံနာ၊ အသံမထွက်ဖြစ်တိုင်း တင်ပြပါနည်းလမ်းလေးကို ပေးခဲ့ရာ
ပျောက်ကင်းသည် ဆိုသော အဖြေတစ် ခုကျေနပ်ဖွယ် ရလဒ်ကြောင့် ဝမ်းသာကြည်နူး မိသည်ကအမှန်ပင်ဖြစ် လေသည်။
မကြာသေးမီကပင် ကထိန်ပွဲအတွက်သံချပ်ထိုး သူတို့အလေ့အကျင့်လွန်၍ အသံမထွက်တော့ချေ။
အောက်ဖေါ်ပြပါနည်းလေးဖြင့်မူလအသံပြန်ရပါသည်။
နည်းလမ်း
၁) မုန်လာဥဖြူစိမ်း (၂) လုံးကို ပါးပါးလှီးပြီးထုချေ၍
အရည်ညှစ်ယူပါ။ လက်ဖက်ရည်အကြမ်းပန်းကန် (၂) လုံး စာလောက်ရအောင် ဆောင်ရွက်ပါ။
၂) ထိုရရှိလာသော မုန်လာဥဖြူညှစ်ရည်
လက်ဖက်ရည်ပန်းကန်(၂)လုံးနှင့် ပျားရည်ဟင်းစား ဇွန်း(၃)ဇွန်းရောသမပြီး နံက်တစ်ကြိမ်ညတစ်ကြိမ် သောက်ပေးလိုက်ပါ။
အသံဝင်၊အသံနာသူ၊အသံမထွက်သူတို့အတွက် ထိ ရောက်သောအကျိုး သက်ရောက်မှုအမှန်ရှိသွားပါလိမ့်မည်။
အသံဖြင့် အသက်မွေးဝမ်းပြုကြသူများ တစ်ပတ် လျှင်နှစ်ကြိမ်မျှ အထက်တင်ပြပါနည်း လေးကိုပြုလုပ် သောက်သုံးပါက အသံပိုမိုကြည်လင်ကောင်မွန်ပါကြောင်း သိမီသမျှဝေငှလိုက်ပါသည်။
credit:ရဲမျိုးသူ(ဗောဓိမြိုင်)/ဆေးပညာဗဟုသုတ