အသည်းအဆီဖုံးခြင်း နှင့် ဆေးဖက်၀င်အပင်များ
ကျန်းမာရေးဗဟုသုတအဖြစ် တစ်ဆင့်ပြန်လည် မျှဝေလိုက်ပါတယ်ရှင်။ အသည်းအဆီဖုံးခြင်းသည် ဆယ်စုနှစ်အတွင်း အဖြစ်များ သော ရောဂါဖြစ်ဧ။် ။ ယခင်အသည်းရောဂါမှာ အသားဝါ ရိုးရိုးသာဖြစ်ပြီး ( ပထမ) မျက်စိဝါ၊ နောက်ဆုံးဆီးဝါပြီး တိုင်းရင်းဆေးအမှတ်(၁) မက်လင်ချဉ်ဆေး ( ရှေးဆေးကျမ်းများမှ သေမှပုတိက သလိပ်ပုပ်နိုင်ဆေးနည်းကိုယူထားသောဆေး) ဖြစ်ပြီး အဓိကမှာ ( မက်လင်သီး၊မက်လင်ခေါက်) တို့ဖြစ်ဧ။်။
မက်လင်သီးသည်အလွန်ချဉ်ပြီး ဟင်းချက်ရာတွင် ထည့်သွင်းအသုံးပြုကြသည့် တောဓလေ့သုံး အသီးဖြစ်ဧ။်။ မက်လင်သီး၊ မက်လင်ခေါက်တို့သည် အသည်းအတွက်အလွန်ကောင်းပြီး အသည်းရောင်ခြင်း ၊ အသားဝါခြင်း၊ ဆီးဝါခြင်း ဆို့ကိုအလျှင်အမြန် ကောင်းစေကြောင်း သိရပါဧ။်။
(၁၉၉၅) နောက်ပိုင်းမှသာ ပိုးကြောင့်ဖြစ်သော အသည်းရောဂါ ၊ အသည်းခြောက်ရောဂါ၊ အသည်းအဆီဖုံးရောဂါများ အဖြစ်များလာပြီး သေဆုံးသူများပြားလာဧ။်။ အောက်ဖော်ပြပါ ဆေးဖက်၀င်အပင်များသည်
(၁) တစ်နေ့တစ်ခြား ဝဖြိုးလာသူ၊
(၂) အရက်၊ ဘီယာ သောက်သုံးလွန်းသူ၊
(၃) ခန္ဓာကိုယ်တွင်း အဆီဓာတ်များသူ၊
(၄) အထိုင်များသူ၊
(၅) လမ်းလျောက်နည်းသူ၊
(၆) ဇိမ်ယစ်လွန်းသောသူများအတွက် အသည်းအဆီဖုံးရောဂါ၊ အသည်းခြောက်ရောဂါများ မဖြစ်စေရန် ကာကွယ်ပေးနိုင်သော သဘာ၀အပင်များ ဖြစ်ပါ၍ လိုအပ်ပါက တစ်မျိုးမျိုးကို အသုံးပြုကြည့်နိုင်ပါသည်။
(ဟင်းဂလာပင်)
ထိုအပင်အား ထမင်းလက်တစ်ဆုပ်ခန့်ဖြင့် မြေစဉ့်အိုးတွင် (၃) ရက်ခန့်အချဉ်တည်ပြီး ဟင်းဂလာချဉ်ဖတ်အဖြစ်ငါးဖြင့်ချက်စားခြင်း၊ ငါးပိရည်ဖြင့် တွဲဖက်၍ စားသုံးပါက အရက်နာကျခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းအဆီဖုံးခြင်းများ မဖြစ်စေပါ။ ယင်း ဟင်းဂလာပင်ကို ပြုတ်သောက်ပါက ဆီးအတွက် အလွန်ကောင်းဧ။်။ ကျွဲ၊ နွားများ ဆီးချုပ်သောအခါ ထိုအပင်ကို ခုတ်စဉ်း၍ နွားစာတွင် ရောကျွေးရဧ။် ။ (ဆောင်းပါးရှင်ဧ။် အဖိုးတစ်၀မ်းကွဲတော်သူသည် ညနေခင်းတိုင်း ချက်အရက်ဟုခေါ်သောအရက်ဖြူကို ပုံမှန်သောက်ပြီး ဟင်းဂလာချဉ်ကို အမြည်းအဖြစ် နေ့စဉ်စားသုံးခဲ့ရာ အသက်(၉၉) နှစ်ကျော်(၁၀၀) အတွင်းရောက်မှ ကွယ်လွန်သည်ဟု သိရပါဧ။်။တောဓလေ့တွင် ချက်အရက်သောက်ပြီး အရက်နာမကျစေရန် ဟင်းဂလာချဉ်ဖတ်ကို ပဲကြီးလှော်နှင့် စားသုံးလေ့ရှိကြောင်း သိရပါဧ။် ။)
(ဆေးမြင်းခွာရွက်)
အရွက်သေးဧ။်။ အရွက်နှင့် အရိုးတွင် အမွှေးနုလေးများပါပြီး ရိုးတံ အနီရောင်နှင့် အဖြူရောင် နှစ်မျိုးရှိပြီးဆေးဖက်၀င်ဧ။်။ ထိုအပင်ကို နွယ်လိုက်နှုတ်ယူ၊ နေရိပ်တွင်လှန်း ၊ အပင်ခြောက်သွေ့သွားပါက သံဘူး( သို့ )ဖန်ပုလင်းတွင်ထည့်။ နေ့စဉ် မတ်ခွက်တစ်ခွက်စာ လက်ဖက်ခြောက်ခပ်သလ်ို ခပ်သောက်ပေးပါက အသည်းအဆီဖုံးခြင်းက်ို ကျဆင်းစေနိုင်ပြီး ဆီးကောင်း၊ ဆီးရွှင်စေကာ မျက်စိအားကောင်းစေဧ။်။
(ဆီးဖြူသီး)
မြန်မာဆေးကျမ်းများစွာ၌ပါ၀င်ပြီး အနောက်တိုင်းအာဟာရသုတေသီများက ဗီတာမင်စီ အလွန် ကြွယ်ဝသောအသီးဖြစ်သည်ဟု အသ်ိအမှတ်ပြုထားကြဧ။်။ ၄င်းကိုအစိမ်းအတိုင်းစားလျှင် သွေးချုပ်၊ လေချုပ်စေဧ။် ။ အမျိုးသမီးများ ရာသီအချိန်အခါတွင် မစားသင့်ပါ။ အသည်းအဆီဖုံးသူအတွက် ဆီးဖြူသီးဆားရည်စိမ် တစ်နေ့တစ်လုံးမျှစားပေးပါ။ ထိုအသီးကို အခြောက်လှန်းပြီး၊ ငါးဟင်း၊၀က်သားဟင်းတို့နှင့် ရောချက်စားလျှင် ဟင်းနူးစေပြီးအဆီဓာတ်ကို လျှော့နည်းစေပါသည်။
(ရှောက်ရွက်)
ရှောက်ရွက်ကို ပါးပါးညှပ်၊ အသုပ်တွင်ရောထည့်စားခြင်း၊ ဟင်းချိုပြုလုပ်သောက်ခြင်း၊ အတို့အမြှုပ်အဖြစ်စားသုံးပါ။ ရှောက်ရည်၊ ရှောက်ရွက်တို့သည် အသည်းအတွက် အလွန်ကောင်းသော ဓာတ်စာဖြစ်ပြီး အချဉ်ဟင်းများ၌ ရှောက်ရည်ထည့်ချက်ခြင်း၊ အကင်များ၌ ရှောက်ရည်ညှစ်စားခြင်းသည် အသည်းအဆီဖုံးခြင်း အတွက် ကာကွယ်ပါဧ။်။
(ရဲယိုရွက်)
ရဲယိုရွက်သည် နှုတ်ကိုမြိန်စေပြီး လေပူက်ိုနိုင်သောသတ္တိရှိဧ။် ။အသည်းတွင် အပူအောင်းခြင်း၊ အသည်းခြောက်ခြင်းရောဂါအတွက် ရဲယိုရွက်ကို တစ်ပတ် လျှင် (၂) ကြိမ်ခန့် စားသုံးပေးလျှင် ကာကွယ်ရာရောက် ဧ။်။ ထို့အပြင် ငါးခူ၊ ငါးဖယ် ၊ ငါးကြင်း ခြစ်များ နှင့် ရောချက်စားခြင်း ဖက်ထုပ်ပြုလုပ်ကြော်စားခြင်း၊ ရေနွေးငွေ့ဖြင့် လည်း ပေါင်းစားပေးနိုင်ပါသည်။ သို့ပါ၍ ( အဖိုးနည်း၊၀န်ပါ ) ရိုးရာ ဆေးဖက်၀င်အပင်၊ အသီး၊ အရွက်များကို စားသုံးရင်း ရောဂါမဖြစ်ခင်ကြိုတင်ကာကွယ်နိုင်ပါသည်။
{ ညွှန်း} ဆရာ ကြည်လွင်မြင့်( မုဒြာ) ၏ဆောင်းပါးမှကောက်နှုတ်ဖော်ပြပါသည်။
Credit