HtiNanPin

အသည်းရောဂါ အသည်းမှာ အနာဖြစ်တာ အဖုအကြိတ်နှင့် အဖောအရောင်တွေကို ကိုယ်တွေ့သက်သာပျောက်ကင်းခဲ့တဲ့ ထိနံပင် အစွမ်း

အသည်းရောဂါ အသည်းမှာ အနာဖြစ်တာ အဖုအကြိတ်နှင့် အဖောအရောင်တွေကို ကိုယ်တွေ့သက်သာပျောက်ကင်းခဲ့တဲ့ ထိနံပင် အစွမ်း

အသည်းအနာအတွက်

စာရေးသူ HTYT အသဲတွင် အနာငါးခုဖြစ်နေပြီး ပြည်ပါတည်နေ၍ သီရိစန္ဒာဆေးရုံ ဆရာဝန်မှ ဆေးဆယ်ရက်သောက်ပါ အနာမချပ်ပါက ပြည်စုပ်ထုတ်ရမည်ဆိုသောအခြေအနေတွင်ဖြစ်ပါသည်။ ပုံမှန်ဆိုထိုအရွက်လက်တစ်ဆုပ်ခန့်ကိုသုံးခွက်တစ်ခွက်တင်ကြိုသောက်ရမှာကိုမကြိုတော့ပဲ မနက် / ည ငါးရွက်ခန့်ကိုဝါးစားပြီးအရွက်ဖတ်တွေပါ ရေနဲ့ရောသောက်လိုက်ပါတယ်။ အင်္ဂလိပ်ဆေးလည်းသောက်ပါတယ်။ ဆယ်ရက်ပြည်လို့ ဆေးခန်းသွားပြန်ပြတဲ့အခါ အနာကပြည်မရှိတော့ပဲချောက်ပြီးကျက်နေပြီ ဘာဆေးတွေသောက်သေးလည်းဟု ဆရာဝန်တောင်အံသြပြီးမေးတော့ ထိနံရွက်နဲနဲစားပါတယ်လိုပြောလိုက်တယ်လေ။

အဖောအရောင်

ကျွန်တော်တို့ပတ်ဝန်းကျင်က အရက်တော်တော်သောက်တဲ့လူဆို မျက်နှာတွေ ခြေခုံတွေဖောရောင်နေတာ ဒီထိနံပင်အရွက်ကို သုံးခွက်တစ်ခွက်တင်တစ်နေ့သုံးခွက်သောက်တာ နှစ်ရက်နဲ့ဖောတာတွေအကုန်ပျောက်တယ်။

အဖုအကြိတ်အတွက်

အပင်ဆေးဆိုင်ကအကိုတစ်ယောက်လက်ကောက်ဝတ်မှာ အဖုကြိတ်တည်တာ ဆေးခန်းစုံ ဆရာဝန်စုံ အခါခါခွဲပြန်ဖြစ်တာပဲ ဆယ်နှစ်ကျော်ခံစားလာရတဲ့ အဲ့ဒီအကြိတ် ထိနံရွက်ကိုထု ထောင်း အကြိတ်ပေါ်အုံထားပြီးပတ်တီးပါးပါးစီးထား လုပ်တာ ဆယ်ငါးရက်လောက်ကြာတော့ သေးပြီးပျောက်သွားတာ အခုထိပြန်မဖြစ်တော့ပါ။ ကင်ဆာဆေးရုံကလူနာတော်တော်များများ ဒီထိနံရွက်ပင်ကိုကြိုသောက်တာ ရောဂါတော်တော်သက်သာလို့ အငှါးကားသမားတွေနဲ့ နယ်ဖက်တွေကိုမှာယူကြပါတယ်။

ဒီအပင်က ထိလိုက်တာနဲ့ကို စိမ်းရွှေရွှေနံ့တော်တော်နံလို့ ကျွန်တော်တို့ဖက် မှာတော့ ထိနံလို့လူသိများပါတယ်။ ထိရင်သာတော်တော်နံတာ ဝါးစားရင်အနံမဆိုးတော့ဘူးဗျ။ ဒါကတော့ ကိုယ်တွေ့ဆေးတစ်လက်ဖြစ်လို့ ကျန်းမာစေရန်ရည်ရွယ်မျှဝေလိုက်ပါတယ်။ ဤထိနံပင်ခေါ် ပြည့်စုံပင်လိုအပ်ပါက ရန်ကုန်တိုင်း မှော်ဘီမြို့ မြောင်းတကာကျေးရွာတွင် အခမဲ့လာယူနိုင်ပါသည်။

Credit ကျန်မာရေး

Leave a Comment

Your email address will not be published. Required fields are marked *