KyaungSharThee

အရွယ်မတိုင်ခင်နားလေးသူတို့အတွက်အစွမ်းထက်ဆေးနည်းကောင်း

အရွယ်မတိုင်ခင်နားလေးသူတို့အတွက်အစွမ်းထက်ဆေးနည်းကောင်း

ငယ်စဉ်က (၇)တန်းတွင်အတန်းတူ သူငယ်ချင်း စိုးဦးဆိုသူရှိပါသည်။ စိုးဦးကို အတန်းဖေါ် သူငယ်ချင်းများက နားထိုင်း၍ အဘိုးလေးဟု ခေါ်ပါသည်။ အချို့ အဘိုးလေးစိုးဦး၊ စိုးဦးနံမည်ပျောက် ငယ်ငယ်ရွယ်ရွယ်နှင့် အဘိုးလေး အမည်ရတော့သည်။ နောက်ပိုင်း စိုးဦးနှင့် ပြန်တွေ့ချိန်တွင် စိုးဦး ဋ္ဌာနတစ်ခုတွင် ဦးစီးအရာရှိတစ်ယောက်ဖြစ်နေပြီး နားမလေးတော့ပါ ဟုဆိုပါသည်။ ဆးနည်းမှာကြောင်လျာ၏ အသီး၊ အပွင့်နှင့် အရွက်နုကို မကြာမဏကြော်စားခြင်း၊ သုပ်စားခြင်း၊ အတို့အမြှုပ်လုပ်စားခြင်းနှင့် ရွက်ကျပင်ပေါက်ကို မီးကင်ပြီး နားနှစ်ဖက်အတွင်းသို့ နှစ်ရက်တစ်ကြိမ်လောက် အရည်ညှစ်ထည့်ပေးခြင်း ဖြစ်သည်ဟုဆိုပါသည်။ အင်္ဂလိပ်ဆေး သုံးစွဲခြင်း မရှိပါဟုဆိုပါသည်။ (၆)လလောက် လုပ်ရသည်ဟုဆိုပါသည်။

အသက်(၈၉)နှစ် နားမထိုင်းသောအဘိုးအိုထံကံစမ်းလိုသောစိတ်ဖြင့် ထီးထိုးရန် ထီးဆိုင်သို့အဝင် ထီလက်မှတ်ရောင်းနေသော အဖိုးအိုကိုတွေ့လေသည်။ အဘိုးအိုထံမှ ထီ လက်မှတ်(၅)စောင်ဝယ်ယူရာ မိမိပြောသောစကားသံကိုတိုးတိုးပြောရုံဖြင့် ကြားလေသည်။

မိမိ ။ ။ အဘိုး အသက်ဘယ်လောက်ရှိပြီလဲ…။
အဘိုး ။ ။ (၈၉)နှစ်ကွဲ့……။

မိမိ ။ ။ အဘိုးနားတွေ ကောင်းနေတုန်းပဲနော်…။ ဟုတ်တယ်ကွဲ့..။
အဘိုး ။ ။ အဘိုးနားအတွက် ဘာဆေးစားလဲ မေးမိရာ ကြောင်ရှာသီး

ကြောင်ရှာသီးသည် နားကို အလွန်ပြုကြောင်း၊ ငယ်စဉ်ကပင် နားပြည်ယို၊ နားကိုက်လျှင် ကြောင်ရှာသီး၊ ကြောင်ရှာရွက်ကို သုပ်စား၊ ကြော်စားနဲ့ အမြဲလိုပျောက်ကင်းကြောင်းနှင့် မကြာခဏ ရွက်ကျပင်ပေါက် သတ္တုရည်လေးကို နားတွင် မီးလေးကင်ပြီး နားထဲသို့ထည့်၍ နားကောင်းသည်ဟု ထင်သည်ဟုဆိုပါသည်။ ထိုပြင် အဘိုးအို၏ အိမ်အတွင်းတွင် ပန်းအိုးနှင့် စိုက်ပျိုးထားသော ရွက်ကျပင်ပေါက်ပင်အား လက်ညှိုးထိုးကာ ပြလိုပါတော့သည်။

ထို့ကြောင့် နားလေး၊ နားအူ၊ နားထိုင်းသူများ ကြောင်ရှာသီး၊ ရွက်၊အပွင့်နှင့် ရွက်ကျပင်ပေါက်အား အသုံးပြုနိုင်ပါကြောင်း သိမှီမှတ်သားဖူးသော ဆေးသုတတစ်ခုအား မျှဝေလိုက်ရပါသည်။

လိုသူတို့သုံး စိတ်နှလုံး ရွှင်ပြုံးနိင်ပါစေ။

HealthCare

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Comment

Your email address will not be published. Required fields are marked *