PoutPanPhyu

အရိုးကျီးပေါင်းရောဂါ နဲ့ သားအိမ်ကင်ဆာကို ပျောက်ကင်းစေသည့် ပေါက်ပန်းဖြူ

အရိုးကျီးပေါင်းရောဂါ နဲ့ သားအိမ်ကင်ဆာကို ပျောက်ကင်းစေသည့် ပေါက်ပန်းဖြူပင်

ပေါက်ပန်းပွင့်၏ဆေးစွမ်းသတ္တိများ

အပွင့်
အပွင့်သည် အေး၏။ ၃-ရက်ခြားဖျား။ ကြက်မျက်သင့်ခြင်းတို့ကို ပျောက်ကင်းစေ၏။ ခါးသက်သက် ရှိ၏။ ဝိပါက၌ စပ်၍ ကျေညက်၏။ နှာရည်ယိုခြင်း၊ သလိပ်နာ၊ သည်းခြေနာနှင့် လေရောဂါတို့ကို ပယ်နိုင်၏။

အရွက်
အရွက်သည် စပ်၏။ ချို၏။ခါးသက်သက် ရှိ၏။ သွေးကို စင်ကြယ်စေ၏။ ပိုးနာ, သလိပ်နာ, အဆိပ်သင့်နာ နှင့် သွေးဖောက်ပြန်သော ရောဂါတို့ကို နိုင်၏။

အသီး
အသီးသည် ကြေညက်လွယ်၏။ ဝမ်းသက်စေ၏။ အသိပညာကို ပွားစေ၏။ ဝိပါက၌ ချို၍ ကျေညက်၏။
သတိတရားကို ကြည်လင်စေ၏။ ထိုးအောင့်နာ၊ ဝါသင့်နာ၊ အဆိပ်နာ၊ မြစ်ခြောက်နာ၊ နှလုံးနာ ရောဂါတို့ကို ပျောက်ကင်း၏။

ရောဂါအလိုက်အသုံးပြုနည်းများ

ဝက်ရူးနာရောဂါ
ပေါက်ပန်းဖြူ ရွက်ကို ငြုပ်ကောင်းနှင့်အတူ နွားကျင်ငယ်နှင့် ကြိတ်၍ ရှုသော် ဝက်ရူးနာ ပျောက်၏။

မျက်စေ့အားနည်း
ပေါက်ပန်းဖြူ အပွင့်၏ သတ္တု ရည်ကို မျက်စေ့၌ ခပ်ပါက မျက်စေ့မှုန်ခြင်း၊ မျက်စေ့ဝေခြင်းတို့ကို ပျောက်ကင်း စေ၏။

မီးယပ်ဖြူ ရောဂါ
ပေါက်ပန်းဖြူ အစိုအခေါက်ကို ထောင်း၍ အရည်ညှစ်ယူပါ။ ၎င်းသတ္တုရည်ကို စင်ကြယ်သော အဝတ် (သို့မဟုတ်) ဂွမ်းတွင် စိုအောင် ဆွတ်၍ ယောနိတွင်ထည့်၍ ပေးပါကမီးယပ်ဖြူရောဂါပျောက်ကင်း၏။

အဆစ်အဆက်ရောင်ရောဂါ
ပေါက်ပန်းဖြူ (အနီပွင့်)၏ အမြစ်ကို ရေနှင့်ရောကြိတ်၍ မီးဖြင့် နွေးအောင်ပြုပြီးလျှင် ရောင်သောအဆစ်အဆက်များကို လိမ်းပေးမူ အဆစ်ရောင်ရောဂါ ပျောက်၏။

ခေါင်းတခြမ်းကိုက်ခြင်း
အပွင့် (သို့) အရွက်ကို အရည်ညှစ်ယူ၍ ၎င်းအရည်ကို ခေါင်းမကိုက်သော တဘက်ရှိ နှာခေါင်းမှ ရှုပါကပျောက်ကင်း၏။

ရောင်ရမ်းခြင်း
ပေါက်ပန်းဖြူ မြစ်နှင့် ပန်းတိုင်းမြစ်ကို ရေနွေးနှင့်သွေး၍ ရောင်ရမ်းသောနေရာသို့လိမ်းမူ ပျောက်ကင်း၏။

ကြက်မျက်သင့်ရောဂါ
ပေါက်ပန်းဖြူ ပွင့်ကို ပြုတ်စားပါက ကြက်မျက်သင့်ရောဂါ ပျောက်ကင်း၏။

စိတ်ဖောက်ပြန်သောရောဂါ
၎င်းအရွက်၏ သတ္တုရည်တွင်ချင်းခြောက်၊ ပိတ်ချင်း၊ ကြံသကာတို့ကို ဆတူရော၍ ရှု၍ ရှု၍ ပေးပါက စိတ် ပျံ့လွင့်ခြင်း ပျောက်ကင်း၏။

(အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်မှပေါက်ပန်းဖြူ ပင်အား ရောဂါအလိုက်အသုံးပြုနည်းမှ ကူးယူဖော်ပြ ပါသည်။

Credit-Thura Htay Aung)

Leave a Comment

Your email address will not be published. Required fields are marked *