အရိပ်မထွက်ပင်(သို့)ကျောက်ကပ်ပင်
မြေမှာကပ်ပေါက်၍ အရွက်ဖါးဖါး လိပ်ပြာတောင်ပံကဲ့သို အပင်ခြေတွင် ဥများ ကပ်လျှက် ရှိပါသည် ။
တောတောင်ထဲတွင် မိုးတွင်းရောက်မှသာ အပင်အစို့ ကလေးများ စတင်ထွက်တတ်ပြီး ၎င်းပေါက်သော နေရာမှလွှဲ၍ အခြားနေရာတွင် မပေါက်ပါ ။
မိုးတွင်းရောက်ပါက ၎င်းအပင်တွေ့ရှိသောနေရာတွင် ရှာပါက ပြန်လည်ပေါက်ရောက်နေသည် ကိုတွေ့ရှိရပါသည် ။
မြေမှာကပ်ပေါက်သောကြောင့် အရိပ်မထွက်ပင်ဟုတင်စားခေါ်ဝေါ်ပါသည် ။

ဆေးပင်၏ အဓိက ကောင်းပုံမှာ
ဆီးပူ /အောင့် သက်သာ ဆီးရွှင်ပြီး ကျောက်ကပ်မှ
ကျောက်များကို ကြေစေပါသည်။
ကျောက်ကပ် ဆေးပင်ဟုလည်း ခေါ်ပါသည်။
အရွက် ၇/၈ ခန့်ကို ရေစင်အောင်ဆေး၍ ဓါးဖြင့် ပါးပါးလှီးပြီး(၃) ရက်ခြား ၁ ကြိမ် သုတ်စားပါကကျောက်ကပ်နှင့်ဆီးရောဂါများ သက်သာပါကြောင်း ဗဟုသုတအဖြစ် တင်ပြပါသည်။
ဆေးပင်ကို မှာတာ ၁ နှစ်ကျော်ရှိပါပြီ ယခုမှ တပည့် ၁ ယောက်က ခူးပေး၍ စားရန် ရရှိသောကြောင့် ဆေးပင်ကိုမြင်ဖူးအောင် တင်ပြပေးခြင်း ဖြစ်ပါသည်။
ကျေးဇူးတင်ပါသည်။
Credit – Original