အရက်ဖြတ်ဆေး
သက်ရင်းကြီးမြစ်ကို ထန်းလျက်နှင့်စိမ်ကာ နေ့စဉ်သောက်ပေးပါက အရက်သောက်ချင် စိတ်ပျောက်ကွယ်သွားသည်ဟုဆိုသည်။ထိုနည်းဖြင့် အရက်ပြတ်လိုသူများ အရက်ပြတ်သွားခြင်း လက်တွေ့ မကြာခဏကြုံခဲ့ဖူးပါ၍ လိုသူတို့သုံးစွဲနိုင်ပါရန် တင်ပြလိုက်ပါသည်။
(၁)သက်ရင်းကြီးမြစ် (၁၀)သား (ခုတ်ထစ်ပြီးထည့်)
(၂)ထန်းလျက်(၅)ကျပ်သား
(၃)ဆားအနည်းငယ်
ထိုသုံးမျိုးကို စိမ်ပြီးနေ့စဉ်သောက်ပေးစေခြင်းဖြစ်သည်။ အရက်သောက်လိုစိတ်ရှိတိုင်း သောက်ပေးရသည်။ နောက်ပိုင်း အရက်သောက်လိုစိတ်မရှိတော့ပါ။အချို့ သက်ရင်းကြီးအရွက်အညွန့်လေးများကို မီးအုံးပြီးလည်း တို့စားကြသည်။ သက်ရင်းကြီး၏ ထူးခြားချက်မှာ လွန်ကဲစွာသုံးစွဲခြင်းကြောင့် မည်သည့်အခါမှအကျိုးယုတ်ခြင်းမရှိခြင်းဖြစ်သည်ဟု အရှင်နာဂသိန်ကျမ်းတွင်ဆိုပါသည်။ လက်တင်ဘာသာဖြင့် (Croton Oblongifolius) ဖြစ်သည်။ သက်ရင်းကြီးသည် အဆိပ်ကိုနိင်နင်းပြီး ဖောရောင်ခြင်းအတွက် ကုသရာတွင် ရှေ့တန်းကျကျ စွမ်းဆောင်နိုင်သောဆေးပင်ဖြစ်သည်။ ဆေးကျမ်းများတွင် သက်ရင်းကြီးနှင့်ပတ်သက်ပြီး ပျောက်ကင်း နိုင်သောရောဂါများစွာ ရှိနေကြောင်းဖေါ်ပြ ထားပါသည်။
Creditရဲမျိုးသူ(ဗောဓိမြိုင်)