BoatDanPin

အမျိုးသားများအတွက် သက်စောင့်ဆေးတစ်လက်ဖြစ်တဲ့ ဗုဒ္ဓသရဏံပင်

အမျိုးသားများအတွက် သက်စောင့်ဆေးတစ်လက်ဖြစ်တဲ့ ဗုဒ္ဓသရဏံပင်

မြန်မာနိုင်ငံအနှံ့ အပြားတွင် ပေါက်ရောက်သည်။အလေ့ကျ ပေါက်ရောက်သော်လည်း အလှ စိုက်ပင် အဖြစ်လည်း စိုက်ပျိုးကြသည်။

အပွင့်နု အသီးနု အသုံးပြုပုံ
၁။ ရေနွေးဖြော၍ တို့စားခြင်း၊ သုပ်စားခြင်းဖြင့် ဆီးနည်းခြင်း ချုပ်ခြင်းကို ပျောက်ကင်းစေရုံ မက အဖျားရောဂါကိုပင် ပျောက်ကင်းစေ၏။
၂။ ဆိတ်သားနှင့် စွပ်ပြုတ်လုပ်၍ သောက်ပါက ပန်းညှိုးသူများ လျင်မြန်စွာ ပန်းကို လန်းစေသည်။ ဝက်သား၊ နွားသားတို့နှင့် စွပ်ပြုတ် လုပ်သောက်ပါက ကုန်ဆုံးသွားသော အားကိုပြန်လည်ရစေပြီး ကိုယ် နှုတ် နှလုံး ရွှင်လန်းစေသည်။
၃။ အပွင့် ကလေးများ ပြုတ်၍ ရသော ရေဖြင့် ငါးမြွေထိုး၊ ငါးဟင်းချက်ရာတွင် လောင်း၍ ချက်ပြီး စားပါက မြီးညှောင့်ရိုးကိုက်သော ရောဂါ၊ ခါးကိုက်ခဲသောရောဂါ၊ ပိတ်ဝမ်း ရောဂါ တို့အား ပျောက်ကင်းစေရုံမက ဇက် ကြောတက်ရောဂါ၊ အနာရင်းသောကြောင့် နာကျင်ကိုက်ခဲသော ရောဂါ၊ ဝမ်းပျက်၊ ခံတွင်းပျက်၊ ခြေဆစ် လက်ဆစ် ညောင်းခြင်း၊ ပါးစပ် ချွဲခြင်း စသော ရောဂါများ ပျောက်ကင်းစေသည်။

အမြစ်အသုံးပြုပုံ
၁။ ပြုတ်ကျို၍ လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်တွင် ဆားပုပ်မှုန့် အနည်းငယ်ခတ်၍ သောက်က အဖျားရောဂါ ပျောက်ကင်းသည့်အပြင် လည်ချောင်းနာ၊ လည်ချောင်းပူ၊ ချွဲသလိပ်ကပ် ရောဂါများ ပျောက်၏။
၂။ထန်းလျက်နှင့် ပြုတ်ကျို၍ အကြမ်းပန်းကန် တစ်လုံးခန့် နံနက်တိုင်း သောက်ပါက အဖျဉ်းရောဂါ ပျောက်စေသည့်အပြင် ကိုယ်လက် နာကျင် ကိုက်ခဲခြင်းနှင့် ဝမ်းထဲရစ်၍ နာကျင်ခြင်း၊အသားအရေ နာကျင်ခြင်း၊ ပူလွန်း၊ အေးလွန်းခြင်း တို့ မြန်မကြာ ပျောက်စေသည်။

ဥတက်အသုံးပြုပုံ
၁။ ဓားနှင့် ပါးပါးလှီးပြီး အခြောက်လှန်း၍ ထန်းလျက်နှင့် ယိုထိုးကာ စမုန်မျိုး ငါးပါး အမှုန့် ပြု၍ ထည့်ပြီး ဖန်ဘူးတွင် ထည့်၍ နံနက် တစ်ခါ၊ ညအိပ်ရာ ဝင်တစ်ခါ ကွမ်းသီးလုံး ခန့် စားပါက ယောကျ်ား မိန်းမ ဒူလာ မီးယပ်ရောဂါ၊ သွေးသား မညီညွတ်ခြင်း၊ မီးယပ် ဝမ်းပျက်၊သွေးဆုံး၊ ကိုယ်လက် တို့၌ သွေးလေ မလျှောက်ခြင်း၊လိပ်ခေါင်း၊ ပန်းညှိုး၊ အသား အရေခြောက် ကပ်၊ အားအင် ကုန်ခန်းခြင်း၊ အသားအရ စေးထန်းထန်း ဖြစ်ခြင်း၊ ခါးနာ ၊ ထုံကျင်ကိုက်ခဲခြင်းနှင့် အသားဝါ ရောဂါ များ ပျောက်ကင်းစေသည်။
၂။ဥပြုတ်ရည်ကို ဒိုပါလာ သကြားနှင့် ဖျော်ပြီး နံနက် ညလက်ဖက်ရည် အကြမ်း ပန်းကန်လုံး တစ်လုံးကျ သောက်ပေးက အမျိုးသမီးများ အဖြူ အနီ ဆင်းခြင်း၊ မစားချင် မသောက်ချင်ဖြစ်ပြီး ပိန်ချုံးကာ ကိုယ်သား ကိုယ်ရေ နံစော်လာခြင်း၊ တစ်ကိုယ်လုံး ကျိန်းပြီး နာခြင်း၊ အသားအရေ ပူ၍ ပြာနှမ်းနှမ်း ဖြစ်ခြင်း၊ ခေါင်း ဦးရေ ကျိန်းခြင်း၊ အကြော အခြင် တင်းခြင်း၊ဝမ်းဖော ဝမ်းရောင် ခြင်း၊ သွေးပုပ် ဆန်ခြင်းနှင့် ဆီးရောဂါ ဖြစ်ခြင်းများကို ပျောက်ကင်းစေသည်။

credit – မူရင်း

Leave a Comment

Your email address will not be published. Required fields are marked *