GweToutYwat

အမျိုးသမီးများ အဖြစ်များလေ့ရှိတဲ့ ဒူးနာ၊ ခါးနာ ဝေဒနာတွေကို သက်သာ ပျောက်ကင်းစေတဲ့ ကိုယ်တွေ့ ဆေးနည်း

အမျိုးသမီးများ အဖြစ်များလေ့ရှိတဲ့ ဒူးနာ၊ ခါးနာ ဝေဒနာတွေကို သက်သာ ပျောက်ကင်းစေတဲ့ ကိုယ်တွေ့ ဆေးနည်း

စ်ခါမျှဝေပေးချင်တာကတော့ အမျိုးသမီးများ အဖြစ်များလေ့ရှိတဲ့ ဒူးခါးလက်တို့ နာကျင်ကိုက်ခဲခြင်း ဝေဒနာဆိုးကို သက်သာပျောက်ကင်းစေမယ့် ကိုယ်တွေ့ ဆေးနည်းကောင်းလေး ဖြစ်ပါတယ်။

ဆေးနည်း – ဂွေးဒေါက်ရွက် အနည်းငယ်ကိုထောင်း၊ ထွက်လာတဲ့ အရည်နဲ့ သနပ်ခါးကို သွေး၊ ဒူးကနေစပြီး ခြေဖြားအထိ လိမ်းရခြင်း ဖြစ်ပါတယ်။ရောဂါ အနုအရင့် အလိုက် နေ့စဉ် ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ရာဝင်တစ်ကြိမ် ပုံမှန် လိမ်းပေးမယ်ဆို့ သိသိသာသာ ပျောက်ကင်းလာပါလိမ့်မယ်။
ကိုနိုင်ဆိုသူ ရဲ့ ဇနီးဖြစ်သူဟာ တစ်နေကုန်မိုးမိပြီး ဒူးအဆစ်ရောင်ပြီး ကိုက်ခဲသွားပါတယ်။
ဆေးပေါင်းစုံလိမ်း စမ်းကြည့်ပေမယ့်လည်း သက်သာသလိုလိုနဲ့ မကောင်းဘူး ဖြစ်နေခဲ့တယ်။ နာက်ဆုံး ရေအိမ်ဝင်တာတောင် မထိုင်နိုင် မထနိုင်နဲ့ တော်တော်လေး ဆိုးနေတာကို မြင်သွားတဲ့ သူငယ်ချင်းတစ်ယောက် က ဂေါက်ရောဂါဖြစ်နေတဲ့ သူ့အမျိုးသမီးကို ထိုးဆေးနည်းနဲ့ ကုပေးရာက သက်သာပျောက်ကင်းသွားတယ်လို့ ပြောလာပါတယ်။ စမ်းကုကြည့်ပါဆိုတာနဲ့ ကုကြည့်လိုက်တာ တကယ် သက်သာပျောက်ကင်းလာတာကြောင့် အလားတူ ဝေဒနာရှင်များကို သက်သာစေချင်တာမို့ “ဂွေးဒေါက် နဲ့ သနပ်ခါး ဆေးနည်း” ကို တင်ပြပေးလိုက်ပါတယ်။

မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *