AhPuKan

အပူကန် လည်ချောင်းနာခြင်းတွေအတွက် ဆေးတစ်ခွက်

အပူကန် လည်ချောင်းနာခြင်းတွေအတွက် ဆေးတစ်ခွက်

ဆောင်းရာသီ ကဲ့သို့ အေးမြတဲ့ ရာသီ ရောက်လာတဲ့ အခါတိုင်း၊ ခန္ဒာကိုယ်တွင်း အပူ ဓာတ်များ သူတွေမှာ အပူကန် ထွက်လာပြီး လည်ချောင်း နာလေ့ ရှိကြပါတယ်။ အဲဒီလို အပူဓာတ်များသူတွေ အဖို့ ခါတိုင်းထက် ရေပိုသောက်ပေး ရမှာဖြစ်ပြီး၊ ပုံမှန်ရေချိုး နေကျ အတိုင်း တစ်နေ့ ၂ ကြိမ်(သို့မဟုတ်) အနည်းဆုံး ၁ ကြိမ် နေ့စဉ် ရေချိုးပေးဖို့ လိုပါတယ်။ကိုယ်လက်လှုပ်ရှား များများလုပ်ကာ၊ ကောက်ညှင်းပေါင်းလို ဝမ်းချုပ် စာတွေမ စားဘဲ၊ သင်္ဘောသီး၊ ဌက် ပျောသီးတို့ လို ဝမ်းနူးစာတွေကို စားပေးသင့် ပါတယ်။ အပူကန်၍ လည်ချောင်း နာတဲ့ ဝေဒနာဟာ လည်ချောင်းထဲကို မီးစနဲ့ ထိုးခံ ရသလို ပူစပ်ပူလောင် ခံစားရ ပြီး၊ အာသီးရောင် သကဲ့ သို့တံတွေး မြိုချတဲ့ အခါ တိုင်းနာ တဲ့အပြင်၊ လည်ချောင်းထဲက ယား၍ချောင်းဆိုး တတ်ပြန်တာကြောင့် အင်မတန် ခက်ရခက်တဲ့ ဝေဒနာတစ်မျိုးပါဘဲ။ဒိအတွက် စိတ်ညစ်မနေပါနဲ့။

ဟောဒီ မှာ ဆေးကောင်း တစ်လက် ရှိပါတယ်။ ဒီဆေးဖော်စပ်နည်းက လုပ်ရတာလွယ်ကူလို့ အထင်မသေးလိုက်ပါနဲ့ ဘေးထွက် ဆိုးကျိုး မရှိဘဲ ပျောက်ကင်း သက်သာ သွားစေမယ့် ဆေးကောင်းတစ်ခွက်ဖြစ် လို့ပါ။ သဘာဝ ပျားရည်စစ်စစ်၊ သံပုရာသီး၊ ဂျင်း စတဲ့ ပစ္စည်း ၃ – မယ်ရှိရင် ဆေးဖော်စပ်ဖို့ ရပါပြီ။ (၁၀၀%) သဘာဝပျားရည်စစ်စစ် ကို City Mart ဆိုင်များနဲ့ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ သံပုရာသီး ၁-လုံး ကို အစေ့ဖယ် အရည် မညှစ် ဘဲ ခပ်ပါးပါး အချပ်လေးတွေ လှီးပေးရပါမယ်။ ဂျင်း လက် ၂ ဆစ်ခန့်ကို အ ခွံနွှာပြီးနောက် ခပ် ပါးပါး အချောင်း မျှင်မျှင်လေး တွေရ အောင်လှီးဖြတ်ပါ) စောစော က လှီးဖြတ်ထားတဲ့ သံပုရာသီးအလွှာချပ်လေးတွေနဲ့ ဂျင်းအချောင်းလေးတွေ ကို ခြောက်သွေ့ သန့်ရှင်းတဲ့ ဖန်ပုလင်း လွတ် ၁- လုံး ထဲမှာ ထဲ့ပြီး၊ ၎င်း တို့မြုပ်ရုံ ပျားရည် စစ်စစ်ကို အပေါ်က လောင်းချ ပေးပါ။ ပြီးရင် ဖန်ပုလင်းလေလုံအောင် အဖုံးကို ကျပ်ကျပ်ပိတ်၍ ထိုအရောအနှော ၃-မျိုး ဂျယ်လီပုံစံပြောင်းသွားတဲ့ အထိ ရေခဲသေတ္တာ ထဲမှာ သိမ်းထား ရပါမယ်။ ဂျယ်လီဖြစ်လာ တဲ့အခါ ၎င်းကိုဇွန်းနဲ့ ခပ်ကာ မတ်ခွက် တစ်ခွက်ထဲပြောင်းထဲ့ပြီး ရေနွေး ဆူဆူလောင်းချ၍ ခပ်နွေးနွေး အနေ အထားမှာ စားလို့ ရပါပြီ။ ပျားရည်နဲ့ ဓာတ်ပြုထား တာကြောင့် သံပုရာခွံကိုဝါးစား လို့ရပါတယ်။ အဲဒီ အချိုးအစား အတိုင်း တစ်နေ့ တစ်ကြိမ်ကျ သောက်ပေးခြင်းဖြင့် ၃ – ရက်မျှကြာ တဲ့အခါ အပူကန်လည် ချောင်းနာများ ပျောက်ကင်းသွားပါ လိမ့်မယ်။(ပုလင်းဖုံး လုံလုံပိတ်ပြီး ရေခဲသေတ္တာထဲ မှာ ၂-လ ၃- လ ကြာတဲ့ အထိ သိမ်းထား လည်း ဆေးဓာတ်မပြယ်နိုင်ပါဘူး)

credit – မူရင်း

Leave a Comment

Your email address will not be published. Required fields are marked *