အနာဆွေးအနာအိုကြီးအတွက် ဘောစကိုင်း
ဘောစကိုင်းပင်ကို အဝေရာဟုလည်းခေါ်၏ သိသူတို့အကျိုးကများလှ၏။ အကြောင်းကရှိ၏ပျောက်ကင်းတော့မှာ မဟုတ်ပါထင်ရသော အဒေါ်၏ခါးတွင်ပေါက်သော အနာမှာနှစ်ချီခဲ့လေသည်။
တဖြည်းဖြည်းလှိုက်စားလာကာ အနာတွင်းနက် စိတ်ပျက်ဖွယ်ဖြစ်ရသည်။မိဘဆွေမျိုးများ
အာလုံးစိတ်မကောင်းဖြစ်ရသည်။ဆရာစုံစွာ လက်လည်းကုန်လေပြီ။
အနာဟောင်းကြီး ဘောစကိုင်းဖြင့် ပျောက်ကင်းခဲ့သည်။
အင်္ဂလိပ်မြန်မာဆေးတို့ဖြင့် ဆေးပေါင်းခနေသော အနာသည်အလွန်ပေါပေါ လမ်းဘေးတောတွင်ပေါက်သော ဘောစကိုင်းအရွက်ကကုစားပေးနိုင်ခဲ့လေသည်။
ဘောစကိုင်းရွက်ကိုခူးပြီး ရေစင်အောင်ဆေးကာ ကြေညက်အောင်ထောင်းပြီး အနာတွင် အုံပေးခြင်းဖြစ်ပါသည်။ပြည်တရွဲရွဲ စိတ်ညစ်ဖွယ်အနာကြီးကို
ဘောစကိုင်းရွက်ပြုတ်ရည်ဖြင့်နေစဉ် ဖန်ရည်ဆေးပေးခြင်း အရွက်အုံစည်းခြင်းသာဖြစ်သည်။
ပုံမှန်လုပ်ကိုင်းပေးရင်း(15)ရက်အကြာ အနာနုတ်ခမ်းဝအသားနု တက်လာကာ တဖြည်းဖြည်းခြောက်လာပြီး အပြီးတိုင်
ပျောက်ကင်းခဲ့ပါသည်။
အနာဆွေးအနာအိုးကြီး ဘောစကိုင်းရွက်ဖြင့်အမှန်ပျောက်ကင်းခဲ့ပါသည်ဆို၍ တင်ပြမိပါသည်။
အချို့ အနာဆွေး အနာအိုကြောင့် စိတ်ညစ်နေရပြီး ဆေးခန်းပြသရန်အခက်ကြုံသူတို့ ဘောစကိုင်းရွက်ကို ဖန်ရည်ဆေးခြင်းကြိတ်အုံခြင်းဖြင့် ပျောက်ကင်းစေပါကြောင်း။
မူရင်းရေသားသူအားလေးစားလျက်