အဆစ်နာ ကိုက်ခဲသူများအတွက် ဂွေးတောက်ရွက်နှင့် သနပ်ခါး ဆေးနည်း (ကိုယ့်တွေ့)
ကိုယ်တွေ့ ဆေးနည်းလေးပါ ကျွန်တော်၏ ဇနီးမှာ တစ်နေကုန် မိုးမိပြီးနောက် ဒူးအဆစ်မှာ ရောင်နေပြီး ကိုက်ခဲလျှက် ရှိပါသည်။
ဆေးပေါင်းစုံ လိမ်းစမ်းကြည့်ပါသည် သက်သာသလိုလိုနှင့် ပို၍သာ ဆိုးလာပါသည်။ နောက်ဆုံး ရေအိမ်ဝင်ရာတွင် မထိုင်နိုင် မထနိုင်နှင့်ပင် တော်တော်လေး ဆိုးနေရာ သူငယ်ချင်း တစ်ယောက်မှ ဂေါက်ရောဂါ ဖြစ်နေသော သူ၏ သမီးအား ထိုဆေးနည်းနှင့် ကုပေးရာ သက်သာ ပျောက်ကင်းသွားသဖြင့် စမ်းကုကြည့်ပါဟု ဆိုသဖြင့် သုံးကြည်ရာ ပျောက်ကင်းပါသောကြောင့် အလားတူ ဝေဒနာရှင်များအား သက်သာပါစေခြင်းငှာ တင်ပေးလိုက်ပါသည်။
ဆေးနည်းမှာ ဂွေးဒေါက်ရွက်ကို ရေ အနည်းငယ်နှင့် ထောင်း၍ ၎င်းအရည်နှင့် သနပ်ခါးကို သွေး၍ ဒူးမှစ၍ ခြေဖြားထိ လိမ်းပေးရန် ဖြစ်ပါသည်။
ရောဂါ အနုအရင့်အလိုက် နေဘစဉ် ရေချိုးပြီး တစ်ကြိမ်၊ ည အိပ်ယာဝင် တစ်ကြိမ် လိမ်းပေးပါ။ သိသာစွာ သက်သာလာပါမည်။
Credit : Mg Naing