AhSarEain1

အစာအိမ်ရောဂါ အမျိုးမျိုးအတွက် မြန်မာ့ရိုးရာဆေးနည်း

အစာအိမ်ရောဂါ အမျိုးမျိုးအတွက် မြန်မာ့ရိုးရာဆေးနည်း

အစာအိမ်ရောဂါ အမျိုးမျိုးနဲ့ အစာမကြေ ရင်ပြည့်ရင်ကယ် စတာတွေအတွက် ဆေးကောင်းတစ်လက်ကို မျှဝေပေးလိုက်ရပါတယ်။အစာအိမ်သမားများ အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ အစားစားပြီးတိုင်း အောင့်ခြင်းစသည်ဖြင့် အမျိုးမျိုးဖြစ်ရကာပျို့အန်ခြင်း၊ သွေးဝမ်းသွားခြင်းပင် ဖြစ်တတ်ပါသည်။ ထိုဝေဒနာများ မခံရအောင် နည်းကောင်းလေး တင်ပြအပ်ပါသည်။

ဆေးနည်
(၁) ငှက်ပျောသီး ဖီးကြမ်း(၂)ဖီးကို အခွံနွှာပြီး ပါးပါးလှီး၍ နေတွင် လှန်းပါ။ ပြီးလျှင် အမှုန့်ကြိတ်ပါ (သို့)ထောင်းပါ။
(၂) နွယ်ချိုမှုန့် ဟင်းခပ်ဇွန်း (၂)ဇွန်းမျှ ထည့်ပါ။
(၃) နနွင်းမှုန့်စစ်စစ် ဟင်းခပ်ဇွန်း(၁)ဇွန်း ထည့်ပါ။ ထို(၃)မျိုးကို ရောစပ်ပြီး လေလုံသော ဖန်ဗူးထဲသို့ ထည့်ထားပါ။

သုံးစွဲရန်
နေ့စဉ် နံနက်တစ်ကြိမ် / ညတစ်ကြိမ် ကော်ဖီဇွန်း(၁)ဇွန်းကို ပုံမှန် စားပေးပါ။ ထိုဆေးသည်အစာအိမ်ကို အားရှိစေပြီးအစာအိမ်နာ၊ လေအောင့် လေနာနှင့် အစာအိမ် အချဉ်ပေါက်ခြင်းကင်းဝေးစေပြီး အစာအိမ်ရောဂါ သက်သာပျောက်ကင်းစေပါကြောင်း။သိမီသမျှ အစာအိမ်ဆေးနည်းအား တင်ပြလိုက်ပါသည်။ နွယ်ချိုမှုန့်ကို ပရဆေးဆိုင်တွင် လွယ်ကူစွာ ဝယ်ယူနိုင်ပါသည်။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Comment

Your email address will not be published. Required fields are marked *