အစာအိမ်ရောဂါပျေက်တဲ့ သဘာဝဆေးနည်း
အစာအိမ်ရောဂါအတွက် ဆေးအမျိုးမျိုးသုံးပြီး မသက်သာလို့ စ်ိတ်ညစ်နေသူများ အောက်ပါ သဘာဝဆေးနည်းလေးကို သုံးကြည့်နိုင်ပါတယ်။ လက်တွေ့ပျောက်တဲ့ဆေးနည်းလေးမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပါ၀င်သော ပစ္စည်းများ-
၁။ အာလူးစိမ်း
၂။ ဂျင်း
၃။ ပျားရည်
ပြုလုပ်နည်း
၁။ အာလူး ၁၅ ကျပ်သား (၃ လုံး၊ ၄ လုံးခန့်) ကို ရေစင်အောင်ဆေးပြီး အခွံမခွါပဲ နုတ်နုတ်စင်းလိုက်ပါ။
၂။ ရေအနည်းငယ်ဖြင့် ဆန်ပြုတ် ပြုတ်သကဲ့သို့ ပြုတ်ပေးပါ။
၃။ ဂျင်းအနည်းငယ်ကို ထည့်ပေးပါ။ (ရင်ပြည့်ရင်ကယ်မဖြစ်စေရန်)
၄။ ၄င်းအာလူးစိမ်းပြုတ်ရည်ကို ပျားရည်စစ်စစ် တစ်ဇွန်းခန့်ထည့်ပြီး သောက်ပါ။
၂ ပတ်ကို တစ်ကြိမ်ခန့် သောက်ပေးပါက အစာအိမ်ရောဂါ ပျောက်ကင်းသွားပါလိမ့်မယ်။
(သတိပြုရန်)
၁။ အစိမ်းရောင်ဖြစ်နေသော အားလူးများကို လုံး၀မသုံးရပါ။ အစိမ်းရောင်ဖြစ်နေသော နေရာများကို ကွင်းပြီး ထုတ်ပစ်ရမည်။
၂။ အားလူးမှာ ကစီဓါတ်များစွာပါ၀င်နေသည့်အတွက် ဆီးချို၊ သွေးချိုသမားများအတွက် သောက်ရန် မသင့်ပါ။ အစာအိမ်သမားများ ရောဂါသက်သာပျောက်ကင်းပြီး ကျန်းမာချမ်းသာကြပါစေ။
Credit