အကောင်းဆုံး ဆီးချိုကျသည့် သဘာဝဓာတ်စာ
များများရှယ်ပေးကြပါဗျာ ကုသိုလ်ရပါတယ်။ ကျနော်ငယ်ငယ်ထဲက သကြားမကြိုက်လှပေမယ့် လွန်ခဲ့တဲ့၇နှစ်လောက်က စပြီး ဆီးချိုရှိလာခဲ့တယ်။ ဆရာမကြီး ဒေါက်တာဒေါ်သန်းသန်းအေးနဲ့ ပြလို့ သူညွန်ကြားတဲ့အတိုင်း သောက်လာခဲ့တာ ဒီချိန်မှာတော့ metformin တလုံး၃ကြိမ်၊ Diamecron ၃၀mg တကြိမ်၊ Clopelet,Prolomeg နေ့စဉ်တကြိမ်စီ၊ သောက်နေပေမယ့် မနက်အိပ်ယာထဆို ၁၂၀ အထက် အစာစားပြီး၂နာရီ ၂၀၀အပေါ်နား ရောက်နေပြီး Controlမရဖြစ်လာပါတယ်။ ဆရာမကြီးကို ထပ်ပြရင်လည်း ဆေးတွေတိုးတော့မှာမို့ စိတ်ညစ်နေတုန်း internet မှာ ကြက်သွန်နီစားခြင်းရဲ့ အကျိုးကျေးဇူးတွေ ဖတ်လိုက်ရတယ်။
YouTube မှာလည်း ရေးထားတာ တွေ့ရတယ်၊ သူက ဆီးချိုသွေးချိုရော၊ ဆီးရောဂါရော အတော်ကောင်းတယ်၊ နောက်ပြီး တုတ်ကွေး အအေးမိ၊အမျိုးသား အင်အားကုန်တာတွေရော၊ဒါနဲ့ စမ်းကြည့်မယ် စိတ်ကူးမိပါတယ်။ ကြက်သွန်နီ အနေတော် ၃လုံးကို အခွံနွာ ရေဆေးပြီး အကွင်းလိုက်လှီးပါတယ်။ နောက်ပျားရည်အစစ်ထည့်ထားတဲ့ ပုလင်းကျယ်ထဲ မြုတ်ယုံထည့်ပြီး ပျားရည်ကို စိမ့်ဝင်စေပါတယ်။ ပြီး ည အိပ်ယာမဝင်ခင် တဇွန်း(ကြက်သွန်နီ၄ကွင်းခန့်) စားခဲ့ပါတယ်။နောက်နေ့မနက် အိပ်ယာထ အစာမစားခင်
ဆီးချိုတိုင်းတော့ ၁၁၅ဘဲရှိတော့တာ တွေ့ရပါတယ်။ မယုံချင်တာနဲ့ တပါတ် တိတိရက်ဆက်စားပြီး မနက်တိုင်း တိုင်းတာတာ ၁၁၅-၁၁၈ကနေ မတက်တော့ပါ။ဒီကြားထဲ ဒါန်ပေါက်၊ချောကလက်စတဲ့ သွေးချိုတက်စာတွေ၊အိပ်ခါနီး အစာများများစားလည်း တက်မလာတော့ဘဲကို တွေ့ရတယ်၊ အလွန်ဘဲ ဝမ်းသာမိခဲ့ပါတယ်။
ကြက်သွန်နီဆိုတာက စျေးလည်းမကြီး၊ လွယ်လွယ်နဲ့လည်းရ၊ ဘေးထွက်ဆိုးကျိုးလည်း မရှိတဲ့အတွက် ဆီးချို ဝေဒနာသည်၊ ဆီးသမားတွေပါ စမ်းကြည့်သင့်ပါတယ်၊ဆီးမထိန်းနိုင်တဲ့ရောဂါပါ သက်သာ ပျောက်ကင်း စေပါတယ်။ ဆီးချို တအားများတဲ့သူတွေ မနက်ည ၂ကြိမ်စားလျင် ပိုကောင်းပါတယ်။ ခုဆေးနည်းက ကရိကထ မများတဲ့ သဘာဝဆေးနည်းမို့ စမ်းသုံးကြည့်ကြ စေချင်ပါတယ်။ ယခုလို မျှဝေတာကို သုံးစွဲကြည့်ကြလို့ ဝေဒနာများ ပျောက်ကင်း သွားမယ်ဆိုရင် ကျနော်အနေနဲ့ အလှူတခုလို ဒါနကုသိုလ် ရလိမ့်မယ်လို့ ယူဆမိပါတယ်ခင်ဗျာ။
Copied by Angle