KaZoonYoeNi1

သွေးတိုး၊သွေးပြစ်၊ဆီးချို၊သွေးချိုအတွက်

သွေးတိုး၊သွေးပြစ်၊ဆီးချို၊သွေးချိုအတွက်

အမြဲသောက်သုံးသင့်သည့်ဆေးတော်ကြီးဟင်းရည်

တကယ်ကိုဆေးစွမ်းထက်တဲ့ဟင်းရည်မလို့ဆေးတော်ကြီးဟင်းရည်လို့ခေါ်ပါတယ်၊ ပါဝင်တဲ့ဆေးအမယ်တွေက လယ်ကန်စွန်းရိုးနီနဲ့ ကင်ပွန်းချဉ်ရွက်ပဲဖြစ်ပါတယ်။ သူတို့ကို သမားတော်ကြီးနှစ်ဦးလို့ဆိုသင့်ပါတယ်။ကျွန်တော့်ဆရာတွေကတော့”ဝိဇ္ဇာညီနောင်”လို့တင်စားခဲ့ကြပါတယ်။ ကန်စွန်းရိုးနီက သွေးအပြစ်ပြုတာတွေရှင်းလင်းကုသပေးပြီး ကင်ပွန်းချဉ်ကတော့သွေးတွင်းပိတ်ဆို့တာကို ရှင်းပေးပြီးဝမ်းကိုအကျိုးပြုတယ်လို့ အဓိကအကြောင်းရင်းကိုအတိုချုပ်ရှင်းပြဖူးပါတယ်။ ဆရာတွေပြောခဲ့သလို တင်စားပြီးပြောပါ့မယ်။ ဒီဆေးဝိဇ္ဇာညီနောင်ဟင်းရည်ကို စားကောင်းသလိုချဉ်ရည်ဟင်းချက်ပြီး ထမင်းမစားမီဆယ့်ငါးမိနစ်ခန့်ကြိုတင်ပြီး ဟင်းရည်တစ်ပန်းကန်ကြိုသောက်ထားရင် ဝမ်းထဲမှာပြည့် တင်းနေတဲ့လေတွေ ပြိုကဲပြီးအစာစားခြင်း စိတ်ကိုဖြစ်ပေါ်စေပါတယ်၊ ထမင်းစားနေစဉ်နဲ့စားအပြီးမှာသောက်ရင်လည်း သွေးပြစ်သွေးတိုးခြင်းနဲ့ဆီးချိုသွေးချို တက်ခြင်းကင်းဝေးကာ စိတ်ကြည်လန်းဆန်းစေပါတယ်။

မှတ်ချက်။ ။သွေးပြစ်သွေးတိုး၊ဆီချိုသွေးချိုတက်ခြင်း၏အဓိကအကြောင်းရင်းတစ်ခုမှာ အစာမကြေခြင်းဝမ်းချုပ်စမြင်းခံခြင်းများကြောင့်ဖြစ်လေ့ရှိပါသည်။ ဝမ်းချုပ်စမြင်းခံခြင်းကိုဖြစ်စေသည့် အစာစားနေစဉ်နှင့်စားပြီးပြီးခြင်း ရိုးရိုးရေအေး၊ ရေခဲရည်စသည်တို့ကို လုံးဝမသောက်ပဲရှောင်ကြဉ်ကြပါရန် အကြံပြုပါ၏။ အစားစားနေစဉ်ရေနွေးသင့်ရုံနှင့်ဟင်းရည် တဝသောက်၍ရပါသည်။
အစာစားပြီးပါက အစာကြေစေရန် အညာထန်းလျက်အညိုတစ်ခဲနှစ်ခဲကို ရေနွေးဖြင့်သောက်သုံးပေးကြပါ။ ရေအေးကိုမူထမင်းစားပြီး တစ်နာရီကျော်မှသာ နည်းနည်းခြင်းသာသောက်ပါရန်။

ဤသို့ဆင်ခြင်ညဏ်ရှေ့သွား စားသောက်နေထိုင်ပြီး ဝိဇ္ဇာညီနောင်ဟင်းရည်ကို မှီဝဲသောက်သုံးသွားပါက သွေးပြစ်၊သွေးတိုး၊ဆီးချိုသွေးချိုဝေဒနာများနှင့်အဆစ်အမြစ်ကိုက်ခဲဝေဒနာများအတွက်ဆေးတိုးကာကျန်းမာလာနိုင်မည်ဖြစ်၍လယ်ကန်စွန်းရိုးနီကင်ပွန်းချဉ်ဆေးတော်ကြီးဟင်းရည်ခေါ်ဝိဇ္ဇာညီနောင်ဟင်းရည်ကိုသောက်သုံးသင့်ကြောင်းပါဗျာ။

“ကျန်းမာချမ်းသာကြပါစေ”

Credit

Leave a Comment

Your email address will not be published. Required fields are marked *