SayPuLaePin

သွေးတိုးရောဂါနှင့် ဝမ်းချုပ် ဝမ်းခိုင်သူများအတွက် ဆေးပုလဲပင်

သွေးတိုးရောဂါနှင့် ဝမ်းချုပ် ဝမ်းခိုင်သူများအတွက် ဆေးပုလဲပင်

ဆေးပုလဲပင်ဟာ သွေးတိုးနှလုံးနဲ့ နောက်ကျောတက်၊ မျက်စိမှုံ ကြည့်မကောင်း သူများအတွက် ယူပစ်သလို သက်သာ ပျောက်ကင်းတာကြောင့် အထူးသင့်လျော်တဲ့ ဆေးနည်းကောင်း တလက်ဖြစ်ပါတယ်။ ဆေးပုလဲပင်ဟာ နေရာဒေသမရွေး စိုက်ပျိုးနိုင်သော်လည်း အအေးကြိုက်နှစ်သက်သော အပင်ဖြစ်သည်။ အလေ့ကျ ပေါက်ရောက်သော အပင်တမျိုးဖြစ်ပြီး မိုးဦးကျကာလ၌ မျိုးစေ့ကျ ပေါက်ရောက်၍ ဆောင်းကုန် နွေကာလတွင် အပွင့်မှ အသီးအဖြစ်ရောက်ရှိသည်။ ဆေးအသုံးပြုပုံမှာ ၎င်း ဆေးပုလဲပင်၏ အရွက်အစိမ်းကို ဒီအတိုင်း ဝါးစားကာ ရေအေးဖြင့် သောက်သုံးပေးရပါမည်။ ဆေးသောက်သုံးပြီး နာရီပိုင်းအတွင်း ဗိုက်ယစ်ခြင်း ဗိုက်အောင့်ခြင်းမရှိပဲ လွယ်ကူစွာ ဓါတ်ဝမ်းသွားပါသည်။ ဓါတ်ခိုင်သူများအဖို့ ဆေးရွက် တစ်ရွက်မှ ၂ ရွက် ၃/၄ ရွက် စသည်ဖြင့် ချင့်ချိန်၍ စားပါ။

Credit

Leave a Comment

Your email address will not be published. Required fields are marked *