၁။ ရှောက်သီးအခွံပါ ၄စိတ် စိတ်ပြီးမတ်ခွက်တွင် ထည့်ရေနွေးစိမ် ထားပြီးအအေးခံ ၍တစ်နေ ကုန်သောက် ပါ။
၂။ ရှောက်သီးအရည် ညှစ်၃ ဇွန်း+ပျားရည်စစ်စစ် ၁ ဇွန်းထမင်းစားပြီးသောက်ပါ။
၃။ ရှောက်ရွက်အနု၊ အရင့်တစ်နေ့ လျှင် ၇ ရွက်မှ ၁၀ ရွက်ခန့် နေ့စဉ်အတို့အမြှုပ်ပြုလုပ် ၍စားပါ။
၄။ ငါးပိရည်၊ငံပြာရည် ၊ငါးခြောက်စသည်တို့ သည်မြန်မာလူမျိုးတို့နှင့် မကင်းနိုင်သော အစာများဖြစ်သည် ။ ထိုအစာများစား သည့်နေ့တွင်ဒန့်သလွန်ရွက် ဟင်းချိုကို ကြက်သွန်ဖြူ နိုင်နိုင်ဖြင့်ချက်ပြီးတွဲ ဖက်သောက်ပေးပါ။
၅။ ဒန့်သလွန်သီး အရင့်များကို နေဖြင့်အခြောက် လှန်းထားပြီးသွေးအလွန် တိုးလျှင်၂စေ့၊၃စေ့ဝါးစားပါ။
၆။ သင်္ဘောအဖိုပင် ၏အပွင့်ကို ပြုတ်၍စားပါ ကသွေးတိုးရောဂါ သက်သာစေသည်။
၇။ ကြက်သွန်နီကို ထက်ခြမ်းခြမ်းရေ တစ်ဖန် ခွက်တွင်စိမ်၍ နံနက်အိပ်ယာ ထစောစောသောက်ပေးလျှင် သွေးတိုးရောဂါ ကိုကာကွယ်သည် ။နံနက်အိပ်ယာ ထချိန် ခေါင်း ကိုက်ခြင်းကို သက်သာစေသည်။
၈။ ပြောင်းဖူး၏ ထိပ်မှအမွှေးကိုပြုတ် ၍အရည်ကိုအကြမ်းပန်း ကန်တစ်လုံးစာသောက် လျှင်သွေးတိုးရောဂါ သက်သာစေ သည်။
၉။ ချင်းလက် နှစ်ဆစ် ကိုထုထောင်းအ ရည်ကိုယူ သံပရာသီး တစ် လုံးအရည်နှင့် ပျားရည် တစ်ဇွန်းစပ်နေ့ စဉ်သောက်ပါ ။သွေးတိုးရောဂါဘေး ကင်းဝေးနိုင်သည်။
Credit
