သွားပိုးစားခြင်းအတွက် သဘာဝဆေးကုထုံး (၃) မျိုး
ဘာစားစားတဆစ်ဆစ်ကိုက်နေပြီး သက်တောင့်သက်သာတောင်မရှိတော့ပါဘူး။ သွားထဲမှာအစာတွေကျန်ခြင်း၊ အချိုရည်တွေနင်းကန်သောက်ခြင်း၊ ခံတွင်းသန့်ရှင်းမှုမရှိခြင်း စတာတွေက သွားပိုးစားခြင်းရဲ့အဓိကအကြောင်းအရင်းတွေပါ။ သွားပိုးစားတာကို သတိထားမိတာနဲ့ ကုသသင့်ပါတယ်။
ပေတေပြီးထားလေလေ သွားအမြစ်ကြောတွေအထိပါထိသွားနိုင်တာမို့ဝေဒနာမပြင်းခင် ကုသလိုက်ပါ။
ကုသပါဆိုတာနဲ့ ဆရာဝန်ဆီပြေးမှမဟုတ်ပါဘူးနော်။

သွားပိုးစားတာကို အခုပြောပြပေးမယ့် သဘာဝနည်း (၃) မျိုးနဲ့ကုလို့ရတယ်နော်။
၁။ အုန်းဆီ
အုန်းဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာလောက်ကို ပါးစပ်ထဲငုံပြီး ဟိုလိမ့်ဒီလိမ့်လုပ်ပေးပါ။ ပြီးရင်တော့ ထွေးထုတ်ပြီး ကြက်သီးနွေးရေနဲ့ ပလုတ်ကျင်းပေးပါ။
အဲ့ဒီ့နောက်တော့ ပုံမှန်အတိုင်း သွားတိုက်လိုက်ပါ။
တစ်နေ့ (၂) ကြိမ်လုပ်ပေးပါ။
၂။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူ (၂) မွှာကို အခွံခွာပြီး ငရုတ်ဆုံထဲထည့်ပါ။ ဆား လက်ဖက်ရည် (၁) ဇွန်းထပ်ထည့်ပြီး နှစ်ခုလုံံးကိုရောထောင်းပါ။ အနှစ်ရလာတဲ့အခါမှာတော့ ကိုက်တဲ့သွား (သို့) ပိုးစားတဲ့သွားအပေါ်နာရီဝက်လောက် အုံပေးပါ။တစ်နေ့(၂) ကြိမ်ကို တစ်ပတ်လောက်ပုံမှန်လုပ်ပေးရင် သက်သာသွားပါလိမ့်မယ်။
၃။ သဘာဝသွားတိုက်ဆေး
ပန်းကန်လုံးလေးထဲမှာ အုန်းဆီ စားပွဲတင်ဇွန်း (၂) ထည့်ပါ။ ပြီးရင် ဆားကြမ်း တစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်း ထပ်ထည့်ပြီး အားလုံးကိုရောမွှေပါ။ ပြီးရင်တော့ ဖန်ဘူးတစ်ခုထဲထည့်ထားပြီး သွားပိုးစားတဲ့အခါ သာမန်သွားတိုက်ဆေးမျိုးမသုံးပဲ အစားထိုးအသုံးပြုပေးပါ။
ဒီသဘာဝနည်း (၃) မျိုးကိုသိရပြီဆိုရင်တော့ သွားပိုးစားတဲ့အခါမျိုးမှာ အကျိုးရှိရှိအသုံးချလို့ရသလို အခြားသူတွေသိရအောင်လည်း မျှဝေပေးပါဦး။