TwarPout

သွားတွေကိုအခေါင်းပေါက်ဖြစ်စေမည့်အလေ့အကျင့်ဆိုး(၄)ခု

သွားတွေကိုအခေါင်းပေါက်ဖြစ်စေမည့်အလေ့အကျင့်ဆိုး(၄)ခု

သွားတွေ အခေါင်းပေါက်ဖြစ်ပြီး ကိုက်ခဲနေလား…
သွားကိုက်တာဟာ နာကျင်မှုတွေထဲမှာ အဆိုးဆုံးလို့ဆိုရလောက်အောင်ပါပဲ။ လူတိုင်းဟာ သွားအခေါင်းပေါက်ဖြစ်ပွားတာမျိုး ကြုံရတတ်ပါတယ်။
ဒါဟာ အောက်ပါအလေ့အကျင့်ဆိုးလေး တွေကို အမြဲလုပ်မိနေတတ်တာကြောင့်ပါ။ ဒီလိုအလေ့အကျင့်ဆိုးတွေကို ကိုယ်ကိုယ်တိုင်လည်း ရှောင်ကြဉ်ပြီး သားသမီးငယ်တွေကိုပါ သင်ကြားပေးခြင်းအားဖြင့် သွားပိုးစားခြင်း၊ သွားကိုက်ခြင်းမှ ကင်းဝေးမှာဖြစ်ပါတယ်။

၁ – အချို
ချိုတဲ့ အစားအသောက် တွေနဲ့ သကြားများတဲ့ အစားအသောက်တွေကို စားသုံးတာဟာ သွား အခေါင်းပေါက်ဖြစ်ခြင်းရဲ့ အဓိက အကြောင်းအရင်းတွေ ဖြစ်ပါတယ်။
သကြားဟာ ခံတွင်းထဲက pH အတိုင်းအတာကို လျော့ကျစေပါတယ်။ ခံတွင်းအတွင်းမှာ ပိုးမွှားထုတ်လုပ်မှုနဲ့ အက်ဆစ် ထုတ်လုပ်မှုဟာ မြင့်တက်လာတာကြောင့် ဖြစ်ပါတယ်။

၂ – ဆိုဒါ
ဆိုဒါပါတဲ့ အချိုရည်တွေကို သောက်ခြင်းကလည်း pH အဆင့်ကို လျော့ကျစေတာပါပဲ။ ဒီလို အအေးတွေ၊ ဖျော်ရည်တွေကို သောက်မယ်ဆိုရင် ပိုက်နဲ့စုပ်ပြီး သောက်တာပိုကောင်းပါတယ်။
ဒါမှမဟုတ် သောက်ပြီးတဲ့အခါ ရေနဲ့ ပါးလုပ်ကျင်းပေးခြင်းမျိုးနဲ့ ဖယ်ရှားပေးနိုင်ပါတယ်။

၃ – သွားတိုက်ဖို့မေ့ခြင်း
အိပ်ရာမဝင်ခင် သွားတိုက် ဖို့ဟာ မေ့လေ့ရှိတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ စားကြွင်စားကျန်တွေဟာ သွားကြားတွေမှာ ကျန်ခဲ့ပြီး ပိုးမွှားတွေကို ဖိတ်ခေါ်သလို ဖြစ်နေတာပါ။
သွားတွေဟာ ခိုင်မာခြင်းမရှိတော့ဘဲ အခေါင်းပေါက် တွေ ဖြစ်လာတာပါ။ သွားမတိုက်တဲ့အခါ သွားရည်ထုတ်လုပ်မှုဟာ လျော့နည်းသွားပါတယ်။ သွားရည်တွေဟာ သွားကို ခိုင်မာအောင် ပြုလုပ်ဖို့ရာမှာ အဓိကကျပါတယ်။

၄ – ရေခဲ
ရေခဲ ကို ဝါးစားခြင်းမျိုးဟာလည်း သွားအတွက် ကောင်းတဲ့ အလေ့အကျင့် မဟုတ်ပါဘူး။ သွားတွေဟာ ကျိုးပဲ့လွယ်ပြီး အခေါင်းပေါက်တွေ ဖြစ်လာပါတယ်။
ဒီလို အမာတစ်ခုခုကို ဝါးစားတဲ့အကျင့်ကို ရှောင်သင့်ပါတယ်လို့ သွားဆရာဝန်တွေကဆိုထားပါတယ်။

Credit: DUWUN

Leave a Comment

Your email address will not be published. Required fields are marked *