PhanKharTee

သွားကိုက်သွားနာ ပျောက်ကင်းလိုလျှင်

သွားကိုက်သွားနာ ပျောက်ကင်းလိုလျှင်

သွားကိုက် သွားနာ သွားပိုးစားရေစီးကမ်းပြိုစသည့်သွားဝေဒနာအမျိုးမျိုးကိုသက်သာပျောက်ကင်းစေရန်ဖန်းခါးသီး

အစို{သို့မဟုတ် }ဖန်းခါးသီးအခြောက်{၃}လုံးခန့်ကို ထုထောင်းပါ….။
လေးညှင်းပွင့်{၃}ပွင့်ခန့်ရော၍ထုထောင်းပါ။ ဆားအနည်းငယ်လဲထည့်ပေးပါ။ ဖန်းခါးသီး လေးညှင်းပွင့် ထုထောင်းပြီးသား အဖတ်များကိုဖန်ခွက်ကြီးတွင် ထည့်၍ရေနွေးကျက်ကျက်ဆူလောင်းထည့်ပါ။

ဖန်ခွက်ကြီးတစ်ဝက်ရေနွေးခန့်လောင်းထည့်ပါ။ ဖန်ခွက်အဖုံးပိတ်ထားပါ။ အနည်းငယ်အအေးခံကာ ပလုတ်ကျင်း၍ရလောက်သောအချိန်တွင် ဖန်းခါးသီး လေးညှင်းပွင့်ဆား ရောစပ်ထားသောရေနွေးဖြင့်ပလုတ်ကျင်းပေးပါ။
မကြာခဏပြုလုပ်ပေးခြင်းအားဖြင့်သွားကိုက် သွားနာ ရေစီးကမ်းပြို သွားပိုးစားခြင်းဝေဒနာများ သက်သာပျောက်ကင်းစေတယ်လို့ဆိုပါတယ်.. …..။

သွားပိုးပေါက်အတွင်းသို့ဖန်းခါးသီး လေးညှင်းပွင့် ဆား ရောစပ်ထားသော ပြုတ်ဖတ်ကလေး များကို{၃}မိနစ်ခန့်ထည့်ပေးပါ။ ကျောက်ချဉ်မှုန့်ထည့်ပေးထားပါကသွားပိုးစား သွားကိုက် ဝေဒနာပျောက်ကင်းစေတယ်လို့ဆိုပါတယ်။
ဖန်းခါးသီး လေးညှင်းပွင့် ဆားကျောက်ချဉ်မှုန့်ကလေးမျာကိုထုထောင်းရောနှော၍ရေနွေကျက်ကျက်ဆူထည့်ထားသော အအေးခံအရည်ကိုငုံပေးပါက သွားနှင့် ပတ်သက်သောဝေဒနာ အမျိုးမျိုး သက်သာပျောက်ကင်းသွားစေတယ်လို့ဆိုပါတယ်……..။

Credit

Leave a Comment

Your email address will not be published. Required fields are marked *