KatSayNaeTee

သွားကိုက်ပျောက်ဆေးနည်း

သွားကိုက်ပျောက်ဆေးနည်း

သွားကိုက်ရောဂါများ မည်သည့်နည်းနဲ့ကိုက်ကိုက်၊ ဘယ်လောက်ပဲကိုက်ကိုက် (၅) မိနစ်အတွင်း ပျောက်ကင်းသွားစေမယ့် ဆေးနည်း။
မည်သည့်နည်းနဲ့ သွားကိုက်ကိုက် အသုံးဝင်ထိရောက် စေသော သွားကိုက်သွားနာ ဆေးနည်းတစ်လက်မှာ

(၁) ကပ်စေးနှဲသီးများကို မီးဖြင့်ကျွမ်းအောင်လှော်
(၂) အမှုန့်ထောင်းပြီး ဖန်ပုလင်းထဲထည့်
(၃) ကိုက်ပါတယ်ဆိုတဲ့ သွားကို ဆေးမှုန့်သိပ် ပေးခြင်းဖြစ်ပါတယ်။
(၄) သွားဘယ်လောက်ပဲ ကိုက်ကိုက်
(၅) မိနစ်အတွင်း ပျောက်ကင်းသွားမည်ဟုဆရာကြီး

ရန်ရှင်း ကိုယ်တိုင် မှာလိုက်ကြောင်း ဖေါ်ပြထားပါတယ်။ နက္ခတ္တရောင်ခြည် မဂ္ဂဇင်း စာအုပ်ဟောင်းမှ ဖြစ်ပါတယ်။

သွားကိုက်ပျောက်ဆေး ချီးမြှင့်ပေးသူက ဆရာကြီး ရန်ရှင်းလို့ ဖော်ပြပေးထားပါတယ်။
ဆရာကြီးမှာ အောင်လံမြို့နဲ (၄) မိုင်ဝေးတဲ့ သံရွာကလို့ ဆိုပါတယ်။ ရောဂါဝေဒနာ တစ်ခုအတွက် အရွက်တစ်မျိုးတည်း၊ ဆေးမြစ်တစ်မျိုးတည်းနဲ့ ကုသလို့ရတဲ့ မြစ်ချင်းပြီး ဆေးနည်းတိုတွေ ပြည့်လို့ပါ။ တည့်/မတည့်၊ ပျောက်/မပျောက် ဆိုတာကိုတော့ ကိုယ်တိုင်သုံးကြည့်မှ သိမှာပါလို့ ဖော်ပြထားပါတယ်။
လက်တွေ့ အသုံးပြုလိုစိတ်ဖြင့် နက္ခတ္တရောင်ခြည် မဂ္ဂဇင်းပါ ဆေးနည်းအတိုင်းလမ်းဘေးဝဲယာ ပေါပေါသီသီ ပေါက်နေသည့် နွားမြီးကပ်(ခေါ်) ကပ်စေးနှဲပင်မှ အသီးများကို မီးကျွမ်းအောင် လှော်ပြီး၊ အမှုန့်ကို သိပ်ပေး ကြည့်ရာ အမှန်ပင် သွားကိုက်ခြင်း ပျောက်ကင်းခြင်းအပြင်၊ ယနေ့တိုင်သွား မကိုက်တော့ပါ။ နွားမြီးကပ်(ခေါ်) ကပ်စေးနှဲပင်မှာ မြန်မာပြည်အနှံ့ အတော်များများ ပေါက်နေတတ်ပါတယ်။ သွားကိုက် ဝေဒနာရှင်များ အလွန်ပေါသော ကပ်စေးနှဲ (နွားမြီးကပ်) သီးကို ခူးပြီး လှော်ရုံ၊ အမှုန့်ပြုရုံ ငွေကြေးမကုန်ဘဲ
ဆေးတစ်ဖုံ ဖေါ်စပ်ထားလိုက်ပါ။

အဓိက သွားနာ၊ သွားကိုက် ဖြစ်နေကြပြီး ဆေးရုံ၊ ဆေးခန်း၊ သွား ဆရာဝန်များနှင့် ဝေးကွာစွာ ရှိနေကြ သော ကျေးလက်နေပြည်သူများအား ရည်စူးပါတယ်။ ကျေးလက်နေသူတို့အဖို့ နွားမြီးကပ်(ကပ်စေးနဲစေ့)ကို သိကြပြီး ဖြစ်ပါတယ်။ လိုသူတို့သုံး လက်တွေ့အပြုံးဖြင့် ခံစားရ ခက်သော သွားကိုက်၊ သွားနာဝေဒနာ ပျောက်ကင်းနိုင်ကြပါစေ။

Credit to
နက္ခတ္တရောင်ခြည်မဂ္ဂဇင်း
နီလာ

Leave a Comment

Your email address will not be published. Required fields are marked *