သွားကိုက်တာယူပစ်လိုက်သလိုပျောက်တဲ့ နွားဖြူကြီးရွက်(မုရိုးရွက်)
(၁) ညက သွားဖုံးယောင်ပြီး သွားကိုက်တာ အိပ်တောင်မရဘဲ ရေနွေးနဲ့ ပါးလုပ်ကျင်းနေရတယ်။
ပါရာစီတမော့၁ အမောက်စလင် ၁ ကီးမို့ ၁ သောက် အိပ်သော်လည်း တစစ်စစ်နဲ့နာပြီး မသက်သာဘဲ ထ လမ်းလျောက်နေရတယ် အတော်ဆိုးတဲ့ ဝေဒနာ သွားဖုံးများ အကိုင်တောင်မခံနိုင်အောင်နာနေတာ ။သွားကလည်းအခေါင်းပေါက်ပြီး နဲ့ နေတာ။
မိုးလင်းတဲ့ထိ နာနေတဲ့သွား သွားဖုံးယောင်နေတာ ပါးတောင်ဖေါင်းနေတယ်။

လမ်းဘေးအလေ့ကျပေါက်တဲ့ နွားဖြူကြီးရွက် (မုရိုးရွက်)သွားရှာခူးခိုင်းပြီး အစေးကိုလည်း သွားကြားတို့တယ် အရွက်ကို ရေစင်အောင်ဆေးပြီး လုံးချေ (အရည်ထွက်အောင်) ပြီးမှ ယောင်နေတဲ့သွားနဲ့ သွားဖုံး ပါးကြားမှာ ကပ်အုံထားလိုက်ပြီး မနက်ပြန်အိပ်လိုက်တယ်
အင်္ဂလိပ်ဆေးတစ်တွဲ (ပါရာ အမောက်စလင် ကီးမို့) အရင်သောက်ပါသေးတယ် တစ်နာရီခန့်အကြာမှာ ယူပစ်လိုက်သလို ပျောက်သွားတယ်ဗျာ ။
ယခုလက်ငင်းကိုယ်တွေ့မို့ နွားဖြူကြီးအရွက်(မုရိုးရွက်)အစွမ်း မျှဝေလိုက်ရပါတယ်။
(၂) ခါးနာနေတဲ့အမေ ဒူးနာနေတဲ့ဇနီး တို့ ပြီးခဲ့တဲ့ လေး ငါးရက်က နွားဖြူကြီးရွက် ရေစင်စင်ဆေး မီးကင် ပြီးနာနေတဲ့ ခါး နာနေတဲ့ဒူးပေါ် အုပ်ပြီးကပ်ထား။
အဝတ်ပါးပါး (သို့) ဒူးစွပ်/ခါးပတ်အပြား နဲ့ စီးထားလိုက်တာ မနက်လင်းတော့ခါး နာဒူးနာ ပျောက်နေရောဗျာ။ ကိုယ်တွေ့ပါဘဲ။
သွားကိုက်၊ခါးနာ၊ဒူးနာ ဝေဒနာများ သက်သာ ပျောက်ကင်းကြပါစေ။
credit