Nwe Ni Nat Pan

သားသမီးမထွန်းကားသူများ၊ ဆေးလိပ်သောက်များသူများအတွက် နွယ်နီနတ်ပန်း

သားသမီးမထွန်းကားသူများ၊ ဆေးလိပ်သောက်များသူများအတွက် နွယ်နီနတ်ပန်း

ဂင်ပိတ်ပင်-နွယ်နီနတ်ပန်း ဆေးအာနိသင်များ

အသုံးတည့်တဲ့ အပင်တစ်မျိုးဖြစ်ပြီး ဆေးများစွာ ဓါတ်စာများစွာမှာ သုံးပါတယ်။

၁။ ဂင်ပိတ်ပင်ကို သွေးဝမ်းသွား၊ အဆုတ် သန့်စင် ၊ သလိပ်စင်၊ သွေးသန့်တဲ့နေရာတွေမှာ သုံးပါတယ်။
၂။ သား သမီးထွန်းကားဖို့အတွက် ဟင်းချို ချက်သောက်ရပါတယ်။
၃။ ပန်းနာ ရင်ကြပ်အတွက် ဘဲဥနဲ့ ကြော်စားပေးပါ။
၄။ ဆေးလိပ်သောက်များသူတွေ ဆေးဂျိုးတွေကျစေဖို့ တစ်ပါတ်မှာ သုံးရက်လောက် ဟင်းချို ချက်သောက်ပေးပါ။

သတိ-သွေးတိုးရောဂါရှိသူများ မစားသောက်သင့်ပါ။

ဆေးနည်းဒါန ဝေမျှရသော ကုသိုလ်အကျိုးကြောင့် မိမိ အေးချမ်းသာယာသလို လောကသားအားလုံး အေးချမ်း သာယာပါစေ အသိမှန်အမြင်မှန်များ ဖြင့် ကျန်ရှိသောဘဝကိုလှပစွာ ဖြတ်သန်းနိုင်ကြပါစေ။

“နွယ်နီနတ်ပန်းပင်(ခ)ဂင်ပိတ်ပင် ”

သဘာဝဆေးဘက်ဝင်ပုံနှင့် နွယ်နီနတ်ပန်းအပင်ကို ယခုမှ လေ့လာမှုရရှိ၍ ဗဟုသုတအဖြစ် မျှဝေမှုပြုလိုက်ရပါသည်။
ငယ်စဉ်က ကြားဖူးနားဝသာ ရှိခဲ့ဘူးပါသည်။ ဆေးဘက်ဝင်ပုံမှာ ပဉ္စငါးပါးလုံး အသုံးပြုလို့ရပါသည်။
အရွက်ကို သုပ်၍စားခြင်း ဟင်းချက်စားသုံးမှုပြုခြင်းဖြင့်
ခန္ဓာကိုယ်မှ ကုန်ဆုံးသွားသော အားအင်တို့ကို ပြန်လည်ဖြည့်စည်းပေးနိုင်သော အစွမ်းသတ္တိရှိပါသည်။
နွယ်နီနတ်ပန်း ဂုဏ်သတ္တိမှာ ပျားရည်ဖြင့်နှပ်၍ စားသုံးခြင်းပြုပါက ကင်ဆာဝဒေနာတို့ကို သက်သာပျောက်ကင်းနိုင်သည်ဟု လေ့လာသိရှိရ၍ မိတ်ဆွေ ရောင်းရင်းတို့ကို မျှဝေမှုပြုပေးလိုက်ရပါသည်။
စိတ္တသုခ/ကာယသုခ အဖြာဖြာတို့နှင့် ပြည့်စုံနိုင်ကြပြီး ကျန်းမာပျော်ရွှင်သော မိသားစုဘဝတို့ကို ပိုင်ဆိုင်နိုင်ကြပါစေ။

Credit-Original Uploader

Leave a Comment

Your email address will not be published. Required fields are marked *