ဝမ်းသွားရင်အမျှင်ဓာတ်မပါဘဲ ဝမ်းညစ်ပြီးအိမ်သာအကြာကြီးထိုင်းပြီးလိပ်ခေါင်းဖြစ်သူများ
ဘာဆေးသောက်သောက် ဝမ်းချုပ်မသက်သာသူများ ကျွန်တော်ရဲ့ ဗဟုသုတလေးကို ဒါနအကြံပေးရပါစေ ..
ကိုယ့်လိုအရမ်း ဝမ်းချုပ်ပြီးစိတ်ညစ်နေသူ ဘာဆေးသောက်သောက် ဝမ်းချုပ်မသက်သာသူအများကြီးရှိလိုဆိုပြီး အကြံလေဒါနပြုပါရစေ။
ရုံးပတေသီးပုံမှန်ဆိုဒ်နှစ်ခုကို လေးခြမ်းခွဲပြီး ရေနွေးထဲစိမ်းပြီးညအိပ်ခါနီးသောက်ပါ။ ရုံပတေသီးအစေ့ကို သောက်တဲ့အချိန် ပါးစပ်နဲ့စစ်ထုတ်ပြစ်ပါ။ အစေ့တွေအစာမကြေးတဲ့သဘောကြောင့်ပါ။ နေ့တိုင်းလုပ်သောက်ပါ နှစ်ခုမရရင် သုံးခုစိမ်သောက်ပါ တတ်နိုင်ရင် ရုံပတေသီး နုနုလေရွေးယူပါ။ ဝါးစားရတာလွယ်ကူအောင်လို့ပါ၊ မဝါးစားနိုင်ရင် ဆော့တစ်ခုခုလုပ်ပြီး တို့စားပါ။ လုံဝထူးခြားလိမ့်မယ်။ လက်တွေ့ဝမ်းချုပ်တာ သက်ရုံမက ခြေထောက်ဒူးတွေညောင်းကိုက်တာ ချဉ်ဆီအားနည်းတာလည် လုံဝသက်သာလာတယ်။ တစ်ပတ်လောက်ဆို သိသိသာသာဘဲ။ ကျွန်တော်လည် အရင်ကဝမ်းချုပ်တာ အရမ်းအခြေအနေဆိုးခဲ့တာ ဆေးတကာလိုက်စုံးစမ်းပြီးသောက်တာ ဘာနဲ့မှမသက်သာဘူး။ အူမကြိီးကင်ဆာအစလက္ခဏမျိုး ဝမ်းချုပ်ပြီးချွဲတွေ လေတွေဘဲသွားတာ လေးငါးနှစ်ရှိပြီ။ အဲတော့ ကင်ဆာဖြစ်ပြိးဆို စိတ်ညစ်နေတာ။ အဲတော့ fiber ပါတဲဆေးဘဲဝယ်သောက်ရမလား၊ ဝယ်ပြီးမသက်ဘဲ ပိုက်ဆံကုန်မှာကြောက် ဆရာဝန်ဘဲ ပြရမလား၊ အူးလမ်းကြောင်းမှန်ပြောင်းဘဲစစ်ရမလား၊ စိတ်ညစ်နေရင် ရုံးပတေသီးကိုမနက်အစာမစားခင် ရေနွေးစိမ်းသောက်တယ်။ မသက်သာဘူး။ အဲတော့ညနေထမင်းစားပြီး၊ အိပ်ခါနီးသောက်တယ် လုံဝထူးခြားစွာ ရွှေဆေးတွေ့သွားသလို့ဘဲ အရင်ကလိုချွဲတွေ လုံဝပျောက်သွားပြီးဝမ်းပျော့ ပုံမှန်ဘဲသွားတော့တယ်။ ခြေထောက် ချဉ်ဆီအားနည်းတာလည်း သက်သာလာတယ်။ အရင်ကမန့်ကျည်းသီးလည်း စိမ်းသောက်သေးတယ် ဝမ်းမမှန်ဘူး။ အားလုံကျန်းမာချမ်းသာကြပါစေ။
အရည်ကောအဖတ်ကော စားရပါတယ် ရုံပတေသီးကို နှစ်နာရီ သုံးနာရီကြိုက်တဲ့ချိန် ကြိုပြီးစိမ်လိုရပါတယ် တစ်နေကုန်စိမ်လည်းရပါတယ်။ အဓိကအရည်ပျစ်ဖို့နဲ့၊ ရုံပတေသီး ပျော့ရင်ရပါပြီ။ ဝါးစားဖို့လွယ်ကူအောင်ပေါ့၊
ရေများများလည်သောက်ပါ။
အားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ နှင့် ရောဂါ ဘယများ ကင်းဝေးကျပါစေ။
Credit