WanShawWanPyat

ဝမ်းလျှောဝမ်းပျက်၍ ဆေးရုံဆေးခန်းသွားရန်အခက်အခဲရှိသူများအတွက်ဆေးနည်း

ဝမ်းလျှောဝမ်းပျက်၍ ဆေးရုံဆေးခန်းသွားရန်အခက်အခဲရှိသူများအတွက်ဆေးနည်း

ကလေးဖြစ်စေ၊လူကြီးဖြစ်စေရုတ်တစ်ရက် ဝမ်းမရပ်မနားသွားပါလျှင် ဘာလုပ်ရမည်မသိဖြစ်တတ်ပါသည်။ အထူးသဖြင့် တောရပ်နေပြည် သူတို့ကြုံတတ်ကြလေသည်။ ထိုသို့ဖြစ်ပါလျှင် ဆူပွတ်နေသောရေနွေးတစ်ခွက်ထဲသို့ လက်ဖက်ခြောက်လှော်ပြီးသား လက်တစ်ဆုပ်ကိုထည့်ပါ။ ပြီးလျှင် ဆားကော်ဖီဇွန်း(၁)ဇွန်းစာ ၊သကြား ကော်ဖီဇွန်း(၁)ဇွန်းစာနှင့် သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်၍ထည့်ပြီး နွေးနွေးလေးသောက်လိုက်ပေးလိုက်ပါ။ ဝမ်းလည်းရပ်သွားပါလိမ့်မယ်။ အားလည်းမယုတ်လျော့ပါဘူး။ သောက်နိုင်သမျှခဏခဏသာတိုက်ပေးလိုက်ပါ။

အင်ခိုင်ဘွန်တောင်တန်းမှာတောင်ယာလုပ်ကိုင်နေကြသူ တိုင်းရင်းသားများရဲ့ ပွဲတွေ့ဆေးနည်းကျော်လည်းဖြစ်ပါတယ်။ ဝမ်းလျောခြင်းဖြစ်ရပ်များနှင့်ကြုံတိုင်း နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှ ရရှိသောဤဆေးလေးဖြင့် ကိုယ်တိုင်ရော၊ ပတ်သက်ဆက်နွယ် သူများအား ပြုလုပ်တိုက်ကျွေးပေးရာ ဝမ်းလျော ခြင်းအတွက် အလွန်ထိရောက်ပါကြောင်း တင်ပြလိုက်ပါတယ်။ ဒီနည်းလမ်းလေးကတော့ ဆေးရုံဆေးခန်သွားပြဖို့ အခက်အခဲရှိသူတွေအတွက်ဖြစ်ပါတယ် ..။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Comment

Your email address will not be published. Required fields are marked *