SanSayYae

ဝက်ခြံထွက်ခြင်းကို ဆန်ဆေးရေအသုံးပြုပြီး ကာကွယ်မယ်

ဝက်ခြံထွက်ခြင်းကို ဆန်ဆေးရေအသုံးပြုပြီး ကာကွယ်မယ်

ဆန်ကို ဆေးပြီးတဲ့အခါမှာရရှိတဲ့ ဆန်ဆေးရည်ကို အများအားဖြင့် သွန်ပစ်ကြတာများပါတယ်။ ဒီတစ်ခါမှာတော့ ဆန်ဆေးရည်ကို သွန်မပစ်ပဲနဲ့ ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး အကျိုးရှိရှိ အသုံးပြုနိုင်ကြပါစေ။

(၁) အသီးအရွက်တွေမှာပါတဲ့အဆိပ်အတောက်ကို ဖယ်ရှားပေးပါတယ် အသီးအရွက်တွေကို ဆန်ဆေးရည်နဲ့ ဆေးကြောပေးခြင်းက အသီးအရွက်တွေစိုက်ပျိုးခြင်းမှာ အသုံးပြုထားတဲ့ ဓာတုဆေးရည်တွေကို ဆန်ဆေးရည်က ဖယ်ရှားပေးနိုင်ပါတယ်။

(၂) ငါးညှီနံ့ပျောက်စေပါတယ် ငါးတွေချက်တဲ့အခါ ညှီနံ့မထွက်အောင် မချက်ခင်မှာငါးကို ဆန်ဆေးရည်နဲ့ သေချာလေး ဆေးကြောလိုက်မယ်ဆိုရင် အညှီနံ့ကနေ ကာကွယ်ပေးပါတယ်။

(၃) ဝက်ခြံထွက်ခြင်းကို သက်သာစေပါတယ် ဆန်ဆေးရည်ထဲမှာ ဗီတာမင် B5 ပါဝင်တာကြောင့် ညတိုင်းမအိပ်ခင်လေးမှာ ဆန်ဆေးရည်နှင့် မျက်နှာသစ်ပေးပါက အသားအရေကို ချောမွေ့စေပြီး ဝက်ခြံထွက်ခြင်းကို သက်သာစေပါတယ်။

(၄) ဆံသားပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ် ဆံသားတွေကို နက်မှောင်စေပြီး ဆံပင်နှစ်ခွဖြစ်ခြင်းကနေ ကာကွယ်ချင်တယ်ဆိုရင်တော့ အချဉ်ဖောက်ထားတဲ့ ဆန်ဆေးရည်ဖြင့် တစ်ပတ်ကို နှစ်ကြိမ်လျှော်ပေးမယ်ဆိုရင် သက်သာစေမှာပါ။

(၅) အငံဓာတ်ကိုလျှော့ကျစေပါတယ် ငါးခြောက်တွေကို တာရှည်ခံနိုင်အောင် ဆားနှင့် သိပ်ထားတာဖြစ်လို့ စားတဲ့အခါ အရမ်းငန်နေမယ်ဆိုရင် ဆန်ဆေးရည်နဲ့ ၁၀ မိနစ်လောက်မချက်ပြုတ်ခင် စိမ်ထားပေးခြင်းဖြင့် ငါးရဲ့ အငန်ဓာတ်ကို လျှော့ချနိုင်စေပြီး အသားကိုပိုပြီး နူးညံ့စေမှာပါ။

Ref: FOODIE (Credit )

Leave a Comment

Your email address will not be published. Required fields are marked *