လျှာကွဲ၊လျှာနာ၊လျှာအဖုအပိန့်ထွက်ပါလျှင်ဇော်ဂျီဆေးပင်မြင်
ဇော်ဂျီတောင်ဝှေးဆေးတော်ပင်ကို အချို့အလှစိုက်ကြခြင်း၊ဘုရားပန်းအိုးထိုးခြင်းပြုကြပါသည်။ အမျိုးသမီးများအတွက် ဇော်ဂျီတောင်ဝှေးဆေး အသုံးတင်ပြခဲ့ပြီးဖြစ်ပါသည်။
တစ်ခါတစ်ရံ လျှာပေါ်တွင်အဖုအပိန့်ထွက်ခြင်း၊လျှာကွဲ၊လျှာနာဖြစ်ပါက ဇော်ဂျီတောင်ဝှေးပင်၏အမြစ်အား ကျောက်ပျဉ်တွင် ဆား အနည်း ငယ်လေးထည့်ကာသွေးပြီး ထိုဆေးရည်ဖြင့် လျှာကိုနှိုက်ပေးခြင်း၊လျှာပေါ်တင်ခြင်းပြုလုပ်ပေးလိုက်ပါ။
ပျောက်ကင်းသက်သာသွားပါမည်။
အူရောင်ခြင်း
ဇော်ဂျီတောင်ဝှေး ပဉ္စ(၅)ပါးအား ရေတစ်ဖလားဖြင့် တစ်၀က်တင်အောင်ပြုတ်ပါ။ ထိုဆေးရည်ကို ထန်း လျှက်(၁၀)သားဖြင့် ရောပြီး ပြုတ်ကျိုပါ။
ထို ဆေးရည်အား လက်ဖက်ရည်ပန်းကန်(၁)ခွက်နံနက်ည သောက်ပေးခြင်း ဖြင့် အူရောင်ခြင်းကို လျော့ကျ သက်သာပျောက်ကင်း စေပါသည်။
၀မ်းပျက်၊၀မ်းဖေါ၊၀မ်းကိုက်
ဇော်ဂျီတောင်ဝှေးရွက် နုနုလေးများကိုသုပ်စားပေးပါ။
၀မ်းနှင့်ပတ်သက်သောရောဂါများအတွက် အလွန်ကောင်း ပါသည်။ထိုကြောင့် ဆေးကြိတ်ဇော်ဂျီတို့ ကိုင်သော ဆေးတောင်ဝှေးကဲ့သို့ ဆေးစွမ်းကြီး၍ ဇော်ဂျီတောင် ဝှေးဟုအမည်မှတ်ခဲ့သည်ထင်မိတော့သည်။
ရဲမျိုးသူ(ဗောဓိမြိုင်)