BoutYwat

လေးဘက်နာရောဂါပျောက်ကင်းဗောက်ရွက်

လေးဘက်နာရောဂါပျောက်ကင်းဗောက်ရွက်

ယ္ခု ပုံပါအပင်လေးကတော့တစ်ချို့က ဗေါက်ရွက်လို့ခေါ်ပါတယ်။ တစ်ချို့ကတော့ အိုးမဲခဲသီးရွက်လို့ခေါ်ပါတယ်။ အရွက်ပုံစံလေးက ငရုတ်ရွက်နှင့်တူပါတယ်။ အပွင့်က အဖြူရောင်ပွင့်လေးပါ။အသီးလေးတွေက အစိမ်း ရောင် အခိုင်လိုက်သီးပြီး မှည့်ရင်အမဲရောင်လေးတွေဖြစ်သွားပါတယ်။ ဒီအပင်လေးကို ပုံထဲမှာမြင်နေတာကိုရှင်းသွားအောင်အရင်ရေးပြပေးခြင်းပါကိုယ်တွေ့ဖြစ်ရပ်လေးမို့မျှဝေပါရစေ။ ကျမ မှာ လေးဘက်နာပိုး ပုံမှန် ၂၀၀ဆိုသော်လည်း ၅၀၀ကျော်အထိမြင့်တက်ခဲ့ပါတယ်။ အစ မှာ မနားမနေလှုပ်ရှား သွားလာနေလို့ အဆစ်တွေနာတယ်ထင်ခဲ့ပါတယ်။လက်ဆစ်တွေရောင်လာလို့သွေးစစ်ကြည့်မှ ASO 500ကျော်ထိမြင့်တက်နေကြောင်းသိရပါတယ်။ ဆေးထိုးရမှာကြောက်တော့ Pan-V (၆)လသောက်ရမယ် ဆို၍သောက်ပါတယ်၊၊(၆)လပြည့်လို့သွေးထပ်စစ်ကြည့်တော့ မလျော့သေးဘူးနောက်ထပ်(၆)လထပ်သောက်ရမယ်ဆို၍ထပ်သောက်ခဲ့ပါတယ်။ဆေးသောက်လို့(၁၀)လအကြာမှသွေးထပ်စစ်ခဲ့ပြန်ပါတယ်။

ASO က၄၀၀ကျော်ထိရှိနေသေးပါတယ်။တိုက်တိုက်ဆိုင်ဆိုင် သွေးစစ်နေတုံးမှာ အသိ တစ်ယောက်နဲ့တိုးပြီး ယ္ခုဖေါ်ပြထားတဲ့ ဗေါက်ရွက်ကိုစားကြည့်ဖို့နည်းလမ်းပေးပါတယ်။ ကိုကလည်းပျောက်ချင်နေလွန်းတာကြောင့်စားကြည့်မယ်ဆို ပြီး အရွက်ရှာပါတယ်။ အခုပုံလေးက ဆေးရွက်ရှာစဉ် နည်းလမ်းပေးသူကိုပြဖို့ရိုက်ထားတဲ့ ပုံလေးပါ။ နည်းရပြီးနောက်တစ်နေ့ မှစပြီးဆေးရွက်စားလိုက်တာ (၁)လပြည့်တဲ့နေ့သွေး သွားပြန်စစ်တာ ဓါတ်ခွဲဆရာမ ကို အံ့အားသင့်သွားစေလောက်အောင်ဖြစ်စေခဲ့ပါတယ်။ ASO 200 ကျော်ရုံလေးဘဲရှိတော့တာ သွေးမှားစစ်မိလားလို့ပြန်ကြည့်တော့လဲ အန်တီသွေးတစ်ခုဘဲရှိတာ ဟယ်!အံ့သြဖို့ကောင်းတယ်တစ်ကယ်ကောင်းတယ်နော်တဲ့။

နောက်တစ်ခုက ဆေးရွက်စားနေစဉ်အတွင်းမှာအရမ်း ညောင်းညာကိုက်ခဲတတ်တဲ့ကျမ အကိုက် ခဲပျောက်ဆေးအသောက်လွတ် အညောင်းအညာပြေနေတာကိုခံစားရပါတယ်။

ဆေးရွက်စားနည်း
အရွက်ကို ရေနွေးလေးနဲ့ နွမ်းသွားရုံလေးဖျောလိုက်ပါတယ်။ ပြီးတော့အရွက်သုပ်တဲ့အတိုင်း လေးသုပ်စားလိုက်ပါတယ်။ နည်းပြောပြသူပြောချက်အရ အပင်ရှားတဲ့အချိန်ဆို အပင်လိုက် နှုတ်ပြီး ပဉ္စငါးပါး (၃)ခွက်(၁)ခွက်တင်ကြိုသောက်လို့ရပါတယ်တဲ့။

မှတ်ချက်
အရွက်မစားခင်သွေးအရင်စစ်ကြည့်ပါအရွက်စားပြီး(၁)လအကြာ တစ်ခါပြန်စစ်ကြည့်ပါ။ ဗေါက်ရွက် ကို စပြီးစားကတည်းက Pan-Vစားတာကိုရပ်ပလိုက်ပါတယ်။ တိုက်ဆိုင်စွာဘဲ ဒီနေ့သွေးစစ်ပြီး ပြန်လာတဲ့နေ့ Admin ကလက်ခံတဲ့နေ့ဖြစ်တာကြောင့် ဝမ်းသာစွာဖြင့် လေးဘက်နာခံစား နေတဲ့သူတွေကို ပြန်လည်မျှဝေခြင်းပါ။

စာအရေးအသားမှားရင်လည်း ခွင်လွှတ်ပါ

Credit : Ma Wai Wai Soe

Leave a Comment

Your email address will not be published. Required fields are marked *