SinToneMaNwe

လေဖြတ်အကြောဆွဲနေသူ လမ်းမလျှောက်နိုင်သူများအတွက် ဆင်တုန်းမနွယ်ဆေးနည်း

လေဖြတ်အကြောဆွဲနေသူ လမ်းမလျှောက်နိုင်သူများအတွက် ဆင်တုန်းမနွယ်ဆေးနည်း

လွန်ခဲ့တဲ့ ၉နှစ်လောက်က နက္ခတ္တရောင်ခြည် မဂ္ဂဇင်း စာအုပ်ကို လစဉ် ထွက်တာနဲ့ ဝယ်ပြီးဖတ်တယ်။ အဲ့ဒီထဲမှာက ဗဟုသုတ မှတ်သားဖွယ်ရာတွေ အကိုးကားနဲ့ ပါလေ့ရှိတယ်။ မှတ်ထားမိတာလေး ပြန်လည်မျှဝေတာပါ။ ကိုယ်တိုင်လည်း သောက်သုံးဖူးတယ်။ အရသာကတော့ တော်တော် ခါးပါတယ်။လိပ်စာ အတိကျတော့မမှတ်မိတော့ပါဘူး မုံရွာနယ်က ကျေးရွာ တစ်ရွာက တောကျောင်း ဘုန်းတော်ကြီးတစ်ပါးရဲ့ ဆေးနည်လေးပါ။ဖြစ်စဉ်ကတော့ မုံရွာ-မန္တလေး ကားမောင်းသမား တယောက်ဟာ နေဒဓူဝ ကားမောင်းရတဲ့ အဖြစ်ကနေ ကိုယ်တစ်ချမ်း သေပြီး လေဖြတ်တယ်ဆိုပါတော့ ။ ဆေးရုံ ဆေးခန်း ပေါင်းများစွာ ဆေးကုပေါ့ သို့သော်လည်း အကောင်းတိုင်ပြန်မဖြစ်တော့ပါဘူး။ ဒီလိုနဲ့ တစ်ယောက်စကား တယောက်နား ဆိုသလို ထိုဘုန်းတော်ကြီး ရှိတဲ့ တောကျောင်းကို မျှော်လင့်ချက်များစွာနဲ့ ရောက်သွားချိန်မှာတော့ ဆရာတော်ကြီး ပေးတဲ့ ဆေးနည်ကို မယုံတဝက် ယုံတဝက်နဲ့ ဖော်စပ်ပြီး ဝေဒနာ ရှင်ဟာ သုံးဆောင်ပါသတဲ့ နှစ်လလောက် သောက်ပြီးချိန်မှာ ထူးခြားစွာ လမ်းလျောက်နိုင်ပြီး ရောဂါ ပျောက်သွားပါသတဲ့။

Sin Tone Ma Nwe

ဆေးနည်းကတော့ ဒီလို အချိုးကျ ဖော်စပ်ယုံပါဘဲ။

  • ဆင်တုံးမနွယ်အစို လက်တဆစ် ဖြတ် ငါးကျပ်သား။
  • ရေချက်အေး ငပျောဖူးပုလင်း နှစ်ပုလင်း (မန္တလေးဘီယာပုလင်း ပုံစံမျိုးကို ငပျောဖူး ပုလင်းဟုခေါ်သည်)။
  • ထန်းလျက် ငါးကျပ်သား ဆားတစ်ဇွန်း။
  • ရှောက်နုသီးနှစ်လုံး ရှောက်ဘီလူးသီး ဟုလည်းခေါ်ကြသည်။ (ရှမ်းပြည်နယ်မှာ ပေါပါတယ်)ထိုင်းနိုင်ငံမှာ ထို ရှောက်ဘီးလူူသီးများအိမ်တိုင်းနီးပါး ရှိကြသည် ။ဟင်းလျာထဲမှာ ထည့်၍ ချက်ကြသည်။

ထိုသုံးမျိုးကို ဆတူ ရော၍ တပါတ်တိတိ အဖုံးလုံသော ဗူးဖြင့် ပိတ်ကာ ထားပြီး တစ်နေ့ကို ညမအိပ်ခင် စတီးဇွန်း ၂ ဇွန်းစာထည့်လာက်နေစဉ် သောက့်သုံးခြင်းဖြင့်မျက်စိမှုန်ခြင်း၊ အကျောတက်ခြင်း ခြေလက်ညောင်းညာခြင်း၊ မလန်းဆန်း၍ စိတ်မအီမသာဖြစ်ခြင်း၊ အိပ်မပျော်၍ ထိုင်းမှိုင်းခြင်း တို့ကို လက်တွေ့ပျောက်ကင်းပါတယ်ခင်ဗျာ။
သွေး၊ လေ လည်ပတ်မျှတမှု ကောင်းတာကြောင့် သုံးဆောင်နေခြင်းဖြင့် ဒီတသက် လေဖြတ်တဲ့ ရောဂါ မဖြစ်ကြောင်း ထို ဆရာတော်ကြီးက မိန့်ပါသတဲ့။ဝေဒနာရှင်ဟာ ၆လလောက်စွဲပြီး သောက်လိုက်ရာ အရင်တိုင်းပဲ ကားမောင်းတဲ့ အလုပ်ကို အကောင်းပကဓိ အတိုင်း ပြန်လုပ်နိုင်ပြီး မိသားစုနှင့် ပျော်ရွှင်စွာဝင်ငွေမပျက် ရှာနိုင်ပါသတဲ့။

Credit – U Aung Din AZM

Leave a Comment

Your email address will not be published. Required fields are marked *