TaPootKharTee

လေဖြတ်ပြီးနောက် စကားမသွက်သူများ၊စကားမပီသ သူများအတွက်

လေဖြတ်ပြီးနောက် စကားမသွက်သူများ၊စကားမပီသ သူများအတွက်

မိဘဆွေမျိုးများနှင့် ရင်းနှီးသော မိတ်ဆွေများထဲတွင် လည်း မကြာခဏမြင့်တွေ့ရ၍ အတော်စိတ်မကောင်းဖြစ်ကြပေ လိမ့်မည်။
မိတ်ဆွေတစ်ဦး လေဖြတ်သည်ကြား၍ သွားရောက်ကြည့် ရှု့ရာ ထိုဝေဒနာရှင်မှာ စကားများစွာပြောနေရှာ သော်လည်း ဗလုံးဗထွေးဖြစ် နေရှာ၍အတော်ကို စိတ်မကောင်းဖြစ်ခဲ့ရပါသည်။ နောက်တစ်ဖန် ထပ်မံသွားရောက်ခဲ့ရာ ယခင်နှင့် မတူ စကားပြောသံကို ပီပီသသသဲသဲ ကွဲကွဲကြားရပြီး စကားပြောပါသွက်လာသည်မို့ ဘာလိုကုလိုက်တာလဲ မေးကြည့်ရာ

ဆေးနည်း

သပွတ်ခါးသီးကို တောကများများရှာ၀ယ်ပြီး လူတစ်ယောက် ကောင်းကောင်းနင်းနိုင်အောင်ကျယ်သည့် စဉ့်အင်ဒုံတွင် ဆား(၁၀)သားအောက်ခံထားကာ အပေါ်တွင် သပွတ်ခါး သီးစိမ်း(၁၀)လုံးကို တင်၍ နေ့တိုင်း နံက်တစ်ခါ ညနေတစ်ခါ နင်းပေးခြင်းကြောင့်ဖြစ်သည်ဟုဆိုပါသည်။ အိပ်ရာမှမထနိုင်သူများအား သပွတ်ခါးသီးနှင့် ဆားရောပြီးအမြှုပ်ထနေသော သပွတ်ခါးဖြင့် ခြေထောက်နှင့်လက်များကို ပွတ်ပေးရသည်ဆိုပါသည်။ သပွတ်ခါးကိုအမြှုပ်ထွက်အောင်ပြုပြီးလည်းပွတ်တိုက်ပေးနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သပွတ်ခါး၏အခါးသည် ပါးစပ်ဆီ သို့အခါးဓာတ်ရောက်ရှိစေပြီး စကားပြောပီသလာ ခြင်းဖြစ်ကြောင်းသိရတော့သည်။ မတ်တက်ရပ်၍နင်းနိုင်သူအတွက် သပွတ်ခါး အမြှုပ်ထွက်အောင်နင်းရပါသည်။ လေဖြတ်၍စကားမပီသူများသပွတ်ခါးနင်းခြင်းဖြင့် စကားပြောပီသလာပါစေ။

Credit Original Uploader

Leave a Comment

Your email address will not be published.

//grunoaph.net/4/5314809