လေးဖက်နာ ရောဂါ အတွက် အစွမ်းထက် ဆေးနည်းများ
လေးဖက်နာကို ဆေးရုံဆေးခန်းသွားရန် ငွေကြေးမတတ်နိုင်၍ မြန်မာဆေးဖြင့် ကုသရန် ဆေးနည်းတောင်းဆိုလာ ဝေဒနာရှင်များအတွက် တိုင်းရင်းဆေးဆရာကြီး ဦးကြည်လွင့်မြင့် ပြောပြခဲ့သောဆေးနည်းကို မျှဝေပေးလိုက်ပါသည်။

ဆေးနည်း (၁)
တရုတ်စကားပွင့်ကို နေရိပ်တွင် အခြောက်လှမ်းထား၍ လေလုံအောင် သိမ်းထားကာ တစ်ခါသုပ်စာကို ပြုတ်၍ အခြားအသုပ်များသုပ်သလို မကြာခဏ သုပ်စားပါ။
ဆေးနည်း (၂)
မြင်းခွါရွက်ကို ရေစင်အောင်ဆေးကြောပြီး အရည်ညှစ်ယူကာ ၃ ဇွန်းခန့်ကို ပျားရည်တစ်ဇွန်းဖြင့် ရောစပ်၍ တစ်နေ့ (၂)ကြိမ် သောက်ပါ။
ဆေးနည်း (၃)
(၁) တောင်မရိုးပင်အခေါက်မှုန့် ၁၀ သား
(၂) မြင်းခွါ(နွယ်)အခြောက်မှုန့် ၁၀ သား
(၃) ပဲနံ့သာစေ့ ၅ ကျပ်သား
(၄) ဆင်တုံးမနွယ် ၅ ကျပ်သား
(၅) နံ့သာနီ ၃ ကျပ်သား
(၆) ကရဝေးရွက် ၂ ကျပ်သား
(၇) စူဠာနဖာ ၂ ကျပ်သား
(၈) ဆေးပုလဲ ၂ ကျပ်သား
(၉) မုတ်ခါးစစ်စစ် ၁ ကျပ်သား (ဆေးအားလုံးကို ပရဆေးဆိုင်များတွင် မေးဝယ်နိုင်သည်)
၎င်းဆေးများကို ရောကြိတ်ပြီး ဆေးမှုန့်ကို ပျားရည် ၂၅ ကျပ်သားဖြင့် နယ်ထား၍ လေလုံသည့် အဝကျယ်ပုလင်းတွင် ထည့်ထားကာ ဟင်းစားဇွန်း ၁ ဇွန်းခန့်ကို မနက်၊ ည တစ်နေ့ (၂) ကြိမ်၊ တစ်လခွဲ စားပါ။
ဆရာကြီးကိုယ်တိုင် လက်တွေ့ဖော်စပ်၍ စားသုံးခဲ့သည့်ဆေးနည်း ဖြစ်သည်။ လွယ်ကူသက်သာပြီး တကယ်ထိရောက်သည့် သဘာဝဆေးနည်းလေးကို မည်သူမဆို မျှဝေပေးနိုင်ကြပါသည်။
ကျန်းမာရေးအသိ မျှဝေသည်
ဦးစောနွဲ့နေဆိုင်(ပူတာအို)
ကိုးကား တိုင်းရင်းဆေးဆရာကြီး ဦးကြည်လွင်မြင့်