လည်ချောင်းနာ သက်သာစေမယ့် အိမ်တွင်းကုထုံး
ရာသီဥတု မမှန်တဲ့ အခါ လည်ချောင်းနာခြင်းဟာ ဆိုးဆိုးဝါးဝါး ခံစားလာရပါတယ်။ လည်ချောင်းတစ်လျှောက် ယားပြီး တံတွေးမျိုမရအောင် နာနေတတ်မျိုးက ခံစားရခက်ပါတယ်။ အအေးမိခြင်းကြောင့် ဖြစ်တတ်သလို ဗိုင်းရပ်စ်တစ်မျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ အခု ခံစားနေရတဲ့ တုပ်ကွေးတွေက လည်ချောင်းနာ ချောင်းဆိုး ကျန်နေခဲ့တတ်ပါတယ်။ လည်ချောင်းနာခြင်းကို အိမ်မီးဖိုချောင်ထဲက အစားအစာတွေနဲ့ သဘာ၀အတိုင်း ကုသပေးလို့ ရပါတယ်။
နနွင်း+နွားနို့
အိန္ဒိယ ဆေးနည်းတစ်ခုပါ။ နနွင်းနဲ့နွားနို့ကို ရောပြီး သောက်ပေးရတာပါ။ နွားနို့တစ်ခွက်ထဲကို နနွင်းကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး သောက်ပေးရပါမယ်။ လည်ချောင်းနြာခြင်းကိုသက်သာစေနိုင်ပြီး ချောင်းဆိုးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပြင်ပက ရောဂါပိုးတွေ မ၀င်အောင် ကာကွယ်ပေးနိုင်တာကြောင့်ပါ။
လေးညှင်းနဲ့ပျားရည်
လေးညှင်းနဲ့ ပျားရည်မှာ ပိုးမွှားတွေကို ကာကွယ်နိုင်တဲ့ အစွမ်း ရှိပါတယ်။ လည်ချောင်းနာခြင်းကို သက်သာစေနိုင်ပြီး ပျားရည်တစ်မျိုးတည်းလည်း စားလို့ရပါတယ်။ သောက်မယ် ဆိုရင်တော့ ရေခပ်နွေးနွေးထဲ ထည့်ပြီး သောက်ပေးပါ။
ဆား
ဆားကို ရေခပ်နွေးနွေးနဲ့ ဖျော်ပြီး ငုံပြီး အာလုတ်ကျင်းပေးရင် လည်ချောင်းနာတာ သက်သာစေနိုင်ပါတယ်။
သလည်းသီးအခွံ
သလည်းသီးမှာ အင်တီအောက်ဆီးဒင့်နဲ့ အင်တီဘက်တီးရီးယားတွေ ပါ၀င်ပြီး လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။
ပြုလုပ်ရမှာကတော့ သလည်းသီး အခွံကို ရေစိမ်ပြီး အာလုတ်ကျင်းပေးပါ။ တစ်နေ့ကို နှစ်ကြိမ် ပြုလုပ်ပေးပါ။
ရေနွေး
ရေခပ်နွေးနွေးလေးကိုပဲ သောက်ပေးပါ။ ရှောင်ရမှာကတော့ ရေခဲရေပါ။ ရေခဲပါတဲ့ အစားအစာတွေကို မစားတာ အကောင်းဆုံးပါ။ အရမ်းစပ်တဲ့ အစားအစာတွေကိုလည်း ရှောင်ပါ ရေနွေးကြမ်းကို အရမ်းပူတာ မသောက်ပါနဲ့။
Credit