ShoutYwat

ရှောက်ရွက်အစွမ်း အံ့မခမ်း

ရှောက်ရွက်အစွမ်း အံ့မခမ်း

မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကိုစားထားရင် အဲဒီ တစ်လလုံး လေမဖြတ်တော့ဘူးလို့ရှေးရိုးစကား ရှိပါတယ်။
ရှောက်ရွက်ကို ကြက်သွန်ဖြူ၊ ငြုပ်ကောင်းတို့နဲ့ ဟင်းခါးချက်ပြီး အမြဲတမ်း သောက်ပေးရင် လေငန်းရောဂါ ပျောက်ပါတယ်။

ဒါတင်ပဲလားစိုတော့ မဟုတ်ပါဘူး၊ ကမ္ဘာပေါ်မှာ အဖြစ်များပြီး၊ အပျောက်နည်းတဲ့ ကင်ဆာရောဂါကိုလည်းကာကွယ်ပေးပါတယ်၊ ရှောက်ရွက်ဟာ ကင်ဆာဆဲလ်တွေကို ခန္ဓာကိုယ်ထဲမှာ မကြီးထွားနိုင်အောင် ကူညီပေးပါတယ်။
တစ်ပတ်ကို ၃/၄ ကြိမ် စားသုံးပေးရုံနဲ့ ကြိုတင်ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

ရှောက်ရွက်-မှာ စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ Astsiri အဆီဓာတ်တစ်မျိုး ပါဝင်ပြီး သူ့ အနံ့က ဦးနှောက်ကို စိတ်ဖိစီးမှု လျှော့ချတဲ့ ဟော်မှုန်းတစ်မျိုးထုတ်လုပ်အောင် နှိုးဆွပေးတဲ့အတွက် စိတ်ဖိစီးမှုဒဏ် ခံနေရသူများ အထူးစားသုံးသင့်ပါတယ်။
ရှောက်ရွက်-မှာ ပိုးသတ်ဆေးလိုမျိုး ပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းလည်း ရှိတဲ့အတွက် ဖျားနာနေရင် ဒါမှမဟုတ် ကိုယ်ခံအားကျဆင်းနေရင် ရှောက်ရွက်ကို စားသုံးသင့်ပါတယ်။
ပွက်ပွက်ဆူနေတဲ့ရေထဲကို ရှောက်ရွက်ခပ်ပြီး မနက် မိုးလင်းမှာသောက်ရင် ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။

အဝလွန်၊ အနေခက်၊ အလှပျက်ကာ အဆီပို၊ဗိုက်ခေါက်ထူနေကြတဲ့ အမျိုးသမီးတွေ၊ ခါးသေး ရင်ချီ၊ စလင်းဘော်ဒီဖြစ်ပြီး လူတကာတွေ ပြန်လှည့်ငေးရလောက်အောင် ဖြစ်ချင်ရင်တော့ လွယ်ပါတယ်။
ပုလင်းလွတ်တစ်လုံးမှာ ရှောက်ရွက် (အရင့်) ၁၁ ရွက် (တချို့က ၉ ရွက်)ကို ထည့်၊ သကြားစားပွဲတင်ဇွန်း သုံးဇွန်းနဲ့ ရေကျက်အေး(ရေသန့်လည်းရ) အပြည့်ဖြည့်၊ လုံအောင်ပိတ်ပြီး နေပူပူမှာ ၁၁ ရက်လောက် နေလှန်းလိုက်ပါ။
ရက်ပြည့်သွားရင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်(ပုလင်းလှုပ်ပြီး) လက်ဖက်ရည်ကြမ်းပန်းကန်လုံး တစ်ဝက်လောက် နေ့စဉ်မှန်မှန်သောက်သွားပေးရင် တစ်လ နှစ်လအတွင်းမှာ အသားအရေစစ်သွားပြီး၊ အများငေးတဲ့ အလှပဂေး ဘော်ဒီလေး ရသွားပါလိမ့်မယ်။

ဒါ့အပြင် အသည်းအဆီဖုံးတာတွေ၊ နှလုံးအဆီပိတ်တာတွေလည်း မဖြစ်တော့ပါဘူး။ အချိန်မရလို့ မလုပ်ဖြစ်ခဲ့ရင်တောင်မှ အနည်းဆုံး တို့စရာအဖြစ် စားသုံးကြပါ။
အပြုတ်တွေ၊ ဟင်းချိုတွေထဲမှာ မီးဖိုပေါ်ကချခါနီး ခပ်သောက်ကြပါ။ အသုတ်တွေထဲမှာ လှီးထည့်ပြီး စားကြပါ။
ထမင်းကြော်စားတဲ့နေရာမှာလည်း(အနံ့လေးမွှေးအောင်) ရှောက်ရွက်လေးကို ညှပ်ထည့်ပြီး ကြော်စားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ချမ်းသာ ကိုယ် စိတ် မြဲပါစေ
ဥပဒ် ရန်ဘေး ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ

Credit To Original Uploader

Leave a Comment

Your email address will not be published. Required fields are marked *