ရောဂါအမျိုးမျိုးအတွက်ဆေးဘက်ဝင် ငွေပန်းဥ

ရောဂါအမျိုးမျိုးအတွက်ဆေးဘက်ဝင် ငွေပန်းဥ

အရသာမှာအနည်းငယ် ပူ စပ်  ချိုစိမ့် သည်။ငွေပန်းဥ သည် အရိုးနဲ့ ချဉ်ဆီ ကို အားဖြစ်စေသည်။

ခါး ဒူး အရွတ်တွေကို အားဖြစ်စေသည်။

ကျည်းပေါင်းကို သက်သာစေသည်အကျိတ်ကို ပျောက်စေသည်။

သွေးအားကို ဖြစ်စေသည်။နို့ကို ထွက်စေသည်။

ငွေပန်းဥ ကို ကြက်သွန်ဖြူနဲ့ ဟင်းခါးကျိုသောက်ငပိရည်နဲ့ တို့စားပြုတ်စားအစာလဲကြေနူတ်ကို လည်း မြိန်စေတယ်။

အဆိပ်အတောက်ရှိသည့် အင်းဆက် ပိုးမွှားများကိုက်ခံရလျှင် ဖြစ်စေ အဖုအကြိတ် ထွက်လျှင်ဖြစ်စေငွေပန်းဥ ကို သွေးပြီး လိမ်းပေးနိုင်သည်။

ငွေပန်းဥ ကို ဟင်းချို ချက်သောက်ပေးလျှင်လည်းကုသနည်းအဖြစ် အသုံး ပြုနိုင်ပါသည်

ငွေပန်းဥ ကို ဟင်းလျာထဲ ထည့်ချက်စားပေးပါကအနာများကို အကျက်မြန်စေပါသည်။

ငွေပန်းရွက် လက်တစ်ဆုပ်စာကို သုံးခွက်တစ်ခွက်တင်ပြုတ်သောက် ဆီးကျောက်လည်းကျပါတယ်။

ထို့အပြင် ငွေပန်းဥ ကို အတို့အမြုပ် အဖြစ်လည်းစားပေးနိုင်ပါသည်။

မှတ်ချက်။ကိုယ်ဝန်ရှိသူများ မစားရပါ

Credit:KhinThanOo  ပြန်လည်မျှဝေသည်။

Leave a Comment

Your email address will not be published. Required fields are marked *