YaeYone

ရေယုန်အတွက် မြန်မာတိုင်းရင်းဆေးနည်းများ

ရေယုန်အတွက် မြန်မာတိုင်းရင်းဆေးနည်းများ

ရေယုန်ဆိုတာပိုးဝင်တဲ့ရောဂါတစ်မျိူးပါ။ပိုးတစ်မျိူးပေါ့။အပူများလွန်းလျင်လည်းပေါက်တတ်တယ်။အဖျားကြီးတတ်တယ်။
ရေထိရင်ပိုပွားလွယ်တယ်။သိုပေမယ့်ရေမချိူးရင် ကိုယ်ပူပြီး အဖျားပိုကြီးမယ်။ရေချိူးချိန်ရေမထိအောင်ဂွမ်းနဲ့ တိပ်နဲ့လုံအောင်ကပ်ချိူးပါ။အရေပြားနှင့်အာရုံကြောကိုထိခိုက်စေတယ်။

မြန်မာ့ဆေးမြီးတိုနဲ့ဘယ်လိုကုသမလည်း စုစည်းတင်ပြပေးမယ် – ကန်စွန်းရိုးအနီအရည် ညစ်လိမ်း။ ကျွန်းသားမီးရိူ့ မီးသွေးခဲနှင့် လူနို့ရည်သွေးလူး။ ကင်းမုံရွက် အရည်လူး။ ရဲယိုသီးအမြစ်သွေးလူး။ ငုဝါရွက် ထောင်းလူး။ ပူစီနံရွက်အရည်ထောင်းလူး။ ရေသဖန်ပင် အစေးလူး။ ဒန်းနီရွက် ပြုချအုန်းဆီနဲ့လူး။ ဂွေးတောက်ရွက်မီးကင်အရည်လူး။ ကြိတ်မှန်ရွက်အရည်နှင့်နနွင်းရောလူး။ ကြောင်ပန်းရွက်အရည်လူး။ လေးညုင်းသွေးလူး။ ကုက္ကိုရွက်နှင့် ဘိစပ်ရွက်ထောင်းအရည်လူး။ ကွမ်းရွက်အရည်လူး။ ကုက္ကိုခေါက်အားထောပတ်နှင့်ရောလူး။ သံပုရာရည်နှင့်ပျားရည်ရောလူး။မိမိအဆင်ပြေရာဆေးနည်းပြုလုပ်နိုင်အောင်တင်ပြပေးလိုက်ပါသည်။

Credit – Daw Khin San Yee

Leave a Comment

Your email address will not be published. Required fields are marked *