YinTharAhKyate

ရင်သားအကျိတ်၊ လည်ပင်းအကျိတ်၊ အဆီကျိတ်၊ ကိုယ်ခန္ဓာအနှံ့အပြားတွင် ပေါက်တတ်သော အကျိတ်အဖု အားလုံးအတွက် တပင်တိုင်မြနန်း

ရင်သားအကျိတ်၊ လည်ပင်းအကျိတ်၊ အဆီကျိတ်၊ ကိုယ်ခန္ဓာအနှံ့အပြားတွင် ပေါက်တတ်သော အကျိတ်အဖု အားလုံး
အတွက် တပင်တိုင်မြနန်း

(၁) အရွက်၊ ပင်စည်နှင့် ဥများကို စားဆေးအဖြစ် အသုံးပြုနိုင်သကဲ့သို့ လိမ်းဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
(၂) တပင်တိုင်မြနန်းပင် အဖြူ-အနီ-အနက်ရောင် အမျိူးအစားအားလုံးရဲ့ အမြစ်ဥတွေက မြစ်ပွားနာအပါအဝင် အဖု၊ အကျိတ်၊ အနာများအား သွေးလိမ်းရုံဖြင့် ပျောက်ကင်းစေပါတယ်။ (သို့မဟုတ်) အဖု၊ အကျိတ်၊ အနာများပေါ်တွင် အရွက်ကို အစိမ်းလိုက်ချေ၍ အုံကပ်ထားခြင်းဖြင့်လည်း သက်သာပျောက်ကင်းစေပါတယ်။
(၃) မြေအောက်မြစ်လျှောက် ပင်စည်ပွားဖြစ်တာကြောင့် ကင်ဆာကဲ့သို့ အမြစ်တွယ်သော ရောဂါများကို နိုင်ပါတယ်။ တပင်တိုင်မြနန်းပင်အနီနှင့် အနက်ရောင်များက ပိုမိုအာနိသင်ထက်မြက်ပြီး ကင်ဆာအကြိတ်ဖြစ်ခါစ(ကင်ဆာမပွင့်ခင်)ရင်သား၊ သားအိမ်၊ အဆုတ်၊ ဆီး အိမ်ကင်ဆာ အမျိုးမျိုးတို့ကို ထိထိရောက်ရောက် ပျောက်ကင်းစေနိုင်ပါတယ်။ အရေပြား ကင်ဆာ အဆင့်(၄)ကိုပင် ပျောက်ကင်းစေခဲ့ကြောင်း သာဓကများ ရှိကြပါတယ်။
(၄) ၂၀၀၄-၂၀၀၆ ကာလများတွင် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မအူပင်အထွေထွေဆေးရုံမှာ သိပ္ပံဆေးပညာနည်းအရ အမျိုးသမီး ကင်ဆာရောဂါများအတွက် တပင်တိုင်မြနန်းအပင်ဖြင့် ဆေးဝါးဖော်စပ်ထားတဲ့ Biocrush ဆေးကျွေး၍ ၃-လကြာတဲ့အခါ လူနာများရဲ့ ကိုယ်အလေချိန် အတက်အကျ၊ အထွေထွေ ကျန်းမာရေးအခြေအနေ၊ သားဖွားနှင့်မီးယပ် စစ်ဆေးမှု၊ultrasound ရိုက်ခြင်း၊ scan ဖတ်ခြင်း၊ အသည်း အခြေအနေ၊ ဆီးထဲမှာ သွေးပါရှိမှုအခြေအနေ၊ electrolytes ရိုက်ကြည့်ခြင်း…စတဲ့ နည်းတွေဖြင့် ရောဂါအခြေအနေ အဆင့်အလိုက် ဆေးစစ်မှုပြုလုပ်ခဲ့ပါတယ်။ အဖြေထွက်ရှိမှု ရလာဘ်ကတော့၊ ဤ ၃-လတာကာလအတွင်း ဝေဒနာသည်များ တစ်ဦး တစ်ယောက်မျှ အသက်မသေဆုံးကြပါဘူး။ ကျန်းမာရေးလည်း သိသိသာသာတိုးတက် ကောင်းမွန်လာတာတဲ့အပြင်၊ စိတ်ချရတဲ့ အခြေအနေမှာ ရှိတာကြောင့် မိမိတို့ဌာနေ ရပ်ရွာများသို့ပြန်၍ မိသားစုနဲ့အတူ လယ်တောထဲဆင်းကာ ပဲစိုက်ပျိုးရေးလုပ်ငန်းတွေကို ကူညီလုပ်နိုင်လာပါကြောင်း မှတ်တမ်းများအရ သိရှိရပါတယ်။
(၅) မြန်မာ့တိုင်းရင်းဆေးနည်း ကုထုံးဖြင့် အမျိုးသမီးရောဂါ သားအိမ်ကင်ဆာရောဂါများအတွက် တပင်တိုင်မြနန်းဥကို သွေး၍ ရေအေးဖြင့်သောက်ခြင်း၊ တပင်တိုင်မြနန်း အမြစ်ဥကို ဆန်ဆေးရည်ဖြင့် သွေး၍ ဆီးခုံပေါ် လိမ်းပေးခြင်းဖြင့် ကုသခဲ့ရာ ရောဂါများ ပျောက်ကင်းသွားပြီး အသက်ချမ်းသာရာရတဲ့ သာဓကများရှိပါတယ်။
(၆) အစာအိမ်ရောဂါများအတွက် တပင်တိုင်မြန်းပင် အမြစ်ဥ ၅-ကျပ်သားခန့် ကို အမှုန့်ပြုလုပ်၍ ပျားရည်ဖြင့် အလုံး အရေအတွက် ၅၀ တိတိ အလုံးကလေးတွေ ပြုလုပ်ပါ။ တစ်နေ့ တစ်လုံး မှန်မှန်စားပေးခြင်းဖြင့် အစာအိမ်နာကို ပျောက်ကင်းစေနိုင်ပါတယ်။
(၇) အနာမြန်မြန်ကျက်ပြီး အသားနုတက်စေဖို့အတွက် အရွက်ကို အနာပေါ်တင်၍ကပ်ထားပေးပါ။
(၈) တပင်တိုင်မြနန်းပင် အမြစ်ဥ ၅-ကျပ်သား အား အမှုန့်ပြုလုပ်၍၊ ရှားစောင်းလက်ပပ် ၂၅-ကျပ်သား၊ ထန်းလျက် ၁၀-သားနှင့် ရေ ၂၅-ကျပ်သားခန့် ထည့်၍ ပျစ်အောင်ကျိုပါ။ လက်ဖက်ရည်ဇွန်းကြီး တစ်ဇွန်းပမာဏကို၊ တစ်နေ့ တစ်ကြိမ်ကျနှုန်းဖြင့် တစ်လတိတိ သောက်ပေးခြင်းဖြင့် သားအိမ်တွင်း အလုံးအကြိတ်များ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၉) တပင်တိုင်မြနန်းဥ အမှုန့်၁၀-ကျပ်သား၊ ပျားရည် ၁၀-သား၊ ထောပတ် ၅-ကျပ်သားတို့ကို ရောမွှေပါ။ ထိုအရောအနှောများကို အသက်ရှည် အားတိုးဆေးအဖြစ် တစ်နေ့လျှင် လက်ဖက်ရည်ဇွန်းသေး တစ်ဇွန်းခန့်သောက်ပေးနိုင်ပါတယ်။
(၁၀) တပင်တိုင်မြနန်းဥ အမှုန့် ၅-ကျပ်သား၊ ထန်းလျက် ၁၀-ကျပ်သား၊ မန်ကျည်းသီးမှည့် အနှစ် ၅-ကျပ်သားအား ရောကျိုပြီး တစ်နေ့ လက်ဖက်ရည်ဇွန်းသေး တစ်ဇွန်း သောက်သုံးပေးခြင်းဖြင့် သွေးမသန့်ခြင်းနှင့် အမျိုးသမီးများ မီးယပ်ရောဂါအမျိုးမျိုးတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။
(၁၁) ဝက်ခြံ၊ မီးလောင်နာ၊ အဆီကျိတ်၊ ရိုးရိုးအဖုအကျိတ်များ၊ အတွင်း/အပြင် လိပ်ခေါင်း၊ ဂရင်ဂျီနာ၊ ရင်သားအကျိတ်၊ လည်ပင်းအကျိတ်၊ ကိုယ်ခန္ဓာအနှံ့အပြားတွင် ပေါက်တတ်သော အကျိတ်အဖု၊ အနာစို၊ အနာဆွေး၊ မြုံနေသော အနာများ(အားလုံး)အတွက် တပင်တိုင်မြနန်းပင် အမြစ်ဥကို ရေစင်စင်ဆေး၍ ဆန်ဆေးရည်ဖြင့် သွေးလိမ်းအုံပေးခြင်းဖြင့် အမြန်ဆုံးပျောက်ကင်းစေပါတယ် (သို့မဟုတ်) အမြစ်ဥကို ရေအေးနှင့် သွေး၍လည်း သောက်နိုင်ပါတယ်။
(၁၂) မိန်းမကိုယ်ရှိ ကူးစက်ရောဂါ အဖုအပိမ့်များအတွက် တပင်တိုင်မြနန်းပင် အနက်ရောင်ရဲ့ အမြစ်ဥကို သွေးလိမ်းပေးခြင်းဖြင့် ဒိဌ ပျောက်ကင်းစေပါတယ်။
(၁၃) ရှေးနှစ်ပေါင်း ထောင်ကျော်ကတည်းကစ၍ အိန္ဒိယနိုင်ငံတွင် အရိုးကျိုးခြင်း၊ အက်ခြင်း နှင့် အရေပြားကွဲရှခြင်းတို့အတွက် ဆေးမြီးတိုအဖြစ် တပင်တိုင်မြနန်းအရွက်ကို ထောင်းထု၍ ကြက်ဥအကာဖြင့်ရောနယ်ကာ လိမ်းကျံလေ့ရှိပါတယ်။
(၁၄) အရက်မသောက်ရလျှင် မနေနိုင်သော သူများအတွက် ဆေးစွမ်းတစ်လက်လေးပါ။ တပင်တိုင်မြနန်းဥ(အစို) ၅-ကျပ်သားကို ခပ် ပါးပါးလှီးက ဌက်ပျောဖူးပုလင်း တပိုင့်ခန့်ရသည်အထိ အပူပေးကျို၍၊ ဖန်ပုလင်းထဲမှာ ကဇော်ပေါက်အောင် ၃-ရက်ခန့် သိပ်ထားပြီး သောက်ပါ။ (ထိုအရည်က အရက်၏ အရသာအနံ့များနှင့်ဆင်တူတာကြောင့် အရက်အဖြစ်အစားထိုးသောက်လို့ရတာကြောင့် နောက်ဆုံးမှာ အရက်ပြတ်စေပါတယ်) အကယ်၍ တပင်တိုင်မြနန်းဥ (အခြောက်)သာ ရရှိပါကလည်း အရက်အရသာ လောက်မပြင်းသော်ငြား အရက်ဇိုးသမား များအတွက် အရက်ပြတ်စေဖို့ အထောက်အပံ့ ပေးနိုင်ပါတယ်။

မှတ်ချက် – အရွက်ကို စားရာတွင်လည်းကောင်း၊ အမြစ်ဥကိုသွေးလိမ်းရာတွင်လည်းကောင်း၊ အနည်းငယ်ယားယံသော ခံစားမှုကို နာရီ အနည်းငယ် ( ၁ နာရီ မှ ၃ နာရီ) ကြာသည်အထိ ခံစားရနိုင်ပါတယ်။ သို့သော် ထိုခဏတာကာလအကြာမှာ အခိုးများပွင့်လာပြီး ယားယံမှုတွေ သူ့ အလိုလို ပျောက်ကင်းသွားပါလိမ့်မယ်။ စိတ်ပူရန်မလိုပါ။ (သို့မဟုတ်ပါက) သွေးယားယံပျောက်ဆေး တမျိုးမျိုးဖြင့် တွဲသောက်သုံးပေးပါ။

သတိပြုရန် – တပင်တိုင်မြနန်းအပင်မှာ အပူဓာတ် ပါရှိတာ ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့တိုက်မိခင်များ၊

အသက် ၂-နှစ်အောက် ကလေး ငယ်များ၊ သွေးမခဲဆေးဝါးကုထုံးဖြင့် ကုသမှုခံယူနေရသော လူနာများက တပင်တိုင်မြနန်း သုံးစွဲမှုကို (အထူး) ရှောင်ရှားသင့်ပါတယ်။

Credit – ပေါက်ပေါက်

Leave a Comment

Your email address will not be published. Required fields are marked *