ThaPyaeSae

ရင်သားကင်ဆာ ဝေဒနာအတွက် သပြေသီး

ရင်သားကင်ဆာ ဝေဒနာအတွက် သပြေသီး

ဝမ်းတွင်းသို့ ရွှေမှုန့်၊ ကြေးမှုန့်၊ သံမှုန့်၊ မြေဖြူ မှုန့်၊ မြေကြီးမှုန့်၊ ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်ခြင်း ထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။

၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့် (၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား(၇)ရက်မှ ပြုလုပ်ပြီး (၇)ရက်ပြည့်လျှင် မန်ကျည်းဖျော်ရည် သောက်ပေးရသည်။ဝမ်းတွင်းရှိ အမှုန့် အမွှားများ ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူပါသွားတော့သည်။

၂။ သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ်တစ်နေ့ ကော်ဖီ ဇွန်း(၁)ဇွန်း (၁)လတိတိ စားပြီးဝမ်းနှုတ်ပေး၍လည်း မ လိုလားအပ်သော အမှုန့်များဆံပင်ချည်ထွေးများ ကျစေ ပါသည်။ ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသောနည်း ဖြစ်ပါသည်။ ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍ဆေးအမျိုးမျိုး သောက်သော်လည်း မပျောက်ကင်းနိုင်ခဲ့ပါ။

နောက်ဆုံးသပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေးနှင့်အတူ ဆံပင်ထွေးများကျသွားသည်ဟု ဆိုပါသည်။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ ရသောဆေးနည်း ဖြစ်သည်ဟု ဆို ပါသည်။

သပြေသီး

၂၀၀၇ ခုနှစ်က အိန္ဒိယနိုင်ငံထုတ် ဆေးပညာ ဂျာနယ်တွင်သပြေသီးမှည့်သည် ရင်သားကင်ဆာ မဖြစ်ပွားစေအောင်ကာကွယ်ပေးနိုင်သည့်အပြင်,ရင်သားကင်ဆာ ဝေဒနာရှင်တို့သပြေသီး စားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များ မပြန့်ပွားအောင်ထိန်းထားနိုင်သည်ဟု ဆိုပါသည်။

၂၀၀၉ ခုနှစ်တွင်လည်း အမေရီကန်ပြည်ထောင်စုဆေးဝါးတက္ကသိုလ်မှ သပြေသီးသည် ရင်သားကင်ဆာမဖြစ်ပွားအောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ကြောင်းအဖြေထွက်ရှိပါသည်။

ဦးရေပြားဗောက်ထခြင်း

သပြေသီး သတ္တုရည်ကို လိမ်းပေးပါကဗောက်ထ ဦးရေပြားမှိုစွဲခြင်းရောဂါ ပျောက်ကင်းစေသည်။ ဆီးလွန်ရောဂါနှင့်သပြေသီး သပြေသီးတွင် ချိုဖန်သော အရသာရှိသည်။သပြေသီးချိန်တွင် သပြေသီးမှည့်ကို စားပေးခြင်း သပြေခေါက်ကို အမှုန့်ပြုပြီး နေ့စဉ် က်ဖက်စား ဇွန်း(၁)ဇွန်းနံက်ည စားပေးခြင်းဖြင့်လည်း ဆီးလွန်ရောဂါကိုသက်သာ ပျောက်ကင်းစေပါသည်။

သပြေစေ့

ဆီးချိုရောဂါအတွက်အပင်တွင် ဆေးစွမ်းအကြီးဆုံးကသပြေသီးမှည့်၏ အစေ့ဖြစ်ပါသည်။ ထိုအစေ့ကို စနစ်တကျ အခြောက်လှန်း အမှုန့်ပြုပြီးနေ့စဉ် လက်ဖက်စားဇွန်း(၁)ဇွန်းနှုန်း နံက်ည သောက်ပေးပါကဆီးချို တကယ်ပျောက်သည် ဆိုပါသည်။

အိန္ဒိယ ဆေးကျမ်းများတွင်သပြေရွက်ပြုတ်ရည်ကို အသည်းအားဆေးအဖြစ်တိုက်ကျွေးသည့်အပြင်၊ မှတ်၊ ခြင်းတို့ မကိုက်စေရန်သပြေရွက်ကို ကိုယ်ခန္ဓာတွင် ပွတ်တိုက် လိမ်းကျံကြသည်။ သပြေပင်နှင့်ပတ်သက်သော.များစွာသော ဆေးအသုံးတို့ ရှိနေပါသေးသည်။အစာမကြေသူများကိုယ်ဝန်ဆောင်သူများနှင့် မတည့်ပါ။ ဆေးဖက်ဝင်သည် ဆိုသော်လည်း လွန်လွန်ကျွံကျွံ မစားသုံးသင့်ပါ။

Credit
အားလုံး အနာရောဂါကင်း၍ ကျန်းမာ ချမ်းသာပါစေ
မေတ္တာဖြင့်

Leave a Comment

Your email address will not be published. Required fields are marked *