မြန်မာ့ ရိုးရာ သဘာ၀ တင်းတိပ် ပျောက်ဆေး
တင်းတိပ်ဆိုတာ မျက်နှာ အသားကို နေပူလောင် တာ၊ မီးပူမိတာက စတာပါ မီးအပူနဲ့ ချက်ရ ၊ ပြုတ်ရတာတွေလည်းပါတာပေါ့။ သုံးရမှာက အိမ်မှာ ငွေလည်းမကုန် ၊ လွယ်လွယ်နဲ့ ရတဲ့ မီးဖိုချောင်ထဲက မြန်မာ့ တိုင်းရင်းဆေး ပစ္စည်း မကျည်းသီးမှည့် ပါဘဲ။
ကျွန်တော် အဲဒီနည်းကို အမကြီးတွေ ၊ ညီမတွေကို ပေးပြီး စမ်းသပ် ခိုင်းတာ ဆယ်ရက် – ဆယ်ငါးရက်အတွင်း သိသိ သာသာ ပျောက်သွား တာတွေကိုမျက်မြင် တွေ့ရလို့ မျှဝေပေးတာပါ။
ဆေးနည်း
၁။ မကျည်းသီးမှည့် နည်းနည်းကို ခွက်တစ်ခုထဲမှာရေ နဲနဲထည့်ပြီး ပုံထဲက အတိုင်း မပျစ် မကျဲလေး ဖျော် ထားပါ။
၂။ အဲဒီ မကျည်းမှည့် ဖျော်ရည်ကို မနက်အိပ်ရာထ မျက်နှာသစ်ပြီး မျက်နှာ မှာ လိမ်းထားလိုက်ပါ။
(စ လိမ်းခါစမှာ စပ်ဖျင်းဖျင်းကလေး မျက်နှာမှာ ဖြစ်နေပြီး အေးအေးလေးနဲ့ မျက်နှာ တင်းတင်းလေးရှိနေမှာပါ။ အပြင်သွားခါနီး၊အလုပ်သွားခါနီး မှ အဲဒီမန်ကျည်းမှည့်လိမ်းထားတာကို ရေနဲ့ မျက်နှာသစ်ပြီးဖျက်ပြီး သနပ်ခါး ၊ မိတ်ကပ် လိမ်းချင်ရာ လိမ်းပြီးသွားပေါ့ ။)
၃။ ည အိပ်ရာ ၀င်ခါနီး မျက်နှာသစ်ပြီး အဲဒီ မန်ကျည်းမှည့် ဖျော်ရည်ကို မျက်နှာမှာ ပါးပါးလေး လိမ်းပြီး အိပ်လိုက်ပါ။
အနဲဆုံး တစ်နေ့ နှစ်ကြိမ်လောက် လိမ်းပေးရင်ကို ရပါတယ်။ ဆယ်ရက် ၊ ဆယ့်ငါးရက်လောက် လိမ်းကြည့်ရင်ကို သိသာလာမှာပါ ။အန္တရာယ် မရှိတဲ့ မြန်မာ့ တိုင်းရင်းဆေး နည်းနဲ့ သဘာ၀အတိုင်း မျက်နှာလေး တင်းပြီး နုချောလာတာကို တွေ့ရမှာပါလို့ လက်တွေ့ စမ်းသပ်ခဲ့ပြီး ပြောလိုက်ပါရစေ…။
အမျိုးသမီးများ လှနှိုင်ကြပါစေ…။
ကိုးကား
၁။ မကွေး၀င်းမြင့် ( တိုင်းရင်းဆေးပညာရှင် )
၂။ ကိုယ့်မိသားစု၀င်များ ၊ နီးစပ်ရာ အစ်မကြီး များအား လက်တွေ့ စမ်းသပ် လေ့လာ ပျောက်ကင်းသွားမှုများကြောင့် ဖရန်းများအား မျှဝေပေးလိုက်ပါတယ်။
Credit