MyatMhan

မျက်မှန်တပ်ထားရသူများ လက်တွေ့ပျောက်ဆေးနည်း

မျက်မှန်တပ်ထားရသူများ လက်တွေ့ပျောက်ဆေးနည်း

ဦးဝိနယလည်းသုံးစွဲဘို့ဆုံးဖြတ်လိုက်ပြီ

အသက်(၃၀)ကျော်မှပဲ မျက်စိမကြည်။ မှုန်ဝါးဝါးမို့ ဆရာဝန်ပြကြည့်တော့ အနီးကြည့် ပါဝါ (+၁၅၀)ဒီဂရီ မျက်မှန်တပ်ခဲ့ရသည်။ အခုအသက်(၄၀)ကျော်မှ မျက်မှန်လွတ်လေတော့ ထူးဆန်းနေသလို အများက ထင်ကြတော့သည်။ ဆေးနည်း အချိုးအစားအတိုင်း လွယ်ကူစွာ ဖေါ်စပ်ရန် ဖြစ်လေသည်။

ဆေးနည်း
(၁) ဆီးဖြူးသီးကို ထုထောင်းပြီး အစေ့ဖယ်၊ နေလှန်း၊ အမှုန့်ပြုလုပ်ရန်။
(၂) ကြိတ်မှန်ရွက်ကိုခူး အရိပ်မှာ အလိုအလျောက် သဘာဝအတိုင်း အခြောက်ခံ အမှုန့်ပြုရန်။
(၃) ကွမ်းရွက်ကို အခြောက်လှန်း အမှုန့်ပြုရန်။
(၄) ပျားရည်စစ်စစ် ထို(၄)မျိုးသာ လိုပါသည်။

ယခုခေတ်ကာလ မျက်မှန်ကောင်းတစ်လက်လုပ်ပါမူ ကာလတန်ဖိုး လေးသောင်းငါးသောင်းမက ကုန်သည်သာ။ နေရာတကာ မျက်မှန်မပါတော့ စိတ်ပျက်ဖွယ် အကန်းကြီးလိုဖြစ်ပြန်သည်။ မျက်မှန်မေ့ကျန်ပါလျှင် ဘာမှမမြင်ရချင်တော့၊ စာဖတ်ဖို့၊ ဖုန်းပွတ်ဖို့ အကုန်ခက်ချေသည်။ မျက်မှန်ပါဝါက အကျမရှိ အတက်သာ။ ထိုမျှမက ပါဝါမကိုက်ပါလျှင် ဇက်ကြောကတက် စိတ်ကပျက်ဖြစ်ရပြန်သည်။

သုံးဆောင်ရန်

(ညအိပ်ပြီဆိုပါလျှင်)
၁။ ဆီးဖြူသီးမှုန့်လက်ဖက် စားဇွန်း(၁)ဇွန်း
၂။ ကြိတ်မှန်ရွက်မှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း
၃။ ကွမ်းရွက်ခြောက်မှုန့်လက်ဖက်စားဇွန်း(၁)ဇွန်း

ထိုဆေးသုံးပါးအား ပျားရည်လက်ဖက်စားဇွန်း(၃)ဇွန်းနှင့်ရောမွေ၍ စားပေးရန်သာ ဖြစ်သည်။ သုံးလသာ ပုံမှန်မပျက် ယုံကြည်ချက်ဖြင့် စားပေးပါ။ မျက်စိကြည်လင်လာပြီး မျက်မှန်လွတ်မှာ သေချာနေပါလိမ့်မည်။ ထိုမျှမက အကျိုးရလဒ်က အညောင်းအညာပါ ပြေလာပါလိမ့်မည်။ ပေးသူကပေးလေပြီ။ မြန်မာတိုင်းရင်းဆေး အစွမ်းအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ဂုဏ်ကိုမြင့်တင်ကြပါစို့။

Credit , ဦးဝိနိယ

ပြန်လည်မျှဝေပါသည်အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့

Leave a Comment

Your email address will not be published. Required fields are marked *